K For Content
𝙈𝙖𝙠𝙚 𝙄𝙩 𝘿𝙞𝙛𝙛𝙚𝙧𝙚𝙣𝙩
05/12/2024
လေ့လာတွေ့ရှိချက်များအရ ကျွန်တော်တို့ဟာ ဆိုရှယ်မီဒီယာေတွပေါ်မှာ ကြော်ငြာပေါင်း အနည်းဆုံး 4000 ဝန်းကျင်ကို နေ့စဉ်မြင်တွေ့နေရပါတယ်။
ဒါပေမယ့်လည်း လူတွေ သတိထားမိတဲ့ ကြော်ငြာအရေအတွက်ဟာ 93 ခုဝန်းကျင်ပဲရှိပါတယ်။
94 ခုမြောက်ကြော်ငြာဟာ သင့်ေကြာ်ငြာဖြစ်ဖို့ K For Contentမှ ကူညီပေးပါရစေ။
Make It Different ...
With K For Content
01/11/2024
ဒီပါဝလီနေ့မှာ ချစ်ခင်ရပါသော ဟိန္ဒူဘာသာဝင်များနှင့်တကွ မြန်မာပြည်သူပြည်သားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ ... 🪔🪔
Make It Different ...
With K For Content
25/10/2024
မုန့်ဟင်းခါးစားရင် ဘာကြောင့် ဘူးသီးကြော်ထည့်ရတာလဲ ... ❓❓
မထည့်လို့ရော မရဘူးလားလို့ သင်တွေးကောင်းတွေးမိနိုင်ပါတယ်။
တကယ်တော့ ဘူးသီးကြော်မထည့်လည်း မုန့်ဟင်းခါးက မုန့်ဟင်းခါးပါပဲ။
ဒါပေမယ့် မုန့်ဟင်းခါးဆိုတာ အကြော်လေးနဲ့မှ စားလို့ကောင်းတာမဟုတ်လား။
မုန့်ဟင်းခါးတပွဲကို ဘူးသီးကြော်ထည့်လိုက်လို့ ပိုက်ဆံနည်းနည်းပိုကုန်သွားတာမှန်ပေမယ့် ဘူးသီးကြော်ပါတဲ့ မုန့်ဟင်းခါးက အရသာပိုပြီးပြည့်စုံပါတယ်။
အိုးဘဲဉလေးပါထည့်မယ်ဆိုရင်တော့ အာဂပါးစပ် လူဖြစ်ရကျိုးနပ်ပြီပေါ့ဗျာ။
ဒီလိုမျိုးပါပဲ။
❝ အွန်လိုင်းပေါ်မှာ ဈေးရောင်းတာပဲ ဒီပစ္စည်းရှိပါတယ် တခုကိုဘယ်ေလာက်ပါဆိုပြီး တင်လိုက်လည်းရတာပဲ အဓိကက ရောင်းရဖို့ပဲေလ ❞ လို့ သင်ထင်နိုင်ပါတယ်။
တကယ်တော့ ဒီကိစ္စဟာလည်း မုန့်ဟင်းခါးထဲကို ဘူးသီးကြော်ထည့်သလိုပါပဲ။
ဘူးသီးကြော်ထည့်ထားတဲ့ မုန့်ဟင်းခါးကို စားလိုက်ရတဲ့အခါ စိတ်ကျေနပ်မှုလေးတွေ ရရှိသလိုမျိုး စနစ်တကျတင်ထားတဲ့ အရောင်း Post ဟာလည်း ဝယ်သူရဲ့ ယုံကြည်စိတ်ချရမှုလေးတွေကိုပါ ရရှိေစနိုင်ပါတယ်။
ဒါကြောင့် ဝယ်သူတွေရဲ့ ယုံကြည်စိတ်ချရမှုကို ရရှိနိုင်ဖို့အတွက် ကိုယ့်ရဲ့လုပ်ငန်းပုံရိပ်ကို မြှင့်တင်ပေးမယ့် Content တွေ၊ မြင်တာနဲ့ လိုချင်လာစေမယ့် Design တွေ လိုအပ်ပါတယ်။
ဒီအတွက်လည်း ကျွန်တော်တို့ K For Content မှာ သင့်လုပ်ငန်းအတွက်လိုအပ်တဲ့ Quality Content တွေ၊ Creative Design တွေကို ဝန်ဆောင်မှုပေးနေပါပြီ။
သင်ရောင်းမယ့် မုန့်ဟင်းခါးထဲကို ကျွန်တော်တို့ရဲ့ ဘူးသီးကြော်လေးထည့်ပေးပါရစေ။
Make It Different ...
With K For Content
08/05/2024
အကောင်းဆုံးတွေနဲ့အတူ ကျွန်တော်တို့ပြန်လာပါပြီ။
▪️ကျွန်တော်တို့ Pageလေးကို Content Service ကနေ Digital Marketing Service အဖြစ် ပြန်လည်အသက်သွင်းထားပါတယ်။
▪️ကျွန်တော်တို့ဆီမှာ ဘာတွေရလဲ ဆိုရင်တော့ သတိရခြင်းတွေအပြင် -
- Content for Social media & other
- Graphic Design for Social Media
- Media Buying (Boost)
- Content for YouTube video
- Chinese to Burmese Translation
- Engagement Ideas for your business
စတဲ့ ဝန်ဆောင်မှုတွေရရှိပါတယ်။
▪️စိတ်ဝင်စားလို့ လက်တွဲကြည့်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ကို ဆက်သွယ်လိုက်ပါ။
▪️အားလုံးအတွက် K For Content
( Digital Marketing For Your Business )
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay