JoukGyi Create
!!U can change what u do but u can't change what u want!!
07/05/2023
ကဗျာဆရာကိုရဲသွေးရဲ့ Essay အတွက် ပုံဖော်ပေးဖြစ်တာလေး အမှတ်တရ တင်ထားပါတယ်
#ချစ်သောနန်းဆီသို့ပေးစာ
နေကြာ
ဘယ်တော့မှ ပြန်မဆုံနိုင်တော့မဲ့ နေမင်းကြီးကို လိုက်ကြည့်ပီး ဘာလို့ အပင်ပန်းခံနေတာလဲ
နေကြာပန်းရယ်
ပင်ပန်းတယ်လို့တောင်မင်းတွေးရဲ့လား
နေ့တိုင်း စားနေတဲ့ မနက်စာ တခွက်လို မင်းအတွက် သမားရိုးကျ ဖြစ်စဉ်တစ်ခုပဲလား
အလွတ်ရနေတဲ့ ကဗျာလေး တပုဒ်လို
အချိန်မှန်မှန် ကျနေတတ်တဲ့ နှင်းစက်တွေလို
စည်းချက်ကျကျ ခုတ်မောင်းနေတဲ့ ရထားတစ်စင်းလို
မင်းကတော့
ဘာမှ မဖြစ်သလို အေးစက်စက်နိုင်လှချည်ရဲ့
သီချင်းသံတွေ ကြားရင်တော့ မင်း ကချင်မယ် ထင်တယ် ဒါတော့ ငါ့ အတွေးပေါ့လေ
ဒါပေမဲ့ မင်းပျော်နေတာကိုငါ မမြင်ဖူးတာ သိပ်ကိုကြာနေပီ
နေမင်းကြီးကို ဒီလောက်တောင်ပဲ ချစ်ရသလားကွာ
မင်းပြောပြပါဦး
ညကမက်တဲ့ အိပ်မက်အကြောင်း
မိုးအုံ့တဲ့ရက်တွေကို
ဘယ်လို ဖြတ်သန်းရတဲ့အကြောင်း
အိပ်ရာနိုးရင် မင်းလိုက်ရှာတတ်တဲ့ နေမင်းကြီးအကြောင်း
ငါသိချင် ကြားချင်လိုက်တာ
လောကကြီးက အရာရာ ပြည့်စုံခွင့်ကို တားမြစ်ထားတယ် ထင်ပါရဲ့
မဟုတ်ရင် မင်းလည်း ငိုနေတဲ့ နေကြာ ဘယ်ဖြစ်ပါ့မလဲ
မင်းမှာ ထုတ်ပြစရာ မလိုလောက်အောင် သိသာတဲ့
အချစ်တွေ ပြည့်လို့ပါလား
မင်းရဲ့ သစ္စာရှိမှုကို ဘယ်ကောင်လာပီး စိန်ခေါ်ရဲပါ့မလဲ
ငါမင်းကို မသနားပါဘူး
ငါမင်းကို အားကျတာ
နေကြာပန်းလေးရေ
ငါ့ကိုယ်ကို ပြန်မြင်နေရသလို
ငါ့အကြောင်းတွေ ထင်ဟပ်နေသလို
ငါလဲ မင်းလို
သူ့ကို သိပ်ချစ်တယ်
#ဆာဂျောက်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Mandalay