KKT Civil Engineering Class

KKT Civil Engineering Class

Share

Civil

Photos from KKT Civil Engineering Class's post 21/05/2023
Photos from KKT Civil Engineering Class's post 01/09/2021

ဒီနေ့မှာ Floor beam Form work တွက်ပါမယ် Form work ဆိုတာက Concrete လုတ်ငန်းတွေအတွက် ယာယီ အသုံးပြုတာဖြစ်တယ် ဒါကြောင့် Form work တွက်တဲ့အခါမှာလည်း Connrete တွက်ခဲ့တဲ့ အတိုင်းတာတွေကိုပဲ ယူပြီးတွက်ရမယ် တွက်တဲ့အခါမှာတော့ ဘယ်အပိုင်းတွေ form work ဆင်ရမယ် မဆင်ရဘူး စဉ်းစားပြီး ကိုယ်ဆင်ရမယ့်အပိုင်းကိုယူပြီး တွက်ရမယ် GB တွက်ခဲ့တုန်းကဆိုရင် Beam ရဲ့ ဘေးနှစ်ဘက်ကို FW ဆင်တဲ့အတွက် အဲ့အပိုင်းကိုပဲ ယူပြီးတွက်တယ် Beam ရဲ့အောက်ခြေBက အုတ်ရိုးပေါ်မှာ တင်ထားတော့ FW ဆင်စရာမလို့တဲ့အတွက် ယူတွက်စရာမလိုဘူး အခု FB တွေကိုလည်း အဲ့လို စဉ်းစားကြည့်ရင် ဘေးနှစ်ဘက်ကာမယ် အောက်ခြေBကလည်း ကာမယ် အဲ့တော့ ဘေးနှစ်ဘက်ရော အောက်ခြေBရော တွက်ပေးရမယ် ဒါပေမယ့် အောက်ခြေကို ဒီမှာ တွက်ခဲ့ရင် Slab တွက်တဲ့အခါ အပိုင်းပိုင်း လိုက်တွက်ရင် အချိန်ပိုကြာလို့ Beam ရဲ့ အောက်ခြေကို Slab ထဲမှာ ပေါင်းတွက်ရမယ် ဒီလောက်ဆို FW တွက်တာ သဘောပေါက်မယ် ထင်ပါတယ် FB1 စတွက်ကြည့်မယ် FB1(concrete တွက်တာ) မှာကြည့်ရင် 3×1×20'×1'×1'-2" တွေ့မယ် Beam ရဲ့ အောက်ခြေB=1' က Slab ထဲမှာ ပေါင်းတွက်မှာဖြစ်လို့ 3×1×20'×1'-2" လို့ရမယ် ပြီးရင် Concrete တွက်တုန်းက 1st,2nd,3rd floor သုံခုစာတွက်တာမို့ 3 နဲ့ မြှောက်ထားတယ် ဒီမှာက Roof floor ပါ ပေါင်းတွက်မှာမို့ 4 နဲ့မြှောက်ရမယ် (ခွဲတွက်လည်းရပါမယ်) အဲ့တော့ 4×1×20'×1'-2 ရမယ် ပြီးရင် FW ဘေးနှစ်ဘက်ကာမှာမို့ 2 နဲ့ ထပ်မြှောက်မယ် အဲ့တော့ FB1&RB1=4×1×2×20'×1'-2" လို့ရမယ် FB2 ကို ဆက်ကြည့်ရင် Concrete တွက်တုန်းက 3×8×13'×9"×8" ရယ် 3×1×12'-9"×9"×8" ရယ် နှစ်ခုတွေ့မယ် အဲ့ဒါကိုလည်း FB1 တွက်သလို တွက်ကြည့်ရင် FB2&RB2=4×8×2×13'×8" ရယ်
=4×1×2×12'-9"×8" ရယ် ရမယ် အဲ့လိုပဲ စဉ်းစားပြီး FB3&RB3/FB4/Stair beam/Stair Roof Beam စတာတွေကို ကိုယ့်ဘာသာ တွက်ကြည့်​ပါ မရှင်းတာရှိရင် မေးပါ တွက်ပြီးသားတွေလည်း အောက်မှာတင်ပေးထားပါတယ် Floor beam တွက်တာပြီးပါပြီ

29/08/2021

ဒီနေ့မှာ Column form work ဆက်တွက်ပါမယ် Foundation ကနေ GF ထိ တွက်ပြီးပြီဆိုတော့ GF ကနေ RF အထိ တခါတည်းတွက်ပါမယ် Col size တွေက C1=15"×15"/
C2=12"×12"/P1=9"×9" ပါ ပါက်လည်အနားတွေပေါင်းရင် C1=5'/C2=4'/P1=3' ပါ အမြင့်H ကို Sectionပုံမှာပေးထားတာက C1&C2 အတွက် GF ကနေ RF ထိ 40' ပါ P1 အတွက် FF ကနေ RF ထိ 30' ပါ No က C1=1/C2=18/P1=1 ပါ အဲ့တော့ တွက်ကြည့်ရင်
Ground to Roof floor
C1=5'×40'×1
C2=4'×40'×18
P1=3'×30'×1 လို့ရပါမယ်
Roof floor ကနေ Stair roof အထိ ဆက်တွက်ပါမယ် Col size တွေက C2=12"×12" နဲ့ P1=9"×9" ပါ ပါက်လည်အနားတွေပေါင်းရင် C2=4'&P1=3' ရပါမယ် အမြင့်ကို ပုံမှာပေးထားတာက C2 အတွက် 9' နဲ့ P1 အတွက် 3'-6" ပါ No က Column layout(Roof) မှာ ကြည့်ရင် C2=4 & P1=14 လို့ တွေ့ပါမယ် တွက်ကြည့်ရင်
Roof floor to Stair roof
C2=4'×9"×4
P1=3'×3'-6"×14 လို့ရပါမယ် Column form work တွက်တာပြီးပါပြီ

Want your school to be the top-listed School/college in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00