Nyo Lay Lwin - Physics Online Class
Grade 10, Grade 11 and grade 12
Physics Online Class
🍀GED ဆိုတာ ဘာလဲ?🍀
🍀ဘယ်အတန်းဆို GED ဖြေလို့ရနိုင်မလဲ🍀
🍀အမှတ်ကောင်းဖို့ လိုလား🍀
🍀ဘယ်လိုအားသာချက်တွေ ရှိနိုင်သေးလဲ🍀
ဒီမေးခွန်းလေးတွေကို ကျောင်းသူကျောင်းသားအများစုသာမက ကျောင်းသားမိဘများပါ စိတ်ဝင်တစားရှိလာတဲ့အတွက် ဒီနေ့မှာတော့ GED နဲ့ ပတ်သက်ပြီး အနည်းငယ် ပြောပြပေးချင်ပါတယ်။
🍀 ပထမဆုံးအနေနဲ့ GED ဆိုတာဘာလဲ ဆိုတဲ့အကြောင်းကိုပြောပြပေးသွားပါမယ်။
GED ဆိုတာက စစ်အတွင်းတုန်းက အထက်တန်းမတက်လိုက်ရတဲ့အမေရိကန်လူမျိုးတွေနဲ့စစ်သားတွေ၊ အကြောင်းအမျိုးမျိုးကြောင့် အထက်တန်းတက်ဖို့ ခက်ခဲခဲ့တဲ့သူတွေအတွက် အမေရိကန် Federal Government က ခွင့်ပြုထားတဲ့ အထက်တန်းနဲ့ညီမျှသော အောင်လက်မှတ်တစ်ခုဖြစ်ပါတယ်။
GED ရဲ့ဆိုလိုရင်းကတော့ General Educational Development ပဲဖြစ်ပါတယ်။ GEDရဲ့သင်ရိုးပုံစံက အမေရိကန် နိုင်ငံရေး၊စီးပွါးရေး၊ယဉ်ကျေးမှု စတာတွေကို အခြေခံထားတာကြောင့် အမေရိကန်ပြည်ထောင်စုမှာ အသက်မွေးဝမ်းကြောင်းကောလိပ်သွားတက်ရောက်မဲ့သူတွေအတွက် အထူးသင့်လျော်အောင် ရေးဆွဲခဲ့တဲ့ သင်ရိုးဖြစ်ပါတယ်။
ပြည်ပနိုင်ငံတွေမှာ University or College တက်ရောက်နိုင်ခွင့်ရဖို့အတွက် အထက်တန်းအောင်လက်မှတ်မလိုဘဲ GED အမှတ်သတ်မှတ်ချက်ပေါ်မူတည်ပြီး ကျောင်းအပ်လျောက်ထားနိုင်တာဖြစ်လို့ နိုင်ငံခြားမှာ ကျောင်းဆက်တက်ဖို့ကို အိမ်မက်ရှိကြတဲ့ လူငယ်တွေ အတွက် GED က အထောက်အကူ ဖြစ်စေနိုင်တာပဲ ဖြစ်ပါတယ်။
🍀 GED ကို ဘယ်သူတွေတက်ရောက်သင့်လဲ။
GED ရဲ့ ဘာသာရပ်အကုန်လုံးက English လိုဖြစ်တာကြောင့် intermediate level ရှိတဲ့ဘယ်သူမဆို တက်ရောက်နိုင်ပါတယ်။ အမေရိကန်မှာ အသက်မွေးဝမ်းကြောင်းကောလိပ် တက်ရောက်ဖို့ ဆုံးဖြတ်ထားသူတွေအတွက်က GED ကို တက်ရောက်တာကသင့်လျော်မှုရှိလှပါတယ်။
Grade 8 ကနေ Grade 10ကြားရှိတဲ့ကလေးများကိုလည်း မိဘတွေက GED ဖြေလို့ရနိုင်လားလိုမေးလာခဲ့ရင်တော့ မိမိကလေးရဲ့ ပညာရေးနောက်ခံက ခိုင်ခိုင်မာမာရှိပြီး English ကိုလည်း intermediate level အထိ အနည်းဆုံးရှိရင်တော့ try ကြည့်လို့ရပါတယ်။ GED က နှုတ်တိုက်ကျက်ပြီးဖြေဆိုလို့မရတဲ့အတွက် မိမိဘက်က ကြိုးစားအားထုတ်မှုအပြည့်ရှိဖိုတော့လိုပါတယ်။
🍀 GEDတက်ရောက်ပြီးတော့ ဘယ်လိုကျွမ်းကျင်မှုတွေရရှိသွားမလဲ။
GED မှာ Reasoning Through Language Arts (RLA),
Mathematical Reasoning,
Science,
Social Studies ဆိုတဲ့ ဘာသာရပ် (၄)ခုကိုသင်ကြားရမှာဖြစ်ပါတယ်။ GED တက်ရောက်ပြီးရင် အနည်းဆုံးတော့ ပြဿနာဖြေရှင်းနိုင်စွမ်း နဲ့ လူမှုပေါင်းသင်းဆက်ဆံရေးစွမ်းရည် တွေကိုရရှိသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် ဒါရေးဒါဖြေ မဟုတ်တဲ့အတွက် ကိုယ်ပိုင်ကြိုးစားအားထုတ်ရတာဖြစ်တဲ့အတွက် personal development ကိုယ်ရည်ကိုယ်သွေးလည်း တိုးတက်လာမှာဖြစ်ပါတယ်။
🍀 GEDအမှတ်ကောင်းရင် ဘာတွေလုပ်လို့ရသလဲ။
GEDအမှတ်ကောင်းရင် ဘာလုပ်လို့ရသလဲဆိုတဲ့အဖြေကတော့ နိုင်ငံတကာက တက္ကသိုလ်တွေမှာ GEDကိုလက်ခံတဲ့ မည်သည့်ကျောင်းကိုမဆို မိမိစိတ်ကြိုက် ရွေးချယ်တက်ရောက်နိုင်မှာပဲ ဖြစ်ပါတယ်။
GED အောင်လက်မှတ်ရထားတဲ့သူတစ်ယောက်အနေနဲ့ USA(Community Collaboration, Public/Private University)
Thailand(Public/Private)
Singapore(Private)
Switzerland(Hospitality & Tourism, Culinary Arts Schools)
Malaysia (Private)
Japan (Private University) စတဲ့နိုင်ငံတွေက ပညာဆက်လက်သင်ယူနိုင်မှာပဲဖြစ်ပြီး မိမိတို့ရဲ့ အိပ်မက်တွေဆီ သွားရောက်နိုင်ဖို့အတွက် ချိတ်ဆက်တံတားတစ်ခုဖြစ်တဲ့ GEDကို အမှတ်ကောင်းကောင်းရဖို့ ကိုယ်တိုင်ကလဲ ကြိုးစားအားထုတ်မှုတွေလုပ်ထားဖို့ လိုပါတယ်။
ကျောင်းသား၊ကျောင်းသူများအနေနဲ့ မိမိတက်ချင်တဲ့ကျောင်းရဲ့ requirements တွေကို ကျောင်းရဲ့ website မှာ သွားရောက်လေ့လာပြီး GED အမှတ်ကို လိုသလိုကြိုးစားဖြေကြဖို့ တိုက်တွန်းလိုပါတယ်။
နောက်တစ်ရက်မှာတော့ GED အောင်လက်မှတ်ကို လက်ခံတဲ့ နာမည်ကျော်နိုင်ငံတကာ တက္ကသိုလ်များကိုလဲ သိထားသလောက် ထပ်မံ ဖော်ပြပေးသွားပါမယ်နော် ။
Stay Tuned & Stay safe ❤️
New Grade 10 Physics Online class က မနက်ဖြန် ညနေဆို စဖွင့်ပြီနော့်။
အမေးများတဲ့ စနစ်ဟောင်း ဒသမတန်း Physics Online class ကလဲ မကြာခင်ဖွင့်တော့မှာမို့ စာရင်းတွေလက်ခံနေပါပြီ။
သိချင်တာရှိရင် အချိန်မရွေး messenger ကနေ ဆက်သွယ်လိုက်ပါနော်။
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
62nd
Mandalay
Opening Hours
| Monday | 09:00 - 21:00 |
| Tuesday | 09:00 - 21:00 |
| Wednesday | 09:00 - 21:00 |
| Thursday | 09:00 - 21:00 |
| Friday | 09:00 - 21:00 |
| Saturday | 09:00 - 21:00 |
| Sunday | 09:00 - 21:00 |