Sigma Solar

Sigma Solar

Share

Solar systems sales & installation

17/04/2026

🌿 စိတ်သစ်၊ လူသစ်၊ ခွန်အားအသစ်နဲ့ မင်္ဂလာရှိတဲ့ နှစ်သစ်အခါသမယလေး ဖြစ်ပါစေ ✨

ဒီနေ့မှာကျရောက်တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှစပြီး မိတ်ဆွေများအားလုံး ဘေးဘယာတွေ ဝေးကွာပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း 𝗦𝗶𝗴𝗺𝗮 𝗦𝗼𝗹𝗮𝗿 မိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ခင်ဗျာ။ 🙏💛

#အတာသင်္ကြန် #သင်္ကြန် #နှစ်ဆန်းတစ်ရက်နေ့ #မြန်မာနှစ်သစ်ဆုတောင်း

07/04/2026

💥 အင်ဗာတာသုံးစွဲသူတွေ အမြဲကြုံရလေ့ရှိတဲ့ 𝐄𝐫𝐫𝐨𝐫 𝐂𝐨𝐝𝐞 ပြဿနာ 💥

အင်ဗာတာသုံးနေရင်း ရုတ်တရက် အသံမြည်ပြီး Screen ပေါ်မှာ နံပါတ်လေးတွေပေါ်လာရင် စက်ပျက်သွားပြီအထင်နဲ့ ချက်ချင်း စိုးရိမ်မသွားပါနဲ့။

ဒီနံပါတ်တွေက အင်ဗာတာမှာ ဘာပြဿနာရှိနေလဲဆိုတာကို အချက်ပေးနေတဲ့ 𝐄𝐫𝐫𝐨𝐫 𝐂𝐨𝐝𝐞 တွေပဲ ဖြစ်ပါတယ်။ ⚠️

👉 အင်ဗာတာ 𝐄𝐫𝐫𝐨𝐫 𝐂𝐨𝐝𝐞 ဆိုတာဘာလဲ?
အင်ဗာတာ 𝐄𝐫𝐫𝐨𝐫 𝐂𝐨𝐝𝐞 ဆိုတာ အင်ဗာတာရဲ့ စနစ်တစ်ခုခု လွဲချော်နေပြီဆိုတာကို စက်ကနေ သတိပေးတဲ့ ကုဒ်နံပါတ်ဖြစ်ပါတယ်။ ကုဒ်နံပါတ်တွေရဲ့ရှေ့မှာ များသောအားဖြင့် “E” (Error)၊ “F” (Fault) ဒါမှမဟုတ် “W” (Warning) ဆိုပြီး ပါလေ့ရှိပါတယ်။ တချို့အင်ဗာတာအမျိုးအစားတွေမှာတော့ ကုဒ်နံပါတ်အစား စာသားတွေ (ဥပမာ - No Grid, Islanding) တိုက်ရိုက်ပြတတ်ပါတယ်။

👉 ဒီ 𝐄𝐫𝐫𝐨𝐫 𝐂𝐨𝐝𝐞 တွေ ဘာကြောင့်ဖြစ်ရတာလဲ?
⚡️ မီးအားအတက်အကျ အပြောင်းအလဲမြန်လွန်းတာ
⚡️ ဆိုလာကနေဝင်တဲ့ ဗို့အား နည်းလွန်း/ များလွန်းတာ
⚡️ အင်ဗာတာခံနိုင်ရည်ထက်ပိုတဲ့ လျှပ်စစ်ပစ္စည်းတွေကို တစ်ပြိုင်တည်းသုံးမိတာ
⚡️ အင်ဗာတာထားတဲ့နေရာက အရမ်းပူလွန်းတာ ဒါမှမဟုတ် ဖုန်တွေပိတ်ပြီး အအေးပေးပန်ကာ မလည်နိုင်တာတွေကြောင့် ဖြစ်ပါတယ်။

👉 အဖြစ်များတဲ့ အင်ဗာတာ 𝐄𝐫𝐫𝐨𝐫 𝐂𝐨𝐝𝐞 တွေကတော့
◾️အင်ဗာတာဝန်ပိတာ (Overload Error) (ဥပမာ - Error 18/ F20)
◾️ဘတ္ထရီအားနည်းတာ (Low Battery Error) (ဥပမာ - Error 04/ F42)
◾️မီးအားမမှန်တာ (Grid Frequency Outrange) (ဥပမာ - Error 03/ F47)
◾️အပူလွန်ကဲတာ (Over Temperature) (ဥပမာ - Error 02 / F01)
◾️ဆိုလာဗို့အားလွန်ကဲတာ (PV Over Voltage) (ဥပမာ - Error 08/ F13) တွေပဲဖြစ်ပါတယ်။

‼️ သတိပြုဖို့အနေနဲ့ အင်ဗာတာအမျိုးအစားနဲ့ Model အလိုက် 𝐄𝐫𝐫𝐨𝐫 𝐂𝐨𝐝𝐞 သတ်မှတ်ချက်တွေ ကွဲပြားနိုင်ပါတယ်။ (ဥပမာ - အင်ဗာတာ Brand တစ်ခုမှာ Error 02 က “အပူလွန်ကဲတာ” ဖြစ်နိုင်ပေမဲ့ တခြား Brand တစ်ခုမှာတော့ “ဘတ္ထရီပြဿနာ” ဖြစ်နေနိုင်ပါတယ်။)

ဒါကြောင့် ကိုယ့်ရဲ့အင်ဗာတာမှာ ကုဒ်တစ်ခုခုပေါ်လာပြီဆိုရင်
🔹 ကိုယ်အသုံးပြုနေတဲ့ အင်ဗာတာ Brand ရဲ့ Manual Book (လက်စွဲစာအုပ်) ထဲက Error Table မှာ အရင်ဆုံး တိုက်စစ်ကြည့်ပါ။
🔹 လက်စွဲစာအုပ်ထဲကအတိုင်း လုပ်ဆောင်ကြည့်လို့မှ အဆင်မပြေသေးဘူးဆိုရင်တော့ ကျွမ်းကျင်ပညာရှင် ဒါမှမဟုတ် ဝယ်ယူခဲ့တဲ့ အရောင်းဆိုင်နဲ့ တိုင်ပင်ဆွေးနွေးတာက စိတ်အချရဆုံးပါပဲ။

💡 နောက်ထပ် Post တွေမှာ အဖြစ်များတဲ့ 𝐄𝐫𝐫𝐨𝐫 𝐂𝐨𝐝𝐞 တစ်ခုချင်းစီရဲ့ အသေးစိတ်ဖြေရှင်းနည်းတွေကို ဆက်လက်မျှဝေပေးသွားမှာမို့ ဒီ Post လေးကို Like & Share လုပ်ပေးခဲ့ပါဦးဗျာ။ ✌️🔜

𝗦𝗶𝗴𝗺𝗮 𝗦𝗼𝗹𝗮𝗿
📞 - 09966335771
📞 - 09968385875
🏠 - 64(A) လမ်း၊ 108 x 109 ကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

#ဆိုလာ #ဆိုလာတပ်ဆင် #ဆိုလာမန္တလေး #ဘတ္ထရီ

14/03/2026

💥 ဆိုလာတပ်ဆင်တဲ့အခါမှာ စက်ပစ္စည်းအရည်အသွေးတစ်ခုကိုပဲ မကြည့်ပါနဲ့ ‼️

တကယ်တမ်း ပြဿနာတစ်ခုခု ကြုံလာရတဲ့အခါ ဆိုင်ဘက်က ဘယ်လိုတာဝန်ယူပေးလဲဆိုတဲ့ အချက်ကိုလည်း လုံးဝ မေ့ထားလို့မရပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ ဆိုလာတပ်ဆင်သူတွေ တော်တော်များများက
👉 ဆိုလာစက်ပစ္စည်း Error တက်လို့ ဖုန်းဆက်ရင် ဆိုင်ဘက်က ဖုန်းမကိုင်တော့တာ
👉 လူလွှတ်ပေးမယ်ပြောပြီး ပျောက်ခြင်းမလှ ပျောက်သွားတာ
👉 အာမခံချက်အပြည့်အဝ​ပေးပြီး တာဝန်မယူတာ - စတာတွေကို ဒုနဲ့ဒေး ကြုံနေကြရပါတယ်။

𝗦𝗶𝗴𝗺𝗮 𝗦𝗼𝗹𝗮𝗿 ကတော့ ရောင်းပြီးရုံနဲ့ တာဝန်ပြီးပြီလို့ မသတ်မှတ်ပါဘူး။ ကျွန်တော်တို့ဆီမှာ ဝယ်ယူတပ်ဆင်ပြီးတဲ့အခါ
​⚡️ အဆင်မပြေတာရှိရင် ဖုန်းဆက်လိုက်တာနဲ့ အမြန်ဆုံး အကြောင်းပြန်ပေးပါတယ်
​⚡️ ဖုန်းထဲကတင် ဖြေရှင်းလို့မရတဲ့ ကိစ္စတွေအတွက် လူကိုယ်တိုင် လာရောက်စစ်ဆေး ပြင်ဆင်ပေးတဲ့အပြင်
⚡️ ဆိုလာတပ်ပြီးရင်လည်း အဆင်ပြေ၊ မပြေ အမြဲ ဂရုစိုက်ပေးနေပါတယ်။

ဒါကြောင့် မိတ်ဆွေတို့ရဲ့ နေအိမ်/ လုပ်ငန်းခွင်မှာ Backup Power Station (အရန်ဓာတ်အားပေးစနစ်) တပ်ဆင်ချင်တယ်ဆိုရင် မီးပေးဖို့တင်မကဘဲ စိတ်အေးရဖို့ပါ အာမခံတဲ့ 𝗦𝗶𝗴𝗺𝗮 𝗦𝗼𝗹𝗮𝗿 ကို ချက်ချင်းသတိရလိုက်ပါ။ 💡

📌 မန္တလေးကမိတ်ဆွေတွေအနေနဲ့ ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဆွေးနွေးတိုင်ပင်၊ ဝယ်ယူနိုင်ပါတယ်။

🔍 အသေးစိတ် ဆက်သွယ်စုံစမ်းရန်
📞 - 09966335771
📞 - 09968385875
🏠 - 64(A) လမ်း၊ 108 x 109 ကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

#ဆိုလာ #ဆိုလာတပ်ဆင် #ဆိုလာမန္တလေး

13/03/2026

ဟာ 😅

11/03/2026

🍃 သစ်ရွက်တစ်ရွက်တည်းကြောင့် တစ်အိမ်လုံးမီးအားကျသွားနိုင်တယ်ဆိုတာ တကယ်ဖြစ်နိုင်ပါ့မလား ⁉😳

ဖြစ်နိုင်ပါတယ်ဗျ...
သီအိုရီအရဆိုရင် ဆိုလာပြားပေါ်မှာ သစ်ရွက်တစ်ရွက်တင်နေရုံ ဒါမှမဟုတ် ငှက်ချေးလေးတစ်စက် ပေနေရုံနဲ့ တစ်အိမ်လုံး မီးအားကျသွားနိုင်သလို ဆိုလာပြားပါ ပျက်စီးသွားနိုင်ပါတယ်။

ဒါကို ဖြစ်စေနိုင်တဲ့ အဓိကအကြောင်းရင်း (၂) ချက် ရှိပါတယ်။

1️⃣ ပထမတစ်ချက်ကတော့ အပူတွေစုပြီး Hotspot ဖြစ်လာတာကြောင့် ဖြစ်ပါတယ်။
​ဆိုလာဆဲလ် (Cell) တစ်ခုပေါ်မှာ အရိပ်ကျနေရင် အဲဒီဆဲလ်က လျှပ်စစ်မထုတ်ပေးနိုင်တော့ဘဲ လျှပ်စီးကြောင်းကို ပိတ်ဆို့ထားတဲ့ Resistance (ခုခံမှု) အဖြစ် ပြောင်းလဲသွားပါတယ်။ ကျန်တဲ့ဆဲလ်တွေကနေ ထုတ်လိုက်တဲ့ လျှပ်စစ်တွေက အဲဒီပိတ်ဆို့နေတဲ့နေရာမှာ စုပြုံပြီး အပူ (Heat) အဖြစ် ပြောင်းလဲသွားတာကို Hotspot လို့ ခေါ်ပါတယ်။ အဲ​ဒီအပူက ဆိုလာပြားရဲ့ နောက်ကျောဘက်ကို လောင်ကျွမ်းစေနိုင်သလို ဆိုလာပြားပေါ်က မှန်တွေကိုပါ အက်ကွဲစေနိုင်ပါတယ်။

2️⃣ ဒုတိယတစ်ချက်ကတော့ String Effect လို့ခေါ်တဲ့ တန်းဆက်ချိတ်ဆက်ခြင်းရဲ့ အကျိုးသက်ရောက်မှုကြောင့် ဖြစ်ပါတယ်။
​ဆိုလာပြားတွေ တစ်ခုနဲ့တစ်ခု Series (တန်းဆက်) ချိတ်ဆက်ထားတာကို String လို့ ခေါ်ပါတယ်​။ မြင်သာအောင်ပြောရရင် ဆိုလာပြားတွေ ချိတ်ဆက်ထားပုံက ရေပိုက်တစ်ခုလိုပါပဲ။

ရေပိုက်ရဲ့ တစ်နေရာရာမှာ တွန့်ခေါက်နေရင် ရေစီးကြောင်းတစ်ခုလုံး ရပ်တန့်သွားသလိုမျိုး String တစ်ခုထဲမှာရှိတဲ့ ဆိုလာပြားတစ်ချပ်ပေါ်မှာ သစ်ရွက်တင်ပြီး အရိပ်ကျနေရင် အဲဒီ String တစ်ခုလုံးရဲ့ လျှပ်စီးကြောင်းက အနိမ့်ဆုံးအဆင့်ကို ထိုးကျသွားနိုင်ပါတယ်။

​ဒါကြောင့် အရိပ်ကျနေတာက ဆိုလာတစ်ပြားတည်းဆိုပေမဲ့ String ထဲမှာရှိတဲ့ ကျန်တဲ့ဆိုလာပြားတွေပါ အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ဘဲ တစ်အိမ်လုံး မီးအားကျသွားရခြင်း ဖြစ်ပါတယ်။

💡မိမိရဲ့နေအိမ်/ လုပ်ငန်းခွင်မှာ တပ်ဆင်ထားတဲ့ ဆိုလာပြားတွေကို ဒီလိုအခြေအနေကနေ ကာကွယ်ဖို့အတွက်ဆိုရင်
◾ဆိုလာပြားပေါ်မှာ အရိပ်ကျနေတဲ့ သစ်ပင်ခက်တွေကို ခုတ်ထွင်ရှင်းလင်းပါ
◾အနည်းဆုံး တစ်လတစ်ကြိမ် ဆိုလာပြားပေါ်က ဖုန်နဲ့ အညစ်အကြေးတွေကို ရေဆေးသန့်စင်ပေးပါ
◾Hotspot မဖြစ်အောင် ကာကွယ်ပေးပြီး အရေးပေါ် လမ်းလွှဲဂိတ်လို လုပ်ဆောင်ပေးနိုင်တဲ့ Bypass Diodes ပါဝင်တဲ့ အရည်အသွေးမြင့် ဆိုလာပြားတွေကို ရွေးချယ်တပ်ဆင်ပါ။

☀️ ဆိုလာစနစ်နဲ့ပတ်သက်ပြီး အခက်အခဲ တစ်စုံတစ်ရာရှိနေတယ်ဆိုရင် ပစ္စည်းအရည်အသွေးပိုင်းရော ဝန်ဆောင်မှုပိုင်းပါ ယုံကြည်စိတ်ချရတဲ့ မန္တလေးက 𝗦𝗶𝗴𝗺𝗮 𝗦𝗼𝗹𝗮𝗿 ကို ဆက်သွယ်နိုင်ပါတယ်။ 📲

🔍 အသေးစိတ် ဆက်သွယ်စုံစမ်းရန်
📞 - 09966335771
📞 - 09968385875
🏠 - 64(A) လမ်း၊ 108 x 109 ကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

#ဆိုလာ #ဆိုလာတပ်ဆင် #ဆိုလာမန္တလေး

Want your business to be the top-listed Computer & Electronics Service in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


64(A) Street, Between 108th X 109th Street, Chanmyatharzi Township
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00