Precise Tech Zone Page Boost Service
လူကြီးမင်းတို့၏ Online Business ရောင်းအားမြှ?
Online Registration Form ကိုယ်တိုင် တင်ကြမယ်...📣📣📣
Online Register တင်နည်းကို အစဆုံး အသေးစိတ် ရှင်းပြထားပေးတာမို့ ဒီ video လေး အဆုံးထိ ကြည့်ပြီးရင် Online Register ကိုယ်တိုင်တင်တတ်သွားမှာဖြစ်ပါတယ်
ကိုယ်တိုင်တင်ဖို့ အလုပ်မအားသူများအနေဖြင့်လည်း ကျွန်တော်တို့ Digital Native Marketing Agency & Precise Tech Zone Page Boost Service page လေးမှာ ဝန်ဆောင်ခ သက်သာစွာဖြင့် ဝန်ဆောင်မှုလေး ရယူနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင်...
အားလုံးပဲ အဆင်ပြေကြပါစေရှင်...🙏🙏🙏
29/09/2023
အားလုံးစောင့်မျှော်နေကြတဲ့ Online Shopping လုပ်ငန်း မှတ်ပုံတင် စနစ်မိတ်ဆက်ရှင်းလင်းပွဲ
-----------------------------------------------------------------
အွန်လိုင်းစနစ်ဖြင့်ရောင်းချသူများ(Online Sales)မှတ်ပုံတင်နိုင်ရေး အသိပညာပေးခြင်းနှင့် eComReg System စနစ် ဖွင့်လှစ်ခြင်းအခမ်းအနားကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် တက်ရောက်နိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။
-----------------------------------------------------------------
အမှတ်(၅၁/၂၀၂၃)အရ အွန်လိုင်းစနစ်ဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုရောင်းချသူများအားလုံးသည် မှတ်ပုံတင်လက်မှတ်လျှောက်ထား ရန် အကျုံးဝင်ပြီး မှတ်ပုံတင်လက်မှတ်လျှောက်ထားလိုသူသည် ရုံး၊ ဌာနများသို့ လူကိုယ်တိုင် လာရောက် ဆောင်ရွက်ရန်မလိုအပ်ဘဲ www.ecomreg.gov.mm မှတစ်ဆင့် အွန်လိုင်းစနစ်ဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့မှ စတင်၍ လျှောက်ထား ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း သိရရှိသည်။
မှတ်ပုံတင်ခြင်းကို မှတ်ပုံတင်ကြေးကင်းလွတ်ခွင့်နဲ့ အောက်တိုဘာလကနေ ဒီဇင်ဘာလကုန်အထိ ခွင့်ပြုထားပြီး အဲ့ဒီကာလကျော်ပါက မှတ်ပုံမတင်ပဲ အွန်လိုင်းကနေ ဈေးရောင်းသူတွေကို ဥပဒေအရအရေးယူမှာဖြစ်တယ်လို့ သိရပါတယ် ။
Online Registration ပြုလုပ်ဖို့အတွက်
-လုပ်ငန်း နာမည်
-Logo
-ရပ်ကွက်ထောက်ခံစာ
-ရဲစခန်းထောက်ခံစာ
များ လိုအပ်ပြီး မှတ်ပုံတင်ကြေးကင်းလွတ်ခွင့်ပြုထားတာကြောင့် Online Application Form ကြေး ၄၀၀၀ ကျပ်သာ ကျသင့်မှာဖြစ်တယ်လို့သိရပါတယ်။
ဒါ့ကြောင့်စည်ပင်လိုင်စင် နဲ့ အခြားအခွန်တွေ ပေးဆောင်ထားသူတွေလည်း အွန်လိုင်းကနေ ဈေးရောင်းချမယ်ဆိုရင် မှတ်ပုံတင်ဖို့ လိုအပ်တယ်လို့သိရပါတယ်။
မှတ်ပုံတင်ထုတ်ပေးပြီးနောက် တားမြစ်၊ ကန့်သတ် သို့မဟုတ် ဥပဒေနဲ့ ငြိစွန်းသော၊ အများပြည်သူရဲ့ လုံခြုံမှုကို ထိခိုက်စေနိုင်သော၊ ဘေးအန္တရာယ်ကင်းရှင်းမှု သို့မဟုတ် လုံခြုံစိတ်ချရမှုမရှိကြောင်း ယူဆရသော၊ ရိုးရှင်းမှန်ကန်တဲ့ သတင်းအချက်အလက်နဲ့ အာမခံမရှိကြောင်း ယူဆနိုင်တဲ့၊ ခွင်မပြု/တားမြစ်ထားသော စတဲ့ ကုန်စည်တွေ ရောင်းချခဲ့ရင် မှတ်ပုံတင်ပြန်လည်သိမ်းမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကတော့ အွန်လိုင်းရှော့ပင်းလုပ်ငန်းတွေကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (ဂ) အရ သတ်မှတ်ထားပါတယ်။
ဒါ့ကြောင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ၅ အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် အနည်းဆုံးထောင်ဒဏ် ၆ လကနေ အများဆုံး ထောင်ဒဏ် ၃နှစ်အထိ ချမှတ်နိုင်တဲ့အပြင် ငါးသိန်းထက်မပိုတဲ့ ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဥပဒေပြဌာန်းချက် အရ သိရပါတယ်။
Credit
#မှတ်ပုံတင်လက်မှတ်
18/09/2023
Sabei RealEstate 2 လုပ်ငန်းရဲ့ monthly package လေးအတွက် လောလောဆယ် ဖန်တီးထားပေးဖြစ်တဲ့ social ads designs လေးတွေပါ ၊
brand guideline နဲ့အညီ white & green colors ကိုသာ အဓိက သုံးထားပေးပါတယ် ၊ content လေးတွေကိုတော့ စံပယ်အိမ်ခြံမြေ page ထဲ ဝင်ရောက်ဖတ်ရှုလို့ရပါတယ်...
အိမ်ခြံကွက်တွေ ၊ ဝိုင်းတွေဝယ်မယ်ဆိုရင် အရေးအကြီးဆုံးအချက်က စာရွက်စာတမ်းအလိမ်အညာတွေမမိဖို့ ၊ကိုယ်ဝယ်မယ့်နေရာကအရှုပ်အရှင်းကင်းဖို့ အိမ်ခြံမြေနဲ့ ပက်သက်ရင် စိတ်ချရတဲ့ အကျိုးဆောင်ကို ညွှန်ပေးပါဆိုရင် ကိုယ်ကတော့ personal အရလည်း သိ ၊ royal client တစ်ဦးလည်းဖြစ် ၊ ယုံကြည်စိတ်ချလို့လည်းရတဲ့ စံပယ်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း Sabei RealEstate ကို ညွှန်ပေးဖြစ်မှာပါ ⚖️🤝
media buying (boosting) ဝန်ဆောင်မှုတွေအပြင် monthly package တွေပါ ထပ်မံယုံကြည်စွာ အပ်သွားပေးတဲ့ Sabei RealEstate ကို ကျေးဇူးအထူးတင်ပါတယ် ☺
လူကြီးမင်းတို့ရဲ့ လုပ်ငန်းတိုင်းအတွက် အဆင်ပြေဆုံးဖြစ်မယ့် strategy & content calendar ရေးဆွဲကာ client's objective နဲ့အညီ brand guideline အတွင်း သေချာလေး analyze လုပ်ကာ ဆောင်ရွက်ပေးဖို့ Digital Native Marketing Agency & Precise Tech Zone Page Boost Service က သင့်အတွက် စောင့်ကြိုနေလျက်ပါ...
Facebook marketing နဲ့ ပတ်သက်ပြီး ဘယ်လိုအခက်ခဲ ၊ အဆင်မပြေမှု error မျိုးစုံကိုမဆို တစ်နေရာတည်းမှာ ဝန်ဆောင်မှု ပေးမယ့် one stop service အနေနဲ့ဆို Digital Native ရှိနေပါတယ် ☺
boost charges အပြောင်းလဲရှိပါမယ် ❗❗❗
ဒီနေ့ ညနေပဲ
Visa rate တွေ ထိုးတက်သွားတာမို့
media buying (boosting) charges
အပြောင်းလဲရှိပါမယ်
ဝန်ဆောင်မှုလေး မယူခင်
စျေးလေး အရင်မေးပေးကြပါနော်...
အပ်ထားပြီးတဲ့ သူများကတော့
အရင် rate အတိုင်းပဲ
ဆက်ဆောင်ရွက်ပေးသွားပါမယ်...
Visa rate ကျရင်လည်း ချက်ချင်းစျေးလျှော့ပေးသလို rate ပြန်တက်တဲ့အခါလည်း စျေးလေး အနည်းငယ်တိုးပါရစေရှင်...
Bank Rate အရ 1$ - 400 ခုန်တက်သွားတာမို့
ဒီနေ့ကစပြီး Service Charges လေး အနည်းငယ် ပြောင်းလဲရမည်ဖြစ်ပါကြောင်း အားနာစွာနဲ့ အသိပေးပါရစေရှင်...
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
39 Street, Between 90x91 Streets
Mandalay
05033