Step Up Academic Solutions

Step Up Academic Solutions

Share

We are here to help you achieve your academic dreams.

14/10/2022

𝐄𝐈𝐅𝐅𝐄𝐋 𝐒𝐂𝐇𝐎𝐋𝐀𝐑𝐒𝐇𝐈𝐏 𝐏𝐑𝐎𝐆𝐑𝐀𝐌 𝐎𝐅 𝐄𝐗𝐂𝐄𝐋𝐋𝐄𝐍𝐂𝐄

ပြင်သစ်မှာ ကျောင်းသွားတက်ချင်တဲ့ Scholarship hunter လေးတွေ အတွက် 𝐒𝐭𝐞𝐩 𝐔𝐩 𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧𝐬 ကနေ ဒီတစ်ခေါက် မှာ တော့ ပြင်သစ် နိုင်ငံ ဥရောပနှင့် နိုင်ငံခြားရေး ဌာနက နှစ်စဥ္ပေးအပ်တဲ့ 𝐄𝐈𝐅𝐅𝐄𝐋 𝐒𝐂𝐇𝐎𝐋𝐀𝐑𝐒𝐇𝐈𝐏 𝐏𝐑𝐎𝐆𝐑𝐀𝐌 𝐎𝐅 𝐄𝐗𝐂𝐄𝐋𝐋𝐄𝐍𝐂𝐄 အကြောင်းကို မိတ်ဆက် ပေးသွားမှာ ဖြစ်ပါတယ်။

🅢🅣🅤🅓🅨 🅛🅔🅥🅔🅛 အနေနဲ့ကတော့

✅ ‌Master Level
✅ ‌Engineering program နဲ့
✅ ‌Joint Doctoral Level (ပြင်သစ်နိုင်ငံနဲ့ အခြား နိုင်ငံ ခြား Partner institution တို့ joint လုပ်ထားတဲ့ PhD program) အစရှိသဖြင့် လျှောက်ထားလို့ ရပါတယ်။

🅢🅣🅤🅓🅨 🅐🅡🅔🅐 အနေနဲ့ ကတော့

Science and Technology အတွက်ဆိုရင်

✅ ‌Biology and Health
✅ ‌Ecological Transition
✅ ‌Mathematics and Digital
✅ ‌Engineering Sciences နဲ့

Humanities and Social Sciences အတွက်ဆိုရင်

✅ ‌History, French language and civilization
✅ ‌Law and political science
✅ ‌Economics and management စတဲ့ ဘာသာရပ်တွေကို ရွေးချယ် လျှောက်ထား နိုင်မှာပဲ ဖြစ် ပါတယ်။

🅢🅒🅗🅞🅛🅐🅡🅢🅗🅘🅟 🅓🅤🅡🅐🅣🅘🅞🅝 ကတော့

➡️ Master Level first year ကနေ စတက် မယ့့် သူအတွက်ဆိုရင် ၂၄ လ စာ
➡️ Master Level second year ကနေ စတက် မယ့့် သူ အတွက်ဆိုရင် ၁၂ လစာ နဲ့
➡️ Engineering degree တက် မယ့့် သူ အတွက်ဆိုရင်တော့ ၃၆ လစာ scholarship ပေးသွားမှာ ဖြစ်ပါတယ်။
➡️ PhD level အတွက်ဆိုရင်တော့ ပြင်သစ် မှာ နေထိုင်တဲ့ ၁၂ လစာ အတွက် ပေးအပ်သွားမှာ ဖြစ်ပါတယ်။

🅢🅒🅗🅞🅛🅐🅡🅢🅗🅘🅟 🅐🅜🅞🅤🅝🅣 အနေနဲ့

💰Master Level အတွက်ဆိုရင် လစဥ္ 1180 euros (နေစားရိတ်၊စားစရိတ်၊ကျန်းမာရေးအာမခံ၊ပြင်တွင်းပြည်ပ ခရီးစိတ် အပါအဝင်) နဲ့ PhD Level အတွက်ဆိုရင် 1700 euros ထောက်ပံ့ ပေးသွားမှာ ဖြစ်ပါတယ်။

‼️
*** အထူးဂရုပြုရမယ့် အချက်အနေနဲ့ကတော့ EIFFEL SCHOLARSHIP က Master ရော PhD Level ရော အတွက် tuition စားရိတ် မပါပါဘူး မိမိဘာသာ စိုက်ရမှာပါ ****

လျှောက်ထား ရမယ့် ပုံစံကတော့

📌 ပထမ အဆင့့် အနေနဲ့

- ‌မိမိနိုင်ငံမှာ ရိှတဲ့ Campus France သို့မဟုတ် French Embassy's Cooperation နဲ့ Cultural Action Department တို့မှာ ဆက်သွယ်စုံစမ်း ပြီး လျှောက်ထားနိုင်ပါတယ်။
- ‌လျှောက်ထားရမယ့် နည်းလမ်း နဲ့ deadline ကိုတော့ မိမိ တက်ရောက် လိုတဲ့ ပြင်သစ်နိုင်ငံမှာ ရှိတဲ့ ကျောင်းရဲ့ internation relations department ကို email ပို့ ပြီးတော့ ဆက်သွယ် မေး မြန်း ရမှာ ဖြစ်ပါတယ်။
- ‌ထို့နောက် မိမိက မိမိတက်ချင်တဲ့ ကျောင်းနဲ့ ဘာသာရပ်ကို သူတို့ ကျောင်းဘက်က ညွှန်းကြားတဲ့ နည်းလမ်းတွေ deadline တွေကို သတိမူ ပြီး လျှောက်ထားရမှာ ဖြစ်ပါတယ်။

📌 ဒုတိယ အဆင့့်အနေနဲ့ကတော့

- မိမိလျှောက်ထားလိုက်တဲ့ ကျောင်းက မိမိ ကို လက်ခံတယ်ဆိုရင် Eiffel Scholarship criteria နဲ့ ပြည့် စုံမယ် ဆိုရင် ကျောင်းဘက်ကနေ တစ်ဆင့့် မိမိရဲ့ application form ကို support လုပ်ပြီး Campus France website ကနေတစ်ဆင့့် submit လုပ်ပေးမှာပဲ ဖြစ်ပါတယ်။

⚠️
***မိမိကိုယ်တိုင် သို့မဟုတ် မိမိကျောင်းက တိုက်ရိုက် submit လုပ်ထားတဲ့ application ကို Eiffel Scholarship ဘက် က "လုံးဝလုံးဝ"လက်ခံမှာ မဟုတ်ပါဘူးနော်။****🙅🙅

လျှောက်ထားရမယ့် 🅣🅘🅜🅔🅛🅘🅝🅔 အနေနဲ့ကတော့

📆 October 3 ရက်နေ့ မှာ application စခေါ်မှာ ဖြစ်ပါတယ်။
📆 Campus France ကနေ့ လျှောက်လွှာ လက်ခံမယ့့် deadline ကတော့ January 10 ရက်နေ့ နောက်ဆုံးဖြစ်ပါတယ်။
📆 April 3 ရက် လောက် မှာတော့ result သိရမှာပဲ ဖြစ်ပါတယ်။

❗️အသက်ကန့့်သတ်ချက်အနေနဲ့ကတော့ Master Level လျှောက်ထားမယ့့် သူအတွက်ဆိုရင် အသက် ၂၅ ထက် မကျော်ရပါဘူး။ ဖွံဖြိုးဆဲ နိုင်ငံ က ဖြစ်ရပါမယ်။
❗️PhD Level အတွက်ဆိုရင် အသက် ၃၀ ထက် ကျော်လို့ မရပါဘူး။ ဖွံဖြိုးဆဲ နိုင်ငံကရော ဖွံဖြိုးပြီး နိုင်ငံကနေပါ လျှောက်ထားလို့ ရပါတယ်။

အောက် မှာဖော်ပြထားတာကတော့ မူရင်း Campus France က Eiffel Scholarship အကြောင်း ရေးထားတဲ့ Link ပါ။
https://www.campusfrance.org/en/call-for-eiffel-applications-2023

scholarship hunter လေးတွေ အားလုံး မိမိ လိုချင် တဲ့ academic dream တွေ အကောင် အထည် ဖော် နိုင်ပါစေ။

ရှေ့ဆက် ပြီး တော့ ပိုလန် အစိုးရက နှစ်စဥ္ ချီးမြင့်တဲ့ scholarship အကြောင်း ကို တင်ပေးသွားမှာ ဖြစ်ပါတယ်။

Please like and follow our page to get notifications about the scholarships.
Please also don't forget to share your friends about this page.
Sharing is caring. ❤️

09/10/2022

𝗙𝗿𝗲𝗲 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 𝗖𝗼𝘂𝗻𝘀𝗲𝗹𝗹𝗶𝗻𝗴 𝗦𝗲𝘀𝘀𝗶𝗼𝗻

Step Up Academic Solutions ကနေ ကြေ ငြာ ခဲ့ တဲ့ အတိုင်း "Free Scholarship Counselling Session" လေးကို နောက်အပတ် သောကြာနေ့မှာ ပြု လုပ်ပေးသွားဖို့
စီစဉ်ထားပါတယျ။

Page ကို ဆက်သွယ်လာတဲ့ scholarship hunter လေးတွေကို Step Up Academic Solutions အဖွဲ့ ဝင် ၂ ဦး ဖြစ်တဲ့ "ဥရောပ အာရှ အမေရိကန် နိုင်ငံရှိ နာမည် ကြီး တက္ကသိုလ်တွေမှာ scholarship ရရှိခဲ့ ဖူးတဲ့ winner တွေ ဖြစ်ကြတဲ့ Sikandar နဲ့ ဖြိုး တို့က counselling ပေးသွားမှာပဲ ဖြစ်ပါတယ်။

Scholarship Counselling Session လေးကို join ဖို့ scholarship hunter လေးတွေ ဘက်က စိတ်အားထက်သန်တဲ့ scholarship ရရှိလိုမှု ကြိုးစားလိုမှုလေး တစ်ခုပဲ လိုပါတယ်နော်။ ၂ နာရီစာ Counselling အတွက် Step Up Academic Solutions page ကို တကယ် ကို
တပြားတချပ်မှ ပေးစရာ မလိုဘဲ လုံးဝ "free" ပါနော်။

မိမိသိရှိချင်တဲ့ scholarship နဲ့ ပတ်သက်တဲ့ အကြောင်း အရာလေးတွေကို မိမိတို့ဘက်ကသေချာလေး ပြင်ဆင်လာခဲ့ ပြီး Counselling Section ၂ နာရီ အတွင်းမှာ မေးမြန်းနိုင်မှာပဲ ဖြစ်ပါတယ်။
တကယ်ကို ရခဲလှတဲ့ အခွင့်အလမ်းလေးမို့ scholarship hunter လေးတွေ အနေနဲ့ ဝမ်းသာ ကြမယ်လို့ ထင်ပါတယ်။

အောက် မှာ ဖော် ပြထားတာကတော့ Join ရမယ့် link လေး ဖြစ်ပါတယ်။ Counselling ပေးမယ့် ဖြိုးက ယခုလက်ရှိ ပြင်သစ်နိုင်ငံ မှာ ဖြစ်တဲ့ အတွက် ကြောင့် ပြင်သစ် အချိန်နဲ့ ပေးထားတာပါ။ Scholarship hunter လေးတွေ ဘက်က မြန်မာ နိုင်ငံ အချိန် နဲ့ join ဖို့ လိုပါမယ်နော်။

Topic: Free Scholarship Counselling Sections
Time: Oct 21, 2022 11:00 AM Paris

Join Zoom Meeting
https://us05web.zoom.us/j/5713224786?pwd=ZENPN1cycXRCU1pmb25LRW01Zkdrdz09

Meeting ID: 571 322 4786
Passcode: ZZ4wSB

အားလုံးပဲ Scholarship နဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတွေ သိရှိဖို့ Step Up Academic Solutions page ကို Like & Follow လုပ်ပေးထားဖို့ မမေ့ပါနဲ့နော်။
Please also don't forget to share your friends about this page.
Sharing is caring. ❤️

07/10/2022

ဥရောပရဲ့ ကျော်ကြားတဲ့ မာစတာပရိုဂရမ် “𝗘𝗿𝗮𝘀𝗺𝘂𝘀 𝗠𝘂𝗻𝗱𝘂𝘀 𝗝𝗼𝗶𝗻𝘁 𝗠𝗮𝘀𝘁𝗲𝗿 𝗗𝗲𝗴𝗿𝗲𝗲 𝗘𝗠𝗝𝗠𝗗 𝟮𝟬𝟮𝟯” ကို ဘယ်လို လျှောက် မလဲ (အပိုင်း ၂)

ပထမအပိုင်းလေး ပြီးသွားပြီး ဆိုတော့ ဒုတိယ ပိုင်းအနေနဲ့ EMJMD Scholarship မှာပါဝင်တဲ့ program တွေ၊လျှောက်ထားရမယ့် website နဲ့၊ လျှောက်ထားပုံ အဆင့့်အဆင့့်တွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

Application Process အဆင့့်ဆင့့်အနေနဲ့ကတော့

- ပထမဆုံး အဆင့့်အနေနဲ့ မိမိ ကြိုက်နှစ်သက်ရာ Program ကို EMJMD online course Catalogue (https://www.eacea.ec.europa.eu/scholarships/emjmd-catalogue_en) ကနေ ရှာဖွေ လျှောက်ထားနိုင်ပါတယ်။ ကြိုက်နှစ်သက်ရာ program အများဆုံး (၃) ခု အထိရွေးချယ် လျှောက်ထားနိုင်ပါတယ်။ Program တစ်ခုစီတိုင်းရဲ့ Website မှာ program coordinator ရဲ့ contacts တွေ ထားပေးထားတာ ဖြစ်တဲ့ အတွက်ကြောင့် မိမိ လျှောက်ထားလိုတဲ့ program နဲ့ ပတ်သက်တာတွေထဲက မရှင်းတာ နားမလည်တာမျိုးတွေ ရှိရင် တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ Program တစ်ခုစီတိုင်းမှာ Website တစ်ခုစီ ရှိပြီးတော့ လျှောက်ထားနိုင်တဲ့ အရည်အချင်းတွေ၊ လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့ လျှောက်ထားရမယ့် ပုံစံတွေ အားလုံူး ကို အသေးစိတ်ရှာဖွေနိုင်ပါတယ်။
လျှောက်ထားရမယ့် process ကလည်း လွယ်ကူ ရိုးရှင်းပါတယ်။
တစ်ခု သတိပြုရမှာကတော့ EMJMD Scholarship မှာပါတဲ့ Program တွေက တစ်နှစ်နဲ့ တစ်နှစ်မတူနိုင်ပါဘူး။ တစ်ခါတစ်လေ ပြီးခဲ့တဲ့နှစ်က မပါတဲ့ Program အသစ်တွေ ထပ်တိုးပါလာနိုင်ပြီး တစ်ခါတစ်လေကျရင်တော့ အရင် နှစ်က ပါတဲ့ Program ထဲက တချို့တစ်လေ ကို ဖြုတ်ပစ်တာမျိုးတွေ ရှိတတ်ပါတယ်။ ဆိုတော့ အထက် မှာဖော်ပြထားတဲ့ website ကို ပုံမှန် check ပြီး သတိပြုဖို့တော့ လိုပါမယ်။

- ဒုတိယ အဆင့့်အနေနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်ထားဖို့လိုပါမယ်။
သိရသလောက်တော့ EMJMD မှာပါတဲ့ program တိုင်း GRE scores တော့ တောင်းလေ့မရှိပါဘူး။ ယေဘုယျတောင်းတတ်တဲ့ documents တွေကတော့
*Transcripts/Degree Certificates
*CV/Resume
*Scholarship essays
*Motivation Letter
*Passport Copy
*Recommendation Letter
*မိမိတက်ချင်တဲ့ program က သတ်မှတ်ထားတဲ့ English scores (IELTS/TOEFL တစ်ခါတစ်လေ Duolingo အမှတ်လက်ခံပါတယ်) စတာတွေ တောင်းတတ်ပါတယ်။
အထက် မှာ ပြောပြထားတဲ့ Documents တွေ ဟာ တစ်သမတ်တည်းမဟုတ်ပါဘူး။ ယေဘုယျအားဖြင့် တောင်းလေ့ရှိတာတွေ ပြောပြထားတာပါ။ တချို့ Program တွေ ဟာ Bachelor တုန်းက ဘယ်လို course တွေ တက်ထားထာ ဖြစ်ရမယ်၊ ဘယ်လောက် သတ်မှတ်ချက် ပြည့်မှီရမယ် စတာတွေ သီးသန့်တောင်းတာမျိုးတွေ ရှိတတ်ပါတယ်။ Program တစ်ခုနဲ့ တစ်ခု တောင်းတဲ့ requirement တွေ၊ document တွေ မတူတာ ဖြစ်တဲ့ အတွက်ကြောင့် မိမိကြိုက်နှစ်သက်ရာ Program ရဲ့ website မှာ eligibility criteria, requirement documents တွေကို အသေးစိတ် သေချာ ဝင်ဖတ်ဖို့ လိုပါမယ်။
နောက်တစ်ချက် အနေနဲ့ မိမိရဲ့ အရင်က Academic and professional background (မိမိလျှောက်ထားလိုတဲ့ program နဲ့ ပတ်သက်လို့ အဲ့ နယ်ပယ်မှာ အတွေ့အကြုံ ရှိမှု စတာတွေကို internship/job/research experience) စတာတွေကနေ ကြည့်တာမျိုးတွေရှိတတ်ပါတယ်။
တစ်ချို့ Program တွေက online ကနေ လျှောက်ရုံပဲ လျှောက်ထားနိုင်ပြီး ရွေးချယ်ခံရနိုင်သလို တစ်ချို့ Program တွေကကျ interview အဆင့်ထိပါ တက်ရတာမျိုးတွေရှိပါတယ်။
တစ်ချို့ program တွေဆိုရင် program တစ်ခုလုံးကိုပဲ ကျောင်းသူ ကျောင်းသား ၁၅ ယောက်ပဲ ရွေးချယ်တာဖြစ်ပြီး တစ်နိုင်ငံမှ ကျောင်းသားအများဆုံး ၂ယောက်လောက်ထိပဲ ရွေးတဲ့ Program တွေ ရှိပါတယ်။ နိုင်ငံတကာက အရမ်းတော်တဲ့ ကျောင်းသူကျောင်းသားတွေနဲ့ အတူ ယှဥ္ပြိုင်လျှောက်ထားရတာဖြစ်လို့ EMJMD Scholarship ဟာဆိုရင် အရမ်း competitive ဖြစ်ပါတယ်။
- နောက်ဆုံး အချက်အနေနဲ့ကတော့ အောက ်မှာလင့့်မှာ သွားရောက် လျှောက်ထားနိုင်ပါတယ်။ https://www.eacea.ec.europa.eu/scholarships/erasmus-mundus-catalogue_en

အခုဆိုရင် EMJMD Scharship အကြောင်းကို အတော်လေး ပြည့်ပြည့်စုံစုံသိသွားကြပြီမို့ မိမိနှစ်သက်ရာ program တွေကို အပေါ်မှာဖော်ပြခဲ့တဲ့ website မှာ အသေးစိတ်ဖတ်ကြည့်ပြီး လိုအပ်တဲ့ စာရွက်စာတမ်းတွေ ကြိုတင် ပြင်ဆင်ထားလို့ ရနေပါပြီ။ တစ်ကယ်လို့
နားမလည်တာ များရှိရင် Step Up Academic Solutions page မှာ လာရောက် မေးမြန်းလို့ ရပါတယ်။
အားလုံးပဲ EMJMD Scholarship လေး ရရှိကြပါစေ။

သိပ်မကြာခင်မှာပဲ EMJMD Scholarship ထဲက program တစ်ခု ဖြစ်တဲ့ PANGEA program scholarship winner တစ်ယောက်ရဲ့ scholarship sharing video လေးကို Step Up Academic Solutions page ကနေ တင်ပေးသွားမှာ ဖြစ်ပါတယ်။ အားလုံးပဲ စောင့်မျှော် ကြည့်ပေး ကြပါဦးနော်။

Please don't forget to like and follow our page to get notifications about the scholarships.
Please share your friends about this page.
Sharing is caring. ❤️

07/10/2022

ဥရောပရဲ့ ကျော်ကြားတဲ့ မာစတာပရိုဂရမ် “𝗘𝗿𝗮𝘀𝗺𝘂𝘀 𝗠𝘂𝗻𝗱𝘂𝘀 𝗝𝗼𝗶𝗻𝘁 𝗠𝗮𝘀𝘁𝗲𝗿 𝗗𝗲𝗴𝗿𝗲𝗲 𝗘𝗠𝗝𝗠𝗗 𝟮𝟬𝟮𝟯” ကို ဘယ်လို လျှောက် မလဲ (အပိုင်း ၁)

"၂နှစ်" ဆိုတဲ့ အချိန်အတော အတွင်း မှာ "ဥရောပ ၂ နိုင်ငံ
၃ နိုင်ငံ" လောက ်မှာရှိတဲ့ နာမည်ကြီး တက္ကသိုလ်တွေ တစ်ခုစီမှာ ကျောင်းလှည့်ပတ် တက်ပြီးတော့ နိုင်ငံတကာ အဆင့့်မှီတဲ့ ဘွဲ့လွန် diploma ၂ ခု ၃ခုလောက် ယူလို့ ရမယ်၊ မိမိဘက်ကလည်း ပိုက်ဆံ တပြားမှ စိုက်စရာ မလို၊ ပညာရေးအထောက်အပံ့အပြည့်အဝလည်း ရမယ် ဆိုရင် ဘွဲ့လွန်ပညာရေးမျှော်မှန်းထားတဲ့ ကျောင်းသားကျောင်းသူတိုင်းအတိုင်းမသိဝမ်းသာကြလိမ့်မယ်လို့ထင်ပါတယ္။

ဒီနေ့မှာ 𝗦𝘁𝗲𝗽 𝗨𝗽 𝗔𝗰𝗮𝗱𝗲𝗺𝗶𝗰 𝗦𝗼𝗹𝘂𝘁𝗶𝗼𝗻𝘀 ကနေ
ဥရောပရဲ့ ကျော်ကြားတဲ့ မာစတာပရိုဂရမ် “𝗘𝗿𝗮𝘀𝗺𝘂𝘀 𝗠𝘂𝗻𝗱𝘂𝘀 𝗝𝗼𝗶𝗻𝘁 𝗠𝗮𝘀𝘁𝗲𝗿 𝗗𝗲𝗴𝗿𝗲𝗲 𝗘𝗠𝗝𝗠𝗗 ” ဆိုတာ
ဘာလဲ
- ဘယ်မေဂျာတွေ လျှောက်လို့ရတာလဲ
- ဘယ်တက္ကသိုလ်တွေမှာ တက်ခွင့်ရမှာလဲ
- ဥရောပရဲ့ဘယ်နိုင်ငံတွေမှာ ကျောင်းသွားရမှာလဲ
- ဘယ်လိုတွေ လျှောက်ရမှာလဲ စတာတွေ ကို အသေးစိတ် sharing လုပ်ပေးသွားမှာ ဖြစ်ပါတယ်။
လျှောက် ဖို့ စိတ်ဝင်စားတယ် ဆိုရင်တော့ အောက် မှာ ဖော်ပြထားတဲ့ အသေးစိတ် အချက်အလက်လေးတွေကို သေချာဖတ်ပေးဖို့ လိုပါမယ်။

"𝗘𝗿𝗮𝘀𝗺𝘂𝘀 𝗠𝘂𝗻𝗱𝘂𝘀 𝗝𝗼𝗶𝗻𝘁 𝗠𝗮𝘀𝘁𝗲𝗿 𝗗𝗲𝗴𝗿𝗲𝗲 𝗘𝗠𝗝𝗠𝗗" ဆိုတာကတော့ ဥရောပ သမဂ္ဂမှ ထောက်ပံပေးထားတဲ့ ဂုဏ်သတင်းကြီးမားတဲ့ အပြည်ပြည်ဆိုင်ရာ ပညာသင်ကြားမှု ပူးတွဲ မဟာဘွဲ့ အစီအစဥ် ဖြစ်ပါတယ်။ အဆိုပါ ပညာသင်ဆုဟာဆိုရင် ကမ္ဘာအရပ်ရပ်က ကျောင်းသား၊‌ကျောင်းသူ အသီးသီးကို ဥ‌‌ရောပသို့ ဘာသာရပ် နယ်ပယ် အသီးသီးမှာ ပညာသင်ကြားရန်အတွက် နှစ်စဥ်နှစ်တိုင်း ပညာတော်သင်ကြေးအပြည့်အဝ ချီးမြှင့်ထောက်ပံ့ ပေးထားတဲ့ program လေးပဲ ဖြစ်ပါတယ်။
နှစ်စဥ္ EMJMD Course Catalogue က နေ ပြထားတဲ့ Program တွေထဲ က မှ အများဆုံး မိမိ ကြိုက်နှစ်သက်ရာ program ၃ ခု ကို ရွေးချယ် လျှောက်ထားနိုင်မှာ ဖြစ်ပြီး တော့ ECTS 60 ကနေ 120 အထိ (1 နှစ် သို့ 2 နှစ် Master program) ကို ရွေးချယ် လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
ကျောင်းပြီးသွားလို့ ဘွဲ့ရခဲ့မယ်ဆိုရင်လည်း EMJMD Scholarship ဟာ အရမ်းကို နာမည်ကျော်ကြားတဲ့ Program တစ်ခု ဖြစ်တဲ့ အတွက်ကြောင့် PhD ဆက်တက်ချင်တဲ့ ကျောင်းသူကျောင်းသားပဲ ဖြစ်ဖြစ် အလုပ်ရှာချင်တဲ့ ကျောင်းသူကျောင်းသားပဲ ဖြစ် ဖြစ် သူများတွေထက် အခွင့် အလမ်းပို များပြီး ပို လွယ်ကူစေမှာပဲဖြစ်ပါတယ် (Step up Academic Solutions အဖွဲ့ ဝင် တစ်ချို့ဟာဆိုရင် လည်း ဒီ EMJMD Scharship winner တွေ ဖြစ်ခဲ့ကြ ပြီးတော့ ကျောင်းပြီးသွားလို့ ယခု Ireland, Austria, France, Sweden စတဲ့ နိုင်ငံတွေမှာ PhD ဆက်လုပ်နေကြပါတယ်။ member ထဲက တစ်ယောက်ဟာဆိုရင်လည်း Oxford PhD application မှာ interview stage အထိ ဝင်ပါတယ်) EMJMD scholarship winner တစ်ယောက်ရဲ့ CV က အဲလောက်ထိ ခိုင်မာပါတယ်။

အခုဆို EMJMD အကြောင်း အကြမ်းဖျင်း သိသွားလောက်ပြီ ဖြစ်တဲ့ အတွက်ကြောင့် ဒုတိယ အနေနဲ့ Scholarship Amount ဘယ်လောက် ထောက်ပံ့ လည်း ဆိုတာ ပြောပြပေးပါမယ်။
EMJMD Scholarship ဟာဆိုရင် fully-finded scholarship တစ်ခု ဖြစ်ပြီးတော့ မိမိ ကျောင်းတက် နေ
စဥ္ ကာလ အတွင်း ကျောင်းစရိတ်၊ လစဥ္ Euro ၁၀၀၀ (မြန်မာငွေ သိန်း ၃၀ ခန့်)၊ လေယာဥ္စားရိတ်၊ ခရီးစားရိတ်၊ visa ကြေး၊ ကျန်းမာရေးအာမခံ စတဲ့ စားရိတ်တွေ အားလုံး ကို ဥရောပ သမဂ္ဂမှ အကုန်ကျခံ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

အဲဒါဆိုရင် ဒီလောက်ကောင်းတဲ့ EMJMD Scholarship Program ကို ဘယ်လို လူတွေ လျှောက်ထားနိုင်တာလဲ၊ ဘယ်ချိန်လျှောက်ထားနိုင်တာလဲ၊ deadline ကရော ဘယ်တော့လဲ။

ယခုနှစ် အတွက်ဆိုရင် September လကုန်မှာ စတင်လျှောက်ထားလို့ ရတာ ဖြစ်ပြီး 2023 March လ အထိ လျှောက်ထားနိုင်မှာပဲ ဖြစ် ပါ တယ်။
Scholarship လျှောက်ထားဖို့ရာ အတွက် အခြေခံ လိုအပ်ချက်တွေကတော့
- အနည်းဆုံး အခြေခံပညာ 16 နှစ် ရှိထားတဲ့သူ (မြန်မာနိုင်ငံအနေနဲ့ ဆိုရင် Bachelor ဘွဲ့ ရထားတဲ့ သူတွေ) လျှောက်ထားလို့ ရပါတယ်။ တကယ်လို့ မိမိ က Bachelor နောက်ဆုံး နှစ်ရောက်နေပြီး June သို့ July မှာ ဘွဲ့ ရရှိနိုင်မယ်ဆိုရင်လည်း လျှောက်ထားနိုင်ပါတယ်။ ဒါပေမယ့့် သက်ဆိုင်ရာ EMJMD course catalogue မှာပါတဲ့ program တွေရဲ့ official website တွေမှာ သွားရောက် check ဖို့ လိုပါမယ်။ website မှာ information ရှာ မတွေ့ဘူးဆိုရင်တော့ မိမိလျှောက်ချင်တဲ့ program ရဲ့ coordinator ဆီ email ပို့ပြီး မေးနိုင်ပါတယ်။
- English Proficiency အနေနဲ့ ကတော့ IELTS သို့ TOEFL ရမှတ် လိုပါမယ်။ မိမိ ဘက် က EMJMD ကို လျှောက် မယ် လို့ စဥ္းစားထားတယ် ဆိုရင်တော့ December လကုန်လောက် IELTS သို့ TOEFL ဖြေထားသင့့်ပါတယ်။
EMJMD မှာပါတဲ့ program တော်တော်များများကတော့ IELTS scores 6.5 or 7 လောက် ဒါမှမဟုတ် TOEFL scores 80 or 90 လောက် တောင်းတတ်ပါတယ်။ တချို့ Program တွေဆိုရင် IELTS individual score 6 အောက် ရောက်လို့ မရတာမျိုးတွေ အထိ တောင်းတတ်ပါတယ်။
မိမိဘက်က Eng scores ပြည့်မှီအောင် ကြိုတင် ပြင်ဆင်ထားဖို့လိုပါမယ်။
-Identity document အနေနဲ့ လျှောက်ထားတဲ့ အခါ passport လိုပါမယ်။ ဒါကြောင့် passport ကို ကြိုလျှောက်ထားပြီး အဆင့့်သင့့် ဖြစ်အောင်ဆောင်ထားဖို့လည်း လိုပါမယ်။
- EMJMD မှာ ပါဝင်တဲ့ program တော်တော်များများက October မှာ စလျှောက်လို့ ရပြီး January ဒါမှ မဟုတ် February လောက် မှာ လျှောက်လွှာ ပိတ်လေ့ရှိပါတယ်။ တစ်ခါတစ်လေ လည်း March လလောက် အထိတော့လျှောက်လွှာ ဖွင့်ပါတယ်။ ဒါပေမယ့့် ရှားပါတယ်။
ဒါကတော့ EMJMD မှာပါတဲ့ program တွေရဲ့ အကြမ်းဖျင်း deadline ပါ။ Program တစ်ခုနဲ့ တစ်ခု လျှောက်လွှာ ဖွင့်တာ ပိတ်တာ မတူတဲ့ အတွက် ကြောင့် မိမိလျှောက်ထားချင်တဲ့ program ကို သေချာလေး check လုပ်ထားဖို့တော့ လိုပါမယ်။
ဟုတ်ကဲ့ အခုဆိုရင် EMJMD Scholarship နဲ့ ပတ်သက်လို့တော်တော်များများ တီးမိ ခေါက် မိသွားပြီလို့ ထင်ပါတယ်။
EMJMD မှာပါဝင်တဲ့ program တွေ၊လျှောက်ထားရမယ့် website နဲ့၊ လျှောက်ထားပုံ အဆင့့်အဆင့့်တွေကို အပိုင်း ၂ မှာ ​ဆက်လက် တင်ပေးပါ့မယ်။

Please do like and follow our page to get notifications about the scholarships.

Please don't forget to share your friends about this page.
Sharing is caring. ❤️

Want your school to be the top-listed School/college in Mandalay?
Click here to claim your Sponsored Listing.

Website

Address


Mandalay