Maths Hub

Maths Hub

Share

How to teach Singapore Maths,Cambridge Maths,Pearson Maths,Olympiad Maths

06/02/2025
06/02/2024

Maths သင်ရိုးတွေက ဘာတွေ ကွာတာလဲ?

ဒီနေ့မှာတော့ သားငယ်၊ သမီးငယ်တွေကို သင်္ချာစွမ်းရည်တွေတိုးတက်စေဖို့အတွက် လေ့ကျင့်သင်ကြားပေးလိုကြတဲ့ မိဘတွေနဲ့ Maths သင်ကြားရေးနယ်ပယ်က ဆရာ၊ ဆရာမတွေ သိရှိမေးမြန်းလိုကြတဲ့ Singapore Math, Cambridge Math နဲ့ Olympiad Math တို့ရဲ့ ကွာခြားမှုတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

ဒီသင်ရိုးတွေကို အကြမ်းဖျင်းခွဲခြားလိုက်မယ်ဆိုရင် Academic Math နဲ့ Competition Math လို့ တွေ့ရမှာဖြစ်ပါတယ်။

Singapore Maths နဲ့ Cambridge Maths ကတော့ Academic Maths သင်ရိုးတွေ ဖြစ်ပြီး Olympiad Maths ကတော့ စွမ်းရည်ပြိုင်ပွဲအတွက်ရည်ရွယ်တဲ့ Competition Math ဖြစ်ပါတယ်။

Singapore Maths

- စင်ကာပူနိုင်ငံရဲ့ Government School မှာ ပြဋ္ဌာန်းသင်ကြားတဲ့ သင်ရိုးကို အခြေတည်ထားတာ ဖြစ်ပါတယ်။
- Primary Level နဲ့ Secondary Level ဆိုပြီး ရှိပြီးတော့ မြန်မာနိုင်ငံရဲ့ Government School တွေကိုတက်ထားတဲ့ ကလေးတွေနဲ့ ကိုက်ညီတဲ့ သင်ရိုးတစ်ခုဖြစ်ပါတယ်။

- Concrete-Pictorial-Abstract (CPA) Approach နဲ့ လေ့ကျင့်သင်ကြားပေးတာဖြစ်ပြီး Problem-Solving Skills တွေကို ဖွံ့ဖြိုးစေမှာ ဖြစ်ပါတယ်။

- လက်တွေ့ဆန်ဆန် ဖြေရှင်းလေ့ကျင့်မှုတွေကနေတစ်ဆင့် နက်ရှိုင်းတဲ့ သင်္ချာပညာရပ်ဆိုင်ရာ အသိပညာရပ်များကို တွေးခေါ်ဖြေရှင်းနိုင်စွမ်းတွေ တိုးပွားလာစေနိုင်ပါတယ်။

- International Mathematics Assessments တွေမှာ ကောင်းမွန်တဲ့ Results တွေ မြင်တွေ့ရတာကြောင့် Singapore Math ကို Private School, International School တွေမှာ တွင်ကျယ်စွာ အသုံးပြုလာတာဖြစ်ပါတယ်။

- အတွက်အချက်စွမ်းရည်သာမက တွေးခေါ်နိုင်တဲ့ စွမ်းရည်ကိုပါ မြှင့်တင်ပေးနိုင်တာကြောင့် ငယ်စဉ်ကတည်းက လေ့ကျင့်သင်ကြားပေးသင့်တဲ့ သင်ရိုးတစ်ခုလည်း ဖြစ်ပါတယ်။

Cambridge Maths

- Cambridge University ကနေ စီစဉ်ထားတဲ့ International Assessment Curriculum တွေထဲက တစ်ခု ဖြစ်ပါတယ်။
- ဒီသင်ရိုးမှာဆိုရင် Primary Level ကနေစပြီး Advanced Level အထိ ကလေးတွေကို အသက်အရွယ်အလိုက် သင်္ချာပညာရပ်ဆိုင်ရာ စွမ်းရည်တွေ၊ အယူအဆတွေကို ကျွမ်းကျွမ်းကျင်ကျင် သိရှိနားလည်စေဖို့ စီစဉ်ရေးဆွဲထားပါတယ်။
- လတ်တလော International School အများစုမှာ အသုံးပြုသင်ကြားနေတဲ့ သင်ရိုးတစ်ခုဖြစ်ပြီး
- Primary Stage၊ Lower Secondary Stage၊ Upper Secondary Stage နဲ့ Advanced Level (A Level) ဆိုပြီးတော့ အဆင့် (၄) ဆင့်ရှိပါတယ်။
- ဒီသင်ရိုးနဲ့သင်ကြားပြီးတဲ့အခါ ကလေးတွေရဲ့ Level အလိုက်တတ်မြောက်မှုကို စစ်ဆေးအကဲဖြတ်ပေးတဲ့ IGCSE, Cambridge International AS & A Level Mathematics တို့လို International Mathematics Assessment Exam တွေကို ဝင်ရောက်ဖြေဆိုနိုင်ပါတယ်။

- သင်္ချာစွမ်းရည်နဲ့ပတ်သက်ပြီး နိုင်ငံတကာ အသိမှတ်ပြု Certificate တွေရယူလိုတဲ့သူတွေအနေနဲ့ ဒီသင်ရိုးကို လေ့လာသင်ယူသင့်ပါတယ်။

28/01/2024

Want your school to be the top-listed School/college in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mandalay