Thet Cho - Life Insurance
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thet Cho - Life Insurance, Insurance Company, Mandalay.
08/03/2024
💎 Grand Opening Ceremony
Mandalay Branch Office 💎
ရွှေမန္တလေးမြို့က ချစ်ခင်ရတဲ့မိတ်ဆွေတွေကို စိတ်အေးချမ်းမှုရရှိစေဖို့ ကူညီဆောင်ရွက်ပေးရန်အတွက် မန္တလေးရုံးခွဲသစ်ကြီးကို လှပခမ်းနားစွာ ဖွင့်လှစ်လိုက်ပါပြီရှင်.
အသက်အာမခံဝန်ဆောင်မှုများအတွက် ဆွေးနွေးလိုပါက ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်..
Thet Thet Cho
📲09 402523188 /09 782649982
Financial Planer
Dai-ichi Life Insurance
ထာဝရသင်နှင့်အတူ
Mandalay
02/05/2023
#အာမခံကိုယ်စားလှယ်သည်
ကုမ္ပဏီ၏လခစားဝန်ထမ်းမဟုတ်ပါ။
ရုံးတက်ရုံးဆင်းချိန်သတ်မှတ်ချက်မရှိပါ။
ဝင်ငွေပုံမှန်မရှိပါ။
မိမိလက်ရှိအလုပ်ကထွက်ဖို့မလိုအပ်ပါ။
လူအများကိုစကားပြောဆိုလိုခြင်းမရှိသူ လုပ်လို့မရပါ။
ကူညီလုပ်ကိုင်ဆောင်ရွက်လိုစိတ်မရှိသူ ဝင်ငွေမကောင်းနိုင်သလို၊ မအောင်မြင်နိုင်ပါ။
စသည့်အချက်များနှင့် မိမိကိုယ်တိုင်သုံးသပ်ကြည့်ပါ။
ကျွန်မတို့နှင့်အတူအောင်မြင်သောကိုယ်စားလှယ်အဖြစ်ရေရှည်ရပ်တည်လုပ်ကိုင်လိုသူများအတွက်
လိုအပ်တာက….
☘️Dai-ichi ကုမ္ပဏီ ရဲ့ Job Sampling Training ( Online/Classroom )၂ရက်တက်ရပါမယ်။
☘️ မြန်မာ့အာမခံသင်တန်းကျောင်းမှစစ်ဆေးသောစာမေးပွဲ ဖြေဆိုနိုင်ရန်အတွက် လိုင်စင်သင်တန်း ၇ရက် ( Online/ Classroom ) တက်ရပါမယ်။
Dai-ichi ကုမ္ပဏီမှအခမဲ့သင်ကြားပေးမှာဖြစ်ပါတယ်။
☘️စာမေးပွဲကိုတော့ NIM မှာကိုယ်တိုင်သွားရောက် ဖြေဆိုရမှာဖြစ်ပါတယ်။
☘️ စာမေးပွဲအောင်မြင်ပါက Dai-ichi ကုမ္ပဏီမှ Onboarding Training (Online/Classroom) ၃ရက်တက်ရပါမယ်။
ဒီအချက်တွေကိုလိုက်ပါလုပ်ဆောင်ဖို့လိုအပ်ပါတယ်။
Agent Application Form တင်ပြီးချိန်မှစပြီး ဝင်ငွေရအောင်လုပ်ဆောင်ချက်အားလုံးကို ကျွန်မတို့ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါတယ်။
လက်ရှိအလုပ်နှင့်တွဲဖက်လုပ်ကိုင်နိုင်တာမို့ ဝင်ငွေရလမ်းတစ်ခုဖော်ဆောင်ရာရောက်ပါတယ်။
အသေးစိတ်သိချင်ရင်လည်း Cbမှာလာမေးလို့ရပါတယ်နော်
09-402523188
#ထာဝရသင်နှင့်အတူ
crd.
26/12/2022
ရင့်ကျက်တဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာစေဖို့ မိဘတွေ ခွင့်ပြုသင့်တဲ့ အရာ (၁၀) ခု
စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု၊ ရုပ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု၊ ကိုယ်ကျင့်တရား၊ လူမှုရေး ရင့်ကျက်မှုနှင့် အသိဉာဏ် ရင့်ကျက်မှုဆိုပြီး ရင့်ကျက်မှု အမျိုးမျိုးရှိကြပါတယ်။ ဒါတွေဟာ တခြားသူတွေကို ကူညီဖို့ အဆင်သင့်ဖြစ်နေသော၊ ကိုယ်ပိုင်အမြင်ရှိပြီး တာဝန်ယူတတ်သော၊ လွတ်လပ်တဲ့သူတွေ ဖြစ်လာစေဖို့ ကလေးတွေရဲ့ ဘဝမှာ တကယ်အရေးပါ ပါတယ်။ မိဘတွေအနေနဲ့ ဒီအရည်အသွေးတွေ အားလုံးကို ကလေးဘဝကတည်းက ပြင်ဆင်ပေးပြီး ဖွံ့ဖြိုးလာအောင် ကူညီပေးနိုင်ပါတယ်။
၁။ သင့်ကလေးအား ကိုယ့်အားကိုယ်ကိုး တတ်အောင် ကူညီနိုင်ပါတယ်
ကလေးအတွက် အရာရာတိုင်းကို လုပ်ပေးစရာမလိုပါဘူး။ ကလေးတွေဟာ သူတို့ဘာသာ အဝတ်အစား ဝတ်ဆင်ဖို့၊ ဖိနပ်ကြိုးချည်ဖို့၊ ကျောင်းကိုသွားတဲ့အခါ ကိုယ်ဘာသာ ကျောပိုးအိတ်ပြင်ဆင်ဖို့ သင်ယူရပါမယ်။ အဲ့ဒါကို မြန်မြန်ဆန်ဆန် လုပ်နိုင်ပြီး ကျွမ်းကျင်အောင် မေမေတို့ ပြုလုပ်ပေးနိုင်ပါတယ်။ မိဘတွေအနေနဲ့ စိတ်ရှည်ဖို့ လိုအပ်ပါတယ်။ အမြဲတမ်းကူညီပေးစရာ မလိုပါဘူး။ သူတို့ကိုယ်သူတို့ အားကိုးတတ်လာပါလိမ့်မယ်။
၂။ ကလေးအား သူတို့ကိုယ်တိုင် ရွေးချယ်ဖို့ အခွင့်အရေး ပေးနိုင်ပါတယ်
ကလေးကို ရွေးချယ်ခွင့်ပြုပါ။ မိဘတွေအနေနဲ့ သူတို့ဘာကြိုက်တယ်၊ မကြိုက်ဘူးဆိုတာကအစ ဆုံးဖြတ်ပေးတာ၊ သူတို့အတွက် အဝတ်အစားတွေ၊ ကစားစရာနှင့် ဝါသနာတွေ ရွေးချယ်ပေးတာကို မပြုလုပ်သင့်ပါဘူး။ သူတို့ရွေးချယ်မှုနှင့် ပတ်သတ်ပြီး ဆွေးနွေးတာ၊ အကြံပေးတာကိုသာ ကူညီနိုင်ပါတယ်။ မိဘအနေနဲ့ သူတို့ထက်ပိုသိတယ်လို့ မယူဆပါနဲ့။ သူတို့လိုချင်တဲ့ အရာကိုရယူဖို့ အခွင့်အရေးပေးဖို့ပဲ လိုပါတယ်။
၃။ ကလေးကို တစ်ယောက်တည်း သွားခွင့်ပြုနိုင်ပါတယ်
နေရာတိုင်းမှာ ကလေးနောက်ကို လိုက်ဖို့ မလိုအပ်ပါဘူး။ အသက်ကြီးလာတာနှင့်အမျှ သူတို့ဘာသာသူတို့ ကျောင်းကားစီးပြီး ကျောင်းကို တစ်ယောက်တည်း သွားနိုင်ပါတယ်။ မိဘက နေရာတစ်ကာလိုက်ပေးနေရရင် အရွယ်ရောက်လာရင်တောင်မှ တစ်ယောက်တည်း ဘယ်မှမသွားတတ်တာ ၊ ကိုယ့်အားကိုယ်မကိုးတတ်တာ ဖြစ်လာပါလိမ့်မယ်။ ကလေးတွေဟာ သိတတ်တဲ့အရွယ်ရောက်လာတာနှင့်အမျှ လမ်းသွားရင် ဘယ်လိုပြုမှုရမယ် ဆိုတာ နားလည်လာပြီး safety rules တွေလည်း သိပြီးသားဖြစ်လာပါတယ်။ ဒါ့အပြင် သူတို့မှာ သူငယ်ချင်းတွေ၊ အပေါင်းအသင်းတွေရှိလာရင် အတူတူသွားခွင့်၊ အိမ်စာတွေကို အတူတူ ဆွေးနွေးခွင့်ပေးပါ။
၄။ ကိုယ့်ကိုယ်ကို ထိန်းချုပ်တတ်အောင် သင်ပေးနိုင်ပါတယ်
တကယ်တော့ ကလေးတွေဟာ အရမ်း စိတ်လှုပ်ရှားလွယ်ပါတယ်။ သူတို့ဟာ ခုန်ပေါက်ပြီး ပျော်နေနိုင်သလို လမ်းသွားရင်းလည်း အော်ငိုနိုင်ပါတယ်။ မိဘတွေက သူတို့အလိုကို နည်းနည်းလေးမလိုက်တာနဲ့ ကလေးတွေဟာ ဒေါသတကြီး အော်ဟစ်တာ၊ ဝုန်းဒိုင်းကြဲတာတွေ ပြုလုပ်နိုင်ပါတယ်။ သူတို့ရဲ့ စိတ်ခံစားမှုတွေကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ ပြောပြသင့်ပါတယ်။ သူတို့ အော်ဟစ်တိုင်း အလိုလိုက်မယ်ဆိုရင် ကလေးတွေဟာ ဒီနည်းလမ်းကိုပဲ သုံးလာနိုင်ပါတယ်။
၅။ ကိုယ့်စည်းကမ်းနဲ့ ကိုယ်နေဖို့ သင်ပေးနိုင်ပါတယ်
ကလေးတွေကို ကိုယ့်စည်းကမ်းနဲ့ ကိုယ်နေတတ်ဖို့ သင်ပေးသင့်ပါတယ်။ အိပ်ရာမဝင်ခင် သွားတိုက်တာ၊ ကစားစရာတွေကို နေကျတကျထားတာ၊ အိမ်စာလုပ်တာက သူတို့ရဲ့ နေ့စဉ်လုပ်ရိုးထုံးစံတွေပဲ ဖြစ်ပါတယ်။ သူတို့ဘာလုပ်သလဲဆိုတာကို မထိန်းချုပ်ဘဲ သူတို့ဘာသာသူတို့ အိမ်စာလုပ်ဖို့ သွားသန့်ရှင်းရေးလုပ်ဖို့ သတိပေးရပါမယ်။
၆။ သင့်ကလေးကို ဖြေခွင့်ပေးပါ
ကလေးတွေကို သူတို့ကိုယ်တိုင် ပြောဆိုခွင့်ပေးဖို့ လိုအပ်ပါတယ်။ ဒီအချက်က သူတို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးနှင့် ပြောဆိုဆက်ဆံရေးစွမ်းရည်အတွက် အရေးပါပါတယ်။ တစ်ယောက်ယောက်က သူတို့ကို တစ်ခုခုမေးတဲ့အခါ ကလေးက မကြောက်နေသင့်ပါဘူး။ သူတို့ဟာ မေးခွန်းတွေကို ဘယ်လိုဖြေရမလဲ၊ ဘယ်လိုတုံ့ပြန်ပြောဆိုရမလဲ ဆိုတာ သင်ယူသင့်ပါတယ်။ ဒီလိုမှမဟုတ်ရင် သူတို့ရှက်တတ်လာပြီး တခြားသူတွေကို မပြောရဲ၊ မဆိုရဲတာ ဖြစ်လာနိုင်ပါတယ်။
၇။ ကလေးအား အကျိုးသက်ရောက်မှုနှင့် အကြောင်းရင်းကို ရှင်းပြနိုင်ပါတယ်
သင့်ရဲ့ လုပ်ဆောင်မှုတွေကို ကလေးအား ရှင်းပြပေးပါ။ သူတို့ကို ဆူပူရင် သူတို့မှာ ဘာအပြစ်ရှိတယ်ဆိုတာ ပြောပြီးမှ ဆူပါ။ ဒါမှသာ ကလေးက သူတို့ရဲ့ အမှားတွေကိုသိလာမှာပါ။ သူတို့ရဲ့ လုပ်ရပ်တွေက တချို့ရလဒ်တွေကို ဖြစ်စေနိုင်တယ်ဆိုတာ သူတို့နားလည်သွားပါလိမ့်မယ်။ သူတို့ကို ရှင်းပြတဲ့အခါ တည်တည်ငြိမ်ငြိမ်ဖြစ်နေစေဖို့ ကြိုးစားပါ။
၈။ သင့်ကလေးဟာ အမှားတွေ လုပ်မိစေနိုင်ပါတယ်
ကလေးကို အလွန်အမင်း အပြစ်တင်ဖို့ မကြိုးစားပါနဲ့။ သူတို့ဘဝအတွက် ဘယ်အရာတွေက အန္တရာယ်ရှိနိုင်သလဲဆိုတာ ရှင်းပြသင့်ပါတယ်။ အခြားအရာတွေနဲ့ ပတ်သတ်လာရင် သူတို့ရဲ့ လွတ်လပ်ခွင့်ကို ပေးနိုင်ပါတယ်။ သူတို့ရဲ့ အမှားတွေထဲကနေ သင်ခန်းစာယူပြီး ကိုယ်ပိုင်အတွေ့အကြုံ ရရှိခွင့်ပေးပါ။ ဒါတွေက နောက်ပိုင်းမှာ အသုံးဝင်လာပါလိမ့်မယ်။ အမှားတွေ၊ ကျရှုံးမှုတွေနဲ့ စိတ်ပျက်စရာတွေက ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သတိရပေးပါ။
၉။ ကလေးရဲ့ ထင်မြင်ချက်တွေကို ဖော်ထုတ်ဖို့ ကူညီပေးပါ
သူတို့ရဲ့ ထင်မြင်ချက်တွေကို ထုတ်ဖော်ပြောဆိုဖို့ကလည်း အရေးကြီးပါတယ်။ ၎င်းက သူတို့ရဲ့ နားလည်မှုနှင့် ခံစားချက်ပေါ်မှာ အခြေခံပြီး သူတို့ရဲ့ ယုံကြည်ချက်များကို ထုတ်ဖော်ဖို့နှင့် အခြေအနေကို ပြန်လည်စဉ်းစားပြီး ဝေဖန်နိုင်တဲ့ စွမ်းရည်ကို တိုးတတ်စေပါတယ်။ အနာဂတ်မှာ တစ်စုံတစ်ယောက်ရဲ့ သြဇာလွှမ်းမိုးမှုအောက်မှာ ကျဆုံးလိမ့်မှာ မဟုတ်ပါဘူး၊
၁၀။ အချိန်တိုင်း ကလေးသေးသေးလေးလို
မဆက်ဆံပါနဲ့
အသက် ၃နှစ်အရွယ်ရောက်တဲ့အခါ ကလေးတွေဟာ အချို့သောတာဝန်တွေကို တဖြည်းဖြည်း လုပ်နိုင်လာပါပြီ။ ဥပမာ- ကစားစရာတွေကို နေရာတကျ ထားနိုင်လာပါတယ်၊ ကြီးပြင်းလာတာနဲ့အမျှ သူတို့လုပ်နိုင်တဲ့ အိမ်မှုကိစ္စတွေကို လုပ်ခိုင်းပါ။ ဒါက သူတို့ရဲ့ ဖွံ့ဖြိုးတိုးတတ်မှုအတွက် အထောက်အကူပြုပါတယ်။ ၎င်းက အခြားသူတွေကို ကူညီဖို့နှင့် အခြားသူတွေရဲ့ အလုပ်ကို လေးစားတတ်သူဖြစ်ဖို့ သင်ပေးနိုင်ပါတယ်။
Credit
လွတ်လပ်စွာ Share နိုင်ပါသည်။
ပြန်လည်မျှဝေသည်။
14/12/2022
ထိပ်တန်းအသက်အာမခံကုမ္ပဏီ (၂၀) ခု နဲ့ 2021 Fortune Global 500 List
Global 500 လို့ လူသိများတဲ့ Fortune Global 500 ဆိုတာ ဝင်ငွေဖြင့် တိုင်းတာတဲ့ ကမ္ဘာတစ်ဝှမ်းရှိ ထိပ်တန်းကော်ပိုရေးရှင်း 500 ၏ နှစ်စဉ် အဆင့်သတ်မှတ်ချက် တစ်ခုဖြစ်ပါတယ်။ အဆိုပါစာရင်းကို Fortune မဂ္ဂဇင်းက နှစ်စဉ် ပြုစုထုတ်ဝေပါတယ်။
Fortune Global 500 List - 2021 အရ ထိပ်တန်း အသက်အာမခံကုမ္ပဏီ (၂၀) ခုရဲ့ အဆင့်သတ်မှတ်ချက်များကို မျှဝေဖော်ပြပေးလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဝန်ဆောင်မှုပေးနေတဲ့ FDI အသက်အာမခံကုမ္ပဏီအချို့ရဲ့ Fortune Global 500 List - 2021 အဆင့်သတ်မှတ်ချက်တွေက ---
Rank in Global 500 Insurance Companies =============== ==================
1️⃣1️⃣9️⃣ Dai-ichi Life (Japan)
1️⃣6️⃣9️⃣ Manulife (Canada)
1️⃣8️⃣5️⃣ Prudential (UK)
2️⃣1️⃣3️⃣ AIA (Hongkong)
Source: fortune.com
crd.
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Mandalay