Pyae Phyoe Aung
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pyae Phyoe Aung, Legal Service, Mandalay.
20/02/2023
ဟန်ဆောင်စာချုပ်သမိုင်း
•••••••••••••••••••••••••
မြန်မာနိုင်ငံတွင် မြန်မာလူမျိုးတို့သည် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို ပေါင်နှံရာ၌ အရောင်းအဝယ် စာချုပ်ချုပ်ဆိုတတ်ကြောင်း၊ လွန်ခဲ့သော နှစ် ၁၃ဝ ကျော် ၁၈၈၉ ခုနှစ်တွင် ဆုံးဖြတ်ခဲ့သော ဖိုးရွှေအောင် ပါ ၂ နှင့် ဖိုးတိုဗျား (S.J) 494 (497) အမှုတွင် ညွှန်ပြပါသည်။
၁၈၉၄ ခုနှစ်တွင် ဆုံးဖြတ်သော မအင်လွန်း နှင့် မမယ်လှဗြေ၊ (P.J)85 (87) အမှုတွင် အလားတူ အလေ့ အထ ရှိကြောင်း ဖော်ပြထားသည်ကို တွေ့ရပါသည်။
အထင်ကရ အမှုတစ်မှုမှာ ရန်ကုန်မြို့၊ ထိုစဉ်က ကြည့်မြင်တိုင်ရပ်တွင် မြေပေါင်ရာမှ ပေါ်ပေါက်လာသောအငြင်းပွားမှုကို ပရီဗွီကောင်စီအထိ နှစ်ကြိမ်တိုင်တိုင် တက်၍အရေးဆိုခဲ့ရသော အမှုဖြစ်ပါသည်။မောင်ကျင် နှင့် မရွှေလ ပါ အများ၊ 9 L.B.R.114(P.C) နှင့် အဆိုပါစီရင်ထုံးစာအုပ် စာမျက်နှာ ၁၃၈ မှ ၁၄၂ တွင် ဖော်ပြထားသော အမှုတို့ဖြစ်ပါသည်။
ထိုအယူခံမှုများ ပေါ်ပေါက်စေသောအမှုတစ်မှုကိုတရားရုံးချုပ် မူလဘက်ဌာနတွင် တရားရုံးချုပ် တရားသူကြီးက စစ်ဆေးပြီး ဆုံးဖြတ်ရာ၌ 9 L.B.R. 114 (121) (P.C)တွင် ပစ္စည်းပေါင်နှံရာ၌ အရောင်းအဝယ် စာချုပ်ချုပ်တတ်သည့် မြန်မာတို့၏ အလေ့အထကို အောက်ပါအတိုင်းဖော်ပြထားပါသည်။
"He now endeavours to profit by his fraud or has since determined to try and get the property by taking advantage of the old Burmese custom of taking a sale deed where a mortgage only was contemplated. He cannot profit by this fraud."
အပေါင်ခံသူ ငွေရှင်ကြေးရှင်များဘက်မှ ပစ္စည်းအပေါင်ခံရာ၌ ၎င်းတို့ဆန္ဒအရ အရောင်းအဝယ် စာချုပ်များချုပ်ဆိုခဲ့ကြရသဖြင့် ပေါင်နှံသူက အမှုတွင် အဖြစ်အပျက်အမှန် အပေါင်ကိစ္စကို ဖော်ထုတ်ရာ၌ အခက်အခဲများစွာ တွေ့ကြုံရပါသည်။
ယခုအခါ အပေါင်ခံသူက ပေါင်နှံသူ(ရောင်းသူ)ထံမှကိုယ်စားလှယ်လွှဲစာရယူခြင်း၊ အပေါင်ပစ္စည်းကို လက်ရောက်ရယူခြင်း စသည့် အသားစီးများရယူခဲ့သဖြင့် ဖြစ်ရပ်မှန်ကို ဖော်ထုတ်ရာ၌ ပို၍ပင်ခက်ခဲလှပါသည်။တရားရုံးများတွင် အမှန်တရားကို ဖော်ထုတ်ရာ၌ အခက်အခဲနှင့် ပို၍ ရင်ဆိုင်လာရပါသည်။
မြန်မာအဘိဓာန်တွင် “ ဟန်ဆောင်” ဝေါဟာရကို ပကတိအတိုင်း မဟုတ်သော အမူအရာ၊ အသွင်အပြင် ပေါ်အောင် လုပ်ကြံကြိုးစားသည်၊အယောင်ဆောင်သည်ဟူ၍ ဖွင့်ဆိုပါသည်။
တရားသူကြီးချုပ် ဒေါက်တာမောင်မောင်က ဦးခွေးနှင့် ဦးအေးပါ ၂ 1965 B.LR (C.C ) 1116 (1125) တွင် “ မစစ်မမှန် အယောင်ဆောင်စာချုပ်”ဟု သုံးနှုန်းပါသည်။
မျက်မှောက်ခတ် တရားစီရင်ရေးသမိုင်းတွင် အရောင်းမှတ်ပုံတင်စာချုပ်ကို ဟန်ဆောင်စာချုပ် အဖြစ် အမှန်အတိုင်းဖော်ထုတ်ဆုံးဖြတ် နိုင်သော အမှုများမှာ တရားရေးနယ်ပယ်တွင် အသိများသော ဦးမြတ်ထင်ပါ ၃ နှင့် ဒေါ်ကျင်ယုံပါ ၂ 1964 B.L.R (CC) 250 ဒေါ်မြမေ နှင့် ဒေါ်ကျင်ပါ ၂ 1964 B.L.R (CC )885 ဒေါ်သောင်းချစ် ပါ ၅ နှင့် ဦးထွန်းလှိုင် ပါ ၂ 1965B.L.R (C.C)19 ၊ ဒေါ်တင်အေး နှင့် ဒေါ်စိန်နု၊ 1972 B.L.R (C.C )24 တို့ဖြစ်ပါသည်။
ဦးမြတ်ထင် အမှု၌ ဟန်ဆောင်စာချုပ်ဟု ရည်ညွှန်းဆုံးဖြတ်သော အရောင်းအဝယ်စာချုပ်မျိုးကို ရှီယိုကရန်ဆင်းနှင့် ဆူရာနတ်(သ်)ဆင်း ပါ ၃၊ 1959 B.L.R.(C.C ) 207 အမှုတွင် fictitous ဟု လည်းကောင်း၊ ဒေါ်သောင်းချစ် အမှုတွင် sham document ဟုလည်းကောင်း၊ ပြဆိုပါသည်။
ဦးမြတ်ထင် အမှုတွင် ဟန်ဆောင်စာချုပ်ဟု မြန်မာဘာသာဖြင့် ထုံးဖွဲ့လိုက်ရာမှ အရောင်းအဝယ်စာချုပ်ကို အခြေခံကာ စွဲဆိုသော အမှုများတွင် ဟန်ဆောင်စာချုပ်ဟု တရားပြိုင်ဘက်မှ ဖော်နည်းကားအဖြစ် ချေပလာသည်မှာ ယနေ့တိုင်ဖြစ်ပါသည်။
ဦးမြတ်ထင် အမှုတွင် အချင်းဖြစ်စာချုပ်သည် မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ဖြစ်ပါသည်။ တရားသူကြီးချုပ် ဦးဘိုကြီးက တရားမဒုတိယအယူခံတွင် ဟန်ဆောင်စာချုပ်ဖြစ်ကြောင်း စီရင်ထုံးစာမျက်နှာ ၂၅၄ ဒုတိယအပိုဒ် မှ ၂၅၆ ပထမအပိုဒ်ထိတို့တွင် အကြောင်းပြ ဆုံးဖြတ်ပါသည်။
ဒေါ်မြမေ အမှုတွင်လည်း မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ဆိုပေးခဲ့ရသည့်ကိစ္စဖြစ်ပါသည်။ တရားသူကြီးချုပ် ဦးဘိုကြီးက စီရင်ထုံးစာမျက်နှာ ၈၈၈ မှ ၈၈၉ တွင် ဟန်ဆောင်စာချုပ်ဖြစ်ကြောင်း အောက်ပါအတိုင်း သုံးသပ်ဆုံးဖြတ်ပါသည်။
“မူလရုံး ပညာရှိတွဲဘက် တရားမ တရားသူကြီးချုပ်သည်လည်း၊ အထက်ပါကဲ့သို့ပင် စဉ်းစားကာ သက်သေများကို စစ်ဆေးသုံးသပ် ခဲ့လေသည်။ ထိုသုံးသပ်ချက်အရ ဒေါ်ကျင်ခုခံချေပသကဲ့သို့ အမှန်အားဖြင့် ၎င်းနှင့် ဒေါ်မြမေ အကြားတွင် ပေါင်နှံ၍ ငွေချေးယူခြင်းသာရှိခဲ့ကြောင်း၊ ပြည်စုံသော အထောက်အထားများကိုတွေ့ရှိရပေသည်။ မူလရုံးက အချင်းဖြစ်အိမ်နှင့် ပတ်သက်၍ စုံစမ်းမှုတရပ်ပြုလုပ်ခဲ့ပြီးနောက် ထိုအိမ်ကို ၁၉၅၄ ခုနှစ်တွင်ဆောက်လုပ်ခဲ့ရာ ၂၅ဝဝဝိ ကုန်ကျခဲ့ကြောင်း။ကာလပေါက်ဈေး အရလည်း၊ အနည်းဆုံး ထိုဈေးရှိမည်ဖြစ်ကြောင်းနှင့် ဆုံးဖြတ်ခဲ့လေသည်။ထိုမျှတန်သော အိမ်ကို ငွေ ၁၃,ဝဝဝိ နှင့် ရောင်းရသည်ဆိုလျှင် ယုတ္တိမရှိ၊အကယ်၍ ကာလပေါက်ဈေး ငွေ ၁၃,ဝဝဝိ သာ တန်သည်ဆိုပြန်လည်း ထိုမျှသာ တန်သော အိမ်တစ်လုံးသည် အိမ်လခငွေ ၄၅ဝိ ပေးထိုက်မည်မဟုတ်၊ ထို့ပြင် သက်သေခံအမှတ်“င” အိမ်ငှားစာချုပ် ဟုဆိုသော စာချုပ်ပါပြဌာန်းချက်တို့အရလည်း ဒေါ်ကျင်နှင့် ဒေါ်မြမေတို့သည် အိမ်ငှားနှင့် အိမ်ရှင်ဖြစ်သည်ဆိုသည်ထက်၊ မြီစားနှင့် မြီရှင် ဖြစ်သည်ဆိုခြင်းက ပို၍ယုတ္တိရှိမည်ကို ပေါ်လွင်စေသည်။ ထိုစာချုပ်အရ ဒေါ်ကျင်က လစဉ်ငွေ ၄၅ဝိ ပေးဆောင်ရမည်သာ မကသေး အိမ်ကို ဒေါ်မြမေက ညွှန်ကြားသော အာမခံကုမ္ပဏီတွင် မီးပေါင်ထားသော စရိတ်ကိုဒေါ်ကျင်က ကျခံရမည်၊ နာမည်ကို ဒေါ်မြမေက ခံမည်ဟု ပါရှိပါသည်။ ၎င်းပြင် အိမ်ပြင်ဆင်ပြုပြင်လျှင်လည်း ဒေါ်ကျင်ကပင် ကျခံရမည်၊ မြူနီစီပါယ်နှင့် မြေခွန် များကိုလည်း ဒေါ်ကျင်ကပင် ပြေလည်အောင်ပေးရမည်။စသည်ဖြင့် စည်းကမ်းချမှတ် ထားသည်များမှာလည်း အိမ်ရှင်နှင့် အိမ်ငှားတို့ သဘောတူကြသည့် စည်းကမ်းချက် မျိုးများမဟုတ်ကြပေ။ဦးကိုကိုကြီး(၃)က မြူနီစီပါယ်ခွန်၊မြေခွန်များနှင့် ပတ်သက်၍အိမ်ကို ရောင်းသည့်အချိန်အထိ ပေးဆောင်ရန် ကျန်သောငွေများနှင့်သာ သက်ဆိုင်ပါသည်။ ထို့နောက်ပိုင်းတွင် ဒေါ်ကျင်က ပေးဆောင်ရမည်ဟု သတ်မှတ်ခြင်း မဟုတ်ပါဟု လျှောက်လဲ သည်။ သို့ရာတွင် အမှန်အားဖြင့် ဒေါ်ကျင်ကသာ မြူနီစီပါယ်ခွန်များကို ဆက်လက် ပေးဆောင်လာခဲ့သည်ကို သက်သေခံ အမှတ် “၁”ပြေစာများအရတွေ့ရှိရသည်။ နောက်ဆုံးပြေစာမှာ ၁၉၆၂ ခုနှစ်၊ ပဌမသုံးလပတ် အတွက် ဖြစ်ပေသည်။ အကယ်၍သက်သေခံ အမှတ် “ခ” စာချုပ်သည် အမှန်ပင် အရောင်းအဝယ် စာချုပ် ဖြစ်သည်ဟု ဆိုလျှင် ဤကဲ့သို့ ဒေါ်ကျင်က ဆက်လက်ပေးဆောင်ရန် မဟုတ်ပေ။ ဒေါ်မြမေက မိမိ၏ နာမည်သို့ အိမ်ကိုလွှဲပြောင်းပြီးနောက် ပြေစာများကို မိမိနာမည်နှင့် ထွက်စေအောင်ဆောင်ရွက်ရမည်ဖြစ်ပေသည်။ပေးဆောင်ရန် ငွေများကိုလည်း၎င်းကပင် ပေးဆောင် ပေလိမ့်မည်။သက်သေခံ အမှတ် “ဃ” စာချုပ်အရ ဒေါ်ကျင်သည် တစ်နှစ် အတွင်း အိမ်ကိုပြန်ဝယ် နိုင်သည်ဆိုစေဦး ထိုတနှစ် ကုန်ဆုံးသောအခါ ဒေါ်မြမေသည် အိမ်ကို မိမိ၏ နာမည်ကို ပြောင်းခြင်း မြူနီစီပါယ်ခွန်၊ မြေခွန် စသည့်တို့ကို မိမိကသာ ပေးဆောင်၍မိမိ၏နာမည်နှင့် ပေါက်စေခြင်းတို့ကို ပြုလုပ်မည်ဖြစ်ပေသည်။သက်သေ အစစ်ခံချက်အရဒေါ်မြမေသည် အိမ်နှင့်ပတ်သက်၍ မည်သို့မျှ သိခြင်း၊ ဆောင်ရွက်ခြင်း မပြုခဲ့သည်ကို တွေ့ရသည််။"
ဦးခွေးအမှုတွင် ရွှေ့ပြောင်းနိုင်သော ပစ္စည်းပေါင်နှံရာတွင် အယောင်ဆောင်ချုပ်ဆိုထားသော အရောင်းစာချုပ်ကို တရားသူကြီးချုပ် ဒေါက်တာမောင်မောင်က ဖော်ထုတ်ခဲ့ပါသည်။
သက်သေခံစာချုပ်မှာ အရောင်းအဝယ်ကတိစာချုပ်ဖြစ်သလား၊ သို့မဟုတ် ဒေါ်သောင်းချစ် အမှုတွင် ပြဆိုထားသကဲ့သို့ ပေါင်နှံခြင်းကို ဖုံးကွယ်ထားသောအရောင်း ကတိစာချုပ်ဖြစ်သလားဟူသော အဖြေကို အကြောင်း ခြင်းရာများမှ ထုတ်နုတ်ယူရသည်ဖြစ်ရာ ထိုပြဿနာသည် ဥပဒေ ပြဿနာဖြစ်လာနိုင်ပါသည်။
အဆိုပါအမှုမျိုးတွင် အချင်းဖြစ် သက်သေခံ စာချုပ် သက်သက်ကို မကြည့်ဘဲ ပတ်ဝန်းကျင်အဖြစ် အပျက်တို့နှင့် ညှိနှိုင်းကာ ရောင်းချသူဟု အဆိုရှိသူက အချင်းဖြစ်ပစ္စည်းကို အမှန်တကယ် ရောင်းလိုသော ရည်ရွယ်ချက်ဖြင့် ချုပ်ဆိုခဲ့ခြင်း ဟုတ် မဟုတ် အလေးအနက် ဆင်ခြင်ဆုံးဖြတ် နိုင်ရန် မတင်တင်နှင့် ဒေါ်ကံရှိ၊ 1948 B.L.R, 582 အမှုတွင် လမ်းညွှန်ထားသည့် ဖြစ်ဖွယ်ရာ (ဖြစ်ဟန်) လက္ခဏာ (Balance of probability )ရှိမှုကို ဆင်ခြင်ရမည်ဖြစ်ပါသည်။
မောင်ရွှေလှိုင် P.J .497 ၊တီပီ ပီသာပါမားချစ်တီး 4,L.B.R 266 ၊ ရှီယိုကရန်ဆင်း 1959 B.L.R(H.C).207၊ဦးသိန်းဟန် 1966 B.LR..(C.C), 1111 ၊နိုင်ငံတော်ကူးသန်းရောင်းဝယ်ရေး ဘဏ် 1967 B.L.R,(C.C)701 ၊ဒေါ်သန်းတင် 1981 B.L.R.96 ၊ဦးထွန်းချစ် 2002 B.L.R 347၊ဦးအောင်မင်းကြည် 2002 B.L.R 416၊ဦးခင်မောင်ရီ2007 B.L.R.1၊ ဒေါ်အေးအေး 2012 B.L.R 127 ၊ ဦးညိုဝင်း 2014 B.L.R .95 အမှုတို့ကိုလည်းလေ့လာရမည်ဖြစ်ပါကြောင်းတင်ပြပါသည်။
လူဦးမင်း
၂၀၂၃ခုနှစ်၊ဖေဖော်ဝါရီလ(၁၅)ရက်
ဂရန်မြေဝယ်ယူရာတွင် မှတ်ပုံတင်စာချုပ် ချုပ်ဖို့ ကိစ္စက ဘယ်လိုဆောင်ရွက် ရပါသလဲ။
အဆင့်တွေကတော့များတယ်
၁။ ဂရန်အမည်ပေါက်သူထံက
တိုက်ရိုက်ဝယ်မယ်ဆိုရင်ရောင်းသူ (ဂရန်အမည်ပေါက်သူ)က မြို့တော်ခန်းမမှာသွားပြီး မြေပုံမြေရာဇဝင်ကူးပေးရပါမယ်။
၂။ မြေပုံမြေရာဇဝင်ရပြီဆိုရင် အရောင်းအဝယ်အရပ်ကတိစာချုပ်ကို ချုပ်ဆိုရပါတယ်။
၃။ အရပ်ကတိစာချုပ်ချုပ်ပြီးရင် အရောင်းအဝယ်ပြုလုပ်တဲ့ အိမ်နဲ့ မြေကို ရှေ့ဘက်၊ ဘေးဘက်ဓာတ်ပုံ နှစ်ပုံစီ၊ စုစုပေါင်း လေးပုံနဲ့အတူ အရောင်းအဝယ် က
တိစာချုပ်မိတ္တူ၊ ဝယ်သူရဲ့ နိုင်ငံသား ကတ်ပြားမိတ္တူ၊ အိမ်ထောင်စု စာရင်းမိတ္တူ ခြောက်စုံစီကို ယူသွားပြီး ရန်ကုန်တိုင်းဒေသ ကြီး ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ (အခွန်ဦးစီးဌာန)မွာ အမြတ်ခွန်ပေးဆောင်ဖို့နဲ့ အခွန် တံ ဆိပ်ခေါင်းကပ်ဖို့အတွက် တင်ပြ လျှောက်ထားရပါတယ်။
၄။ သက်ဆိုင်ရာ အခွန်ဦးစီးဌာနက လျှောက်ထားသည့် မြေကွက်ကို ကွင်းဆင်းစစ်ဆေးပါတယ်။ ပြီးတော့မှ အိမ်နှင့်မြေကာလတန်ဖိုး သတ်မှတ် ပေးပါတယ်။
၅။ အိမ်နှင့် မြေကာလတန်ဖိုး သတ်မှတ်သည့် တန်ဖိုးငွေအပေါ် ဝယ်သူ အနေဖြင့် ဝင်ငွေရလမ်းမဖော်ပြနိုင် လျှင်ဖြစ်စေ၊ ဝင်ငွေရလမ်း ဖော်ပြနိုင်သော်လည်း ဝယ်ငွေတန်ဖိုးထက် နည်းနေပါက ယင်းငွေကို နုတ်ပြီး ကျန်ငွေအပေါ်မှာ အိမ်မြေ တန်ဖိုးသတ်မှတ် ၍ အခွန်ငွေထမ်းဆောင်ရပါတယ်။
တစ်ဆက်တည်း အိမ်မြေတန်ဖိုးပေါ် မူတည်ပြီး တံဆိပ်ခေါင်းခွန်စာချုပ်စာတမ်း မှတ်ပုံတင် ချုပ်ဆိုရာမှာ ထမ်းဆောင်ဖို့အတွက် သတ်မှတ်ပေးပါတယ်။
၆။ အဲဒီသတ်မှတ်ပေးထားတဲ့ ကျသင့်သည့် အခွန်ငွေကို မိမိနေထိုင်ရာမြို့နယ် အခွန်ဦးစီးဌာနရုံးနဲ့ မြို့နယ် ဘက်တို့မှာ သွားရောက်ငွေသွင်းရပါတယ်။
မြို့နယ်အခွန်ဦးစီးဌာနက ငွေသွင်းပြီးကြောင်း တိုင်းအခွန်ဦးစီး ဌာနကို အကြောင်းကြားပါတယ်။
တိုင်းအခွန်ဦးစီးမှူးရုံးက ရန်ကုန်မြို့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးကို အရောင်းအဝယ်မှတ်ပုံတင် စာချုပ်ချုပ်ဆိုနိုင်ကြောင်း အကြောင်းကြားစာ ပေးပို့ပါတယ်။
(ဖုန်းဆက်ပြီးလည်းအကြောင်းကြားပါတယ်။ )
၇။ ရန်ကုန်မြို့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ အရောင်းအဝယ်စာချုပ် ချုပ်ဆိုတဲ့အခါ မြေအမည်ပေါက် ရောင်းသူကိုယ်တိုင် ရောင်းသူအဖြစ် လက်မှတ်ရေးထိုးရပါတယ်။
ဝယ်သူနဲ့ သက်သေ နှစ်ဦး၊ လက်မှတ်ရေး ထိုးရတယ်။ စာချုပ်ချုပ်ဆိုပြီးရင်တော့ မှတ်ပုံတင်ကြေးပေးသွင်းရပါတယ်။
၈။ မှတ်ပုံတင် စာချုပ်ချုပ်ဆိုပြီး သုံးပတ်ကြာရင်တော့ မှတ်ပုံတင်အပြီးအပိုင် အရောင်းအဝယ်စာချုပ်ကို ထုတ်ယူလို့ ရပါပြီ
”အရောင်းအဝယ် မှတ်ပုံတင် စာချုပ်နဲ့ ဝယ်သူ့ရဲ့ မှတ်ပုံတင် ကတ်ပြားကိုယူပြီး မြို့တော်ခန်းမကိုသွား လို့ အမည်ပြောင်းလျှောက်ထားရပါတယ်။
မြေယာဌာနက
သတ်မှတ်တဲ့ အမည်ပြောင်းခ၊ သတင်းစာ ကြော် ငြာခတွေ ပေးသွင်းပြီး ကန့်ကွက်သူရှိ မရွိ တစ်ပတ်၊ ၇ ရက် စောင့်ရပါ တယ်။
ကန့်ကွက်သူမရှိရင်တော့ မိမိ ဝယ်ယူထားတဲ့ မြေဂရန်မူရင်းကို သက် ဆိုင်ရာက အမည်ပြောင်းလဲမှတ်သား ပေးသွားမှာ ဖြစ်ပါတယ်
Credi - Yuzanar land
ပြန်လည်ကူးယူဖော်ပြပါသည်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Mandalay