DNTO English Language Classes
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from DNTO English Language Classes, School, မုတ်ပုလဲ စွယ်တော်ဘုရား တောင်ဘက် ထုံးဘိုတိုးဂိတ်အနီးအမရပူရမြို့နယ်, Mandalay.
30/04/2026
Page လေးမှာ အတင်ဖြစ်တာကြာလို့ အသင်တော့ဘူးလား မေးနေကြလို့ပါ။
ဝါသနာနှင့် အလုပ်ကတစ်ထပ်ထဲဆိုတော့ ဘယ်ပဲရောက်ရောက် အသက်မွေးဝမ်းကြောင်းအလုပ်အဖြစ် စာသင်တာအပြင်ဘာမှလုပ်ဖို့မတတ်သလိုဖြစ်နေပြီ။
ဒီနှစ်မှာ နွေရာသီသင်တန်းကစလို့ တစ်နှစ်လုံးOnline ရောOfflineပါ အတန်းတွေရှိပါတယ်ရှင့်။
အရွယ်နှင့် Level ပေါ်မူတည်ပြီး အခြေခံကစလို့ ကျွမ်းကျင်အဆင့်အထိသင်ကြားပေးနေပါတယ်။
တခါတခါ အင်တာနေရှင်နယ်စကူးလ်ပညာရေးအကြောင်းတွေရေးရင် တချို့က ပြည်တွင်း grade 12 ပညာရေးနဲ့ နှိုင်းယှဉ်ပြီး မေးကြ၊ စိတ်ဆိုးကြ၊ ငြင်းခုန်ကြနဲ့၊ တချို့ကလည်း အားငယ်ကြတယ်။
ငယ်ငယ်က ဘကြီးတစ်ယောက်ပြောတာ သွားသတိရတယ်။ နွားပွဲဈေးမှာ နွားဝယ်ရင် မင်းအိတ်ကပ်ထဲက ပိုက်ဆံကို ပဲ ကြည့်ပြီး ဝယ်တဲ့။
ကိုယ့်ဝမ်းနာကိုယ်ပဲသိတယ်လေ။ ကိုယ်တတ်နိုင်ရာ၊ ကိုယ်ယုံကြည်ရာပဲ ကြည့်ပြီး နေတတ်၊ ရွေးတတ်ရင် စိတ်ချမ်းသာရမှာပါ။
ကားတွေလိုပဲ သူ့တန်ဘိုးနဲ့သူတော့ ခရီးသွားလို့ရနေတာချည့်ပါပဲ။ လက်ဇပ်၊ ဂျီအမ်စီ၊ မာစီဒီး တွေကြည့်ပြီး အားငယ်နေရုံ နဲ့ သွားနေတဲ့ခရီးရပ်ထားထားလို့မှ မရတာ။
ကိုယ့်ဘဝနဲ့ကိုယ် ကိုယ်လုပ်နိုင်၊ ရနိုင်တဲ့ လမ်းကနေပဲ ခရီးကြမ်းကြမ်း၊ ဘဝ ကြမ်းကြမ်း၊ စိတ်ရှည်ရှည်နဲ့ ရောက်အောင် ခရီးနင်ကြရမှာပါ။
ဇွဲရှိရှိကြိုးစားကြရင် ဘာနဲ့သွားသွားခရီးရောက်ပါတယ်။
ဒါပေမယ့် လမ်းသိဖို့တော့လိုပါလိမ့်မယ်။
ကိုယ်မတတ်နိုင်လို့ ကောင်းတဲ့ကျောင်းကြီးတွေ မထားနိုင်တာ အပြစ်မဟုတ်ပေမယ့်၊ ကောင်းတဲ့ပညာရေးလမ်းကြောင်းကို မသိရင်၊ မလုပ်တတ်ရင်တော့ ကိုယ့်အပြစ်ပါပဲ။
သားသမီးတွေရဲ့ ပညာရေးလမ်းကြောင်းမှန်ကန်ဖို့ မိဘတွေ လိုက်နာသင့် လေ့လာသင့်တဲ့ အချက်တွေက
၁) စားများများဖတ်ရမယ် (ဆောင်းပါး, စာအုပ်စာပေ စသည်)
၂) ပညာတတ်မိသားစု အသိုင်းအဝိုင်း(community) တွေနဲ့ပူးပေါင်းရမယ်။
၃) နည်းပညာအသုံးပြုနည်းလေ့လာရမယ်။
၄) ကိုယ့်အိမ်ကို learning environment တစ်ခုဖြစ်အောင် ဖန်တီးရမယ်
၅) ကိုယ်တိုင်က လက်ဦးဆရာကောင်းဖြစ်အောင် နေရမယ်
၆) ကလေးတွေရဲ့ ဆရာတွေ နဲ့ လိုအပ်ရင်လိုအပ်သလို ဆွေးနွေးတိုင်ပင် ရမယ်။
၇) နောက်ဆုံးအချက်အနေနဲ့ မိဘကိုယ်တိုင်က ကလေးကို ဘယ်လောက် ကြင်နာနွေထွေးမှုပေးသလဲ၊ ဘယ်လောက်သည်းခံသလဲ၊ ဘယ်လို ခွန်အားတွေပေးလဲဆိုတာက အိမ်မှာ စာသင်ကြားပေးတာထက် ပိုပြိး တန်ဘိုးရှိပါတယ်။
ပညာရေးကောင်း၊ ကျင့်ဝတ်ကောင်း နဲ့ အမြဲသင်ယူနေရမယ့် ဝန်းကျင်ကောင်းဖြစ်အောင် ပြုစုပျိုးထောင်နိုင်ကြပါစေ
ဆက်ပါအုံးမယ်
ကျေးဇူးတင်ပါတယ်Credit-Soe Naing
ကျွန်မပတ်ဝန်းကျင်မှာတွေ့ရသလောက်ကတော့ သားသမီး တွေရှေ့ရောက်ဖို့က မိဘတွေအမျှော်မြင်ရှိဖို့လိုသလို ညာဏ်ပါပြီး စေတနာမှန်ဖို့လိုပါတယ်။
ကိုယ့်ထက်သာတဲ့Generationကိုထားနိင်ခဲ့မှ အနာဂတ်ပိုလှမှာ။
01/08/2025
နေရာအသစ်မှာIn personအတန်းတွေပြန်စနိင်ဖို့ကြိုးစားနေပါတယ်
01/08/2025
ကျောင်းသားမိဘတွေမေးနေကြလို့ postတင်လိုက်ပါတယ်
ငလျင်ကြောင့် အိမ်ပြောင်းလိုက်ရပြီး in-person Classesတွေမဖွင့်ဖြစ်သေးပေမဲ့ Online Classesတွေကတော့ သင်နေပါတယ်
အသက်အရွယ် အတန်းနှင့်Levelပေါ်မူတည်ပြီး အခြေခံကစ သင်ပေးပါတယ် တချို့ကလေးတွေကိုတော့ groupနဲ့သင်တဲ့အတန်းမှာ မjoinနိင်သေးရင် One on One အတန်းမှာ၂လ၃လေလာက်အရင်ဆုုံးTrainပြီးမှ သင့်တော်ရာအတန်းက်ု တွဲသင်ပေးပါတယ်။
Basic Class (G7and above students)(ဆရာကြီးဦးမြကြိုင် သင်ရိုးပါ)
Child Course(Grammar and Vocabulary)
Age 6years old and above
Let's go Series
Oxford Primary Skills(Reading and Writing)
Level အားလုံး အတန်းအ္းလုံးမှာ4skills သင်ကြားပါသည်။
Contact Number-09421158042Tr Nyo Thwe Oo
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
မုတ်ပုလဲ စွယ်တော်ဘုရား တောင်ဘက် ထုံးဘိုတိုးဂိတ်အနီးအမရပူရမြို့နယ်
Mandalay