Swift Delivery

Swift Delivery

Share

လျင်မြန် စိတ်ချ Swiftနဲ့မှ

09/09/2024

မိတ်ဆွေတို့ခင်ဗျာ ကျွန်တော်တို့ နေ့စဉ်ဘဝဟာ အသက်ရှင်နေစဉ်ကာလပတ်လုံး Decision ဆိုတဲ့ ဆုံးဖြတ်ချက်တွေ အမြဲချကြရပါတယ်။

✅ မနက်မိုးလင်းတာနဲ့ မျက်စိဖွင့်ရမလား ၊ ပြန်အိပ်လိုက်ရ
မလား ။
✅ အကျ်ီနဲ့ဘောင်းဘီ ဘာအရောင်ကလိုက်မှာလဲဆိုတဲ့
နိစ္စဒူဝလေးတွေအပြင်
✅ ကုမ္ပဏီအတွက် ပိုင်ဆိုင်မှုတစ်ခုခုအတွက် သိန်းပေါင်း
များစွာတန်ကြေးရှိတဲ့ စာချုပ်အတွက် ဆုံးဖြတ်ရခြင်း
စတဲ့ ဘဝအတွက် အနိမ့်မြင့်အတက်အကျကို ဆုံးဖြတ်
ပေးမဲ့ Decision အကြီးကြီးတွေလဲ ချရပါတယ် ။

”ဆုံးဖြတ်ချက်အကြီးအသေးတွေဟာ အချိန်တိုအတွင်းမှာ ချကြရပြီး အမှန်ကန်ဆုံး ဖြစ်ဖို့ကလည်း အရေးကြီးလှပါတယ်”။

Good Morning ပါ မိတ်ဆွေတို့ဘဝမှာ ဆုံးဖြတ်တိုင်း မှန်ကန်စွာချနိုင်ပါစေဗျာ။ စာဖတ်ရတာ ဝါသနာပါရင် အောက်မှာ ဆက်လေ့လာနိုင်ပါတယ်ခင်ဗျ။🥰

ဒီနေ့မှာ ကျွန်တော်က ဆုံးဖြတ်ချက်ချရာမှာ လွယ်ကူစေမဲ့ နည်းလမ်းလေးတစ်ခုကို မိတ်ဆွေတို့ဆီ မျှဝေပေးလိုပါတယ်။

👉 ဆုံးဖြတ်ချက်ချဖို့ အခက်အခဲဖြစ်နေလျှင် ‘You Have Two Choices’ နည်းလမ်းလေးသုံးကြည့်ပါ။

~~~~~~ You Have Two Choices ~~~~~~~

ဆုံးဖြတ်ချက်တစ်ခုချရတော့မယ်ဆိုရင် ကိုယ်မှာ ရွေးချယ်စရာ နှစ်ခု အမြဲရှိပါတယ်။ ✅

ကျွန်တော့်မိတ်ဆွေ ငြိမ်းမောင်ဟာ ဆိုင်းဘုတ် လုပ်ငန်းလုပ်တဲ့သူပါ။ အလုပ်လုပ်ရာမှာ အမြဲပျော်ရွှင်တက်ကြွတက်နေတာကို ကျွန်တော် သတိထားမိတယ်။
တစ်ယောက်ယောက်ကသူ့ကို

“ငြိမ်းမောင် ဒီနေ့ ဘယ်လိုလဲကွ” မေးလာရင်
‘အားလုံးကောင်းပါတယ် ၊ လောကကြီးဟာ ပျော်စရာကြီးပါ’ လို့ အပြုံးလေးနဲ့ ပြန်ဖြေတက်တယ်။

တစ်ရက်တော့ ကျွန်တော် သူ့ကို မေးလိုက်တယ်။”သားရီးလူတိုင်း အမြဲတမ်း ပျော်နေဖို့ဆိုတာ မွယ်ပါဘူး။ဒါပေမယ့် မင်းကျတော့် အမြဲတမ်းလိုလို ပျော်နေတယ် ၊ အဲ့သလိုဖြစ်အောင် မင်းဘယ်လိုလုပ်ထားသလဲကွာ”

သူက အခုလို ပြန်ဖြေတယ်။

“ငါ…မနက် အိပ်ယာကနိုးတိုင်း ငါ့ကိုယ်ငါ ရွေးချယ်စရာ မေးခွန်းနှစ်ခု မေးလေ့ရှိတယ်။အဲ့ဒါတွေက ငါ ဒီနေ့ စိတ်ပျော်အောင်နေမလား… စိတ်ညစ်နေမလား …. လို့ပါ။ အဲ့နှစ်ခုထဲက စိတ်ပျော်အောင်နေမယ်ဆိုတာပဲ ငါ အမြဲတမ်း ရွေးချယ်တယ်။

နောက်ပြီး ငါ အဆိုးတစ်ခုခုနဲ့ ကြုံတွေ့ပြီဆိုရင် ငါ အဆိုးရဲ့ သားကောင်အဖြစ် ခံယူရမလား…. ဒါမှမဟုတ် အဆိုးကနေ သင်ခန်းစာယူမလားဆိုတဲ့ ရွေးချယခစရာ နှစ်ခုထဲက ငါ သင်ခန်းစာယူဖို့ကိုပဲ အမြဲ ရွေးချယ်ခဲ့တယ်”

ကျွန်တော်နဲ့ ငြိမ်းမောင် အဲ့ဒီစကားပြောဖြစ်ကြပြီး အလုပ်ကိုယ်စီနဲ့မို့ မတွေ့ဖြစ်တာ ၂ နှစ်ကြာပြီးတစ်ရက်မှာ ငြိမ်းမောင် အလုပ်မှု အကြီးအကျယ် ဒဏ်ရာရပြီး ဆေးရုံရောက်နေတယ် သတင်းကြားလို့ ကျွန်တော် ဆေးရုံကို အပြေးအလွှားလိုက်သွားတယ်။

အရေးပေါ်မို့ သူနဲ့တွေ့ခွင့်မရခဲ့ပဲ တစ်ပတ်အကြာ သူသက်သာလာမှ ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းနေတဲ့သူနဲ့ စကားပြောခွင့်ရခဲ့တယ်။

ငြိမ်းမောင်က သူ့အဖြစ်အပျက်ကို အခုလိုပြောပြတယ်။

“အဲ့ဒီနေ့က အလုပ်များတော့ ည ၈ နာရီမှာ ဆိုင်သိမ်းလိုက်တယ်။ ဝန်ထမ်းတွေ အရင်ပြန်သွားလို့ ငါတစ်ယောက်ပဲ ဆိုင်မှာ ကျန်ခဲ့တယ် ။

ငါလဲ အလုပ်လတ်စသတ်စရာလေး လုပ်တုန်း ဖောက်စက် က ခလုတ်ဖွင့်ထားလျက်ကို ပလက်ထိုးလိုက်တော့ တုန်ခါပြီး ငါ့ခန္ဓာကိုယ်ဆီ ဦးတည် တိုက်ခိုက်တော့တာပဲ”

ခလုတ်ပိတ်လိုက်နိုင်တဲ့အချိန် ကြမ်းပြင်ပေါ်သွေးတွေနဲ့ လဲကျနေတဲ့ ငါဟာ ရွေးချယ်စရာနှစ်ခုရှိတယ်။ အသက်သေမလား… အသက်ရှင်မလား… အသက်ရှင်ဖို့ပဲရွေးချယ်လိုက်တယ်။

အရေးပေါ်ကားနဲ့ ခေါ်သွားတဲ့အချိန် လမ်းတစ်လျှောက်လုံး ဘေးနားက သူနာပြုတွေရဲ့ အားပေးစကားသံတွေကြားနေရတယ်။

ဆေးရုံရောက်တော့ ထမ်းစင်နဲ့ အရေးပေါ်ခန်း ခွဲစိတ်ကုတင်ပေါ် တင်လိုက်ကြတယ်။ အဲ့အချိန် ဆရာဝန်နဲ့ သူနာပြုတွေ ငါကိုယ်ပေါ်မှာ မိုးပြီး လူသေလောင်းတစ်ကို ကြည့်နေတဲ့ပုံစံနဲ့ တူနေကြတယ်။ သူတို့အချင်းချင်း ငါ အသက်မရှင်နိုင်တော့ဘူးဆိုတဲ့ ပုံစံနဲ့ ခေါင်းခါနေကြတယ်။ငါ့စိတ်ထဲသိလိုက်တယ် ၊ ငါ တစ်ခုခုလုပ်မှ ဖြစ်တော့မယ်လို့။

ဒီအချိန် သူနာပြုဆရာမကြီးတစ်ယောက်က ငါ့ကို မတည့်တဲ့ဆေးရှိလား မေးတယ်။ ငါက ‘ရှိတယ်’လို့ တိုးတိုးလေး ပြန်ပြောလိုကိတယ်။ ဘေးနားကဆရာဝန်တွေနဲ့ သူနာပြုတွေက သူတို့လုပ်လတ်စရပ်ပြီး ငါ့အဖြေကို စိတ်
ဝင်တစား နားစွင့်နေကြတယ်။

ငါ အားတင်းပြီး ပြောလိုက်ပါတယ်။ ကျွန်တော်နဲ့မတည့်တာ ‘ဖောက်စက်’ပါလို့။ သူတို့အားလုံး ရယ်လိုက်ကြတယ်။
ငါ စကားဆက်ပြောလိုက်တယ်။ “ကျွန်တော် အသက်ရှင်ချင်သေးပါတယ်ဗျာ ။လူသေလို သဘောမထားပဲ အမြန်
ခွဲစိတ်ပေးကြပါ”လို့ပါ။

ဆေးရုံက ဆရာဝန်တွေ ငြိမ်းမောင်ကို ၁၀ နာရီကြာအောင် ခွဲစိတ်ကုသရတယ်။ တလအကြာမှာ သူ့ဒဏ်ရာတွေ ပျောက်ကင်းလာလို့ ဆေးရုံဆင်းလာခဲ့တယ်။
သူဟာအရင်တိုင်းပဲ အကောင်းမြင်စိတ် ရှိနေဆဲပါ ကျန်းမာဆဲပါ။

လူတိုင်းမှာ အမြဲတမ်း ရွေးချယ်စရာ နှစ်ခုရှိတယ်ဆိုတာ အမြဲ သတိရနေပါ။

မှတ်ချက် : Karl Ruegg ရဲ့ “You Have Two Choices”ဆိုတဲ့ ဆောင်းပါးတိုလေးနဲ့ ကိုယ်တွေ့အဖြစ်ပျက်များကိုကောက်နှုတ်တင်ပြထားတာပါ။

#တန်ဖိုးရှိသောစာ #ဗဟုသုတ #စာအုပ်

Want your restaurant to be the top-listed Restaurant in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


Mandalay