AIM JOY

AIM JOY

Share

AIMJOY,we aim for your joy.Remember us for Solar System products and services.

29/03/2023

🔰မိမိအိမ်နဲ့ကိုက်ညီတဲ့ အင်ဗာတာကို ရွေးချယ်နည်း🔰

ဆိုလာတပ်မယ်ဆိုရင် အရေးကြီးတဲ့နေရာကနေပါဝင်တာကတော့ အင်ဗာတာ ဘဲဖြစ်ပါတယ်။ ဆိုလာမတပ်သေးရင်တောင် မီးပြတ်နေရင် အင်ဗာတာ နဲ့ ဘက်ထရီ တစ်လုံးလောက်ရှိနေရင် အိုကေပါတယ်။

ဒါ့ကြောင့် ကိုယ်သုံးမယ့် ပမာဏပေါ်မူတည်ပြီး ကိုက်ညီတဲ့ အင်ဗာတာအမျိုးအစားကို ရွေးချယ်တတ်ဖို့အရေးကြီးပါတယ်။

အင်ဗာတာ ဆိုတာဘာလဲ❓

အင်ဗာတာဆိုတာ ဘက်ထရီကလာတဲ့ DC ကိုဖြစ်စေ Solar က ထွက်တဲ့ DC ကိုဖြစ်စေ အိမ်သုံးလျှပ်စစ် ပစ္စည်းများအတွက် အသုံးပြုနိုင်တဲ့ AC အဖြစ် ပြောင်းပေးနိုင်တဲ့ ပစ္စည်းတခု ဖြစ်ပါတယ်။ ဆိုလာနဲ့ တွဲသုံးဖို့ အင်ဗာတာဆိုရင် များသောအားဖြင့် Modified Sine Wave Inverter နဲ့ Pure Sine Wave Inverter ဆိုပြီး နှစ်မျိုးရှိပါတယ်။

✅Modified Sine Wave Inverter

Modified Sine Wave Inverter ရဲ့ Output က တကယ့် Sine Wave စစ်စစ် မဟုတ်ပေမယ့် Wave Form လှေခါးထစ်ပုံစံလေးတွေဖြစ်ပြီး Upfront Cost အရ စျေးသက်တာကြောင့် တချို့ Budgeted သမားတွေကတော့ အသုံးပြုကြပါတယ်။ ရေရှည်တွက်ဆိုရင်တော့ အိမ်သုံးလျှပ်စစ်ပစ္စည်းများရဲ့ Life Time တိုစေပါတယ်။ ဒါပေမဲ့ AC Motorized မဟုတ်တဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းများတွက်ဆိုရင်တော့ သုံးနိုင် ပါတယ်။ ဥပမာ
Lightingတို့ ဖုန်းအားသွင်းတာတို့ လျှပ်စစ်ရေနွေးအိုးတည်တာတို့အတွက် အသုံးပြုနိုင်ပါတယ်။

✅Pure Sine Wave Inverter

သူကျတော့ Sine Wave Output ပဲ ထုတ်ပေးတာကြောင့် ကိုယ်က Grid နဲ့လည်း ချိတ်ဆက်ထား တယ်ဆိုရင်တော့ Pure sine wave inverter လိုအပ်မှာ ဖြစ်ပါတယ်။ အားသာချက်ကတော့ တကယ့် Sine wave/AC wave form ကို ထုတ်လုပ်ပေးနိုင်တဲ့အပြင် အနီးစပ်ဆုံး လိုအပ်ကိုက်ညီတဲ့ AC Power ကို ထုတ်ပေးနိုင်တာဖြစ်ပါတယ်။ Upfront Cost အရ Modified sine wave inverter ထက်တော့ စျေးများပေမဲ့ ရေရှည် အတွက် လျှပ်စစ်ပစ္စည်း Life Time လည်း ထိခိုက်မှု မဖြစ်စေချင်ဘူး၊ အသုံးပြုတဲ့ လျှပ်စစ် ပစ္စည်းတွေကလည်း AC motorized ဖြစ်တဲ့ လျှပ်စစ်ပစ္စည်းများ ဖြစ်နေမယ်ဆိုရင်တော့ Pure Sine Wave Inverter ကို သုံးသင့်ပါတယ်။ Newer TV/Fan/refrigerator/microwave/Water Pumps/Laster Printer စသည်တို့တွက် ဆို Pure Sine Wave Inverter ကို အသုံးပြုသင့်ပါတယ်။

ဒါကြောင့်ပိုပြီး ငြိမ်တဲ့ wave တွေထုတ်ပေးပြီး လျှပ်စစ်ပစ္စည်းတွေ ကို မထိခိုက်စေနိုင်တဲ့Pure Sine Wave Inverters တွေကို ရွေးချယ်သင့်ပါတယ်။

စျေးကွက်မှာ နာမည်ရတဲ့ အင်ဗာတာတံဆိပ်တွေဖြစ်တဲ့ Growatt, One Inverter, SAKO…စတဲ့ တံဆိပ်တွေ ကို AIM JOY မှ ဝယ်ယူတပ်ဆင်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါး ပါရစေ။ 🎉

ကိုယ့် system နဲ့ ကိုက်ညီမယ့် budget အရလည်း သင့်တော်မယ့် အင်ဗာတာကို ရွေးချယ်အသုံးပြုနိုင်ဖို့ AIM JOY က ကျွမ်းကျင်တာဝန်ရှိသူတွေက အကြံပေးနိုင်ပါတယ်။

🏠 လိပ်စာ- AIMJOY
Solar Products and Services
66st Between 39*40
Da/9 141&142 Mahaaung Myae,Mandalay

ဖုန်း ☎️ 09780007188 ကို ရုံးချိန် မနက် ၉-ညနေ ၅ နာရီအတွင်း ဆက်သွယ်မေးမြန်နိုင်ပါတယ်။

18/03/2023

☀️ရာသီဥတုဟာ ခုကတည်းက စပြီး ပူအိုက်အိုက်ဖြစ်လာပါပြီ။ မီးကမလာ၊ နေကပူနဲ့ ရှေ့လျှောက် အပူပိုကဲလာမယ့် နွေရာသီကို ဘယ်လိုကျော်ဖြတ်ရမလဲ တွေးနေပြီလား? ☀️

ဒါဆိုရင်တော့ မပူပါနဲ့။ AIM JOY ကတပ်ဆင်ပေးမဲ့ ဆိုလာစနစ်နဲ့ဆို ဒီနှစ်နွေအပူကစ နောက်နှစ်ပေါင်းများစွာထိ မီးပြတ်မှာ၊ ပူအိုက်မှာ၊ မီးမလာတော့ အလုပ်ကမပြီးမှာ စိတ်ပူစရာမလိုတော့ပါဘူး။

နေ့ဘက်မှာ ဆိုလာကနေ လျှပ်စစ်ထုတ်မယ် ဘာမီတာကြေးမှ ပေးစရာမလိုတော့ဘူး။
ညဘက်ဆို ဆိုလာကထုတ်ပေးပြီး ဘက်ထရီမှာ သိမ်းပေးထားတဲ့ လျှပ်စစ်ကို ပြန်သုံးမယ်။
ကဲ ဘယ်လောက်အဆင်ပြေလိုက်လဲ။ လစဉ်ကုန်ကျနေတဲ့ မီတာခ၊ မီးစက်အတွက် သိန်းချီသုံးနေရတဲ့ ဓာတ်ဆီ၊ဒီဇယ်ဆီ စတဲ့ စရိတ်တွေ အားလုံး လျှော့ချနိုင်မယ်။

ဆိုလာတပ်မယ်လို့စဉ်စားလိုက်တာနဲ့ ဆိုလာတစ်ခုတည်းအတွက်ဘဲ တွေးထားလို့မရပါဘူး။ သင့်တော်တဲ့ အင်ဗာတာ၊ ဘက်ထရီ ဒါတွေကိုပါ သေချာ ထည့်တွက်ဖို့လိုပါတယ်။

👷🏻‍♂️ AIM JOY ကို service အပ်လိုက်ပြီဆိုတာနဲ့ ကျွန်တော်တို့ အဖွဲ့သားတွေက ဆိုလာကစပြီး၊ သင့်တော်မယ့် ဘက်ထရီ၊ အင်ဗာတာ အဆုံး one stop service လာရောက် တပ်ဆင်ပေးမှာဗျ။

အင်ဗာတာဆို အကြမ်းခံ ဝန်များများခံနိုင်တဲ့ (low frequency) One Inverter တံဆိတ် တပ်ချင်လား ?
ဒါမှမဟုတ်
ပေါ့ပေါ့ပါးပါး Wifi system တွေပါပြီး မော်ဒန်ဖြစ်တဲ့ hybrid ကိုမှ ကြိုက်နှစ်သတ်ရာ brand မျိုးစုံ တပ်မလား ?

ဘက်ထရီမှာဆိုရင်လည်း ရေရှည် အကြမ်းခံ စျေးကွက်ထဲ နာမည်ကြီး LiFePo4 Lithium အမျိုးအစားဖြစ်တဲ့ CATL, AOKLY စတဲ့ brand တွေ ထဲက သင့်တော်ပြီး ကွာလတီကောင်းတာကိုဘဲ တပ်ဆင်ပေးတာဖြစ်လို့ ယုံကြည်စိတ်ချလိုက်ပါ။

အိမ်သုံး၊ရုံးသုံး ကအစ စက်ရုံ၊လုပ်ငန်းသုံး ဝန်အားများများခံနိုင်တဲ့ ဘက်ထရီ၊အင်ဗာတာ၊ဆိုလာ တွေပါ ရောင်းချ တပ်ဆင်ပေးနေတာမို့ AIM JOY ကို ခုဘဲလာရောက် စုံစမ်းမေးမြန်းကြည့်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။

🏠 လိပ်စာ- AIMJOY
Solar Products and Services
66st Between 39*40
Da/9 141&142 Mahaaung Myae,Mandalay

ထပ်မံ အသေးစိတ်ရှင်းပြစေချင်တော့ ဖုန်း ☎️ 09780007188 ကို ရုံးချိန် မနက် ၉-ညနေ ၅ နာရီအတွင်း ဆက်သွယ်မေးမြန်နိုင်ပါတယ်။

We aim for your joy, AIM JOY!☀️

Photos from AIM JOY's post 22/02/2023

ပြီးစီးခဲ့သော system installation များ …

ရွှေပင်လယ်လှိုင်း ကျောက်မျက်ရတနာဆိုင်မှ

Air Con 1.5 hp 5 လုံး
မီးပွင့်များ
Socket ပေါက်များ

အတွက်

Sako 8KW*1 nos
Catl 24V300Ah*2 nos
Trina 550W*10 nos

ဟုန်ယဉ်အထည်ဆိုင်မှ

1hp*1 nos
1.5Hp*2 nos
Socket များ

အတွက်

One Inverter 1 nos
24V 120Ah 2nos

ကျောက်ဝိုင်းမှ ဆိုင်ခန်းတစ်ခုအတွက် Live လွှင့်ဖို့ရယ် မီးပွင့်ရယ် ပန်ကာများအတွက် socket များအတွက်

One 1.2Kw 1 nos
24V260Ah 1 nos

တို့ကို တပ်ဆင်ပြီးစီးခဲ့ပါတယ်။

မိမိတို့တပ်ဆင် ချင်သော ပုံစံများကို AimJoy Solar products and service နှင့် ဆက်သွယ်တိုင်ပင်ပြီးလည်း အကြံပြုချက်များရယူနိုင်ပါသည်။

AimJoy Solar Products and Service
66th street, Between 39th and 40 th.
Da/9-141&142
09780007188

Want your business to be the top-listed Computer & Electronics Service in Mandalay?
Click here to claim your Sponsored Listing.

Website

Address


Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00