Myat-Business Advisor

Myat-Business Advisor

Share

☘️🩵☘️ World Gold ,Oil & Currency

ကမ္ဘာ့ရွှေဈေးကွက် နှင့်နိုင်ငံတကာငွေကြေး ဈေးကွက် ၌ အရောင်းအဝယ်လုပ်ပြီးအကျိုးအမြတ်ရှာလိုသူများကို ဖိတ်ခေါ်ကြိုဆိုပါတယ်ရှင့်

03/07/2025

🤗 " သန်မာဖို့ ဒဏ်ရာလိုတယ်" 🙁

မပြည့်စုံတဲ့ဘဝမို့
လောကဓံရဲ့ ရိုက်ချက်တွေကို
သူများတွေထက် ၊ခပ်ပြင်းပြင်း ခံရတယ်။

နှိမ်ချဆက်ဆံခံရတဲ့ နာကျင်မှုတွေ၊
တန်းတူမဆက်ဆံခံရတဲ့သိမ်ငယ်မှုတွေ။

ဒီလောက်နဲ့ တော်ပါတော့လို့ ဘယ်သူ့ကို
ရှိခိုးပြီး တောင်းပန်ရမလဲ မသိခဲ့ဘူး။

ဘယ်သူကမှ ကိုယ့်ဒဏ်ရာကို
မြင်အောင်မကြည့်ပေးခဲ့ကြဘူး။
ထိုးနှက်ဖို့ပဲ အသင့်ဖြစ်နေတဲ့သူတွေမှာ
ကိုယ်ချင်းစာစိတ်မရှိဘူး။

ဆွဲချဖို့ပဲ အသင့်ပြင်နေတဲ့လက်မှာ
ငဲ့ညှာမှုတွေ မရှိဘူး။
ငါဟာ တစ်သက်လုံး အနိုင်ရဦးမယ်။
ငါဟာ တစ်သက်လုံး အထက်စီးကပဲ
နေရဦးမယ်လို့ လွဲမှားစွာ ခံယူနေပုံပါပဲ။

ငိုနေရင်း ကျရှုံးနေရင်းနဲ့ပဲ
မာကြောတတ်လာတယ်။
နားနဲ့ကြားရသမျှကို ရင်ဘတ်ထဲ ထည့်ပြီး
အစိုင်အခဲတစ်ခုအဖြစ် ပြောင်းလဲရတယ်။

နောက်ထပ် မငိုချင် တော့ဘူး။ ခံစားမှုတွေက
မျက်ရည်အဖြစ်ပြောင်းသွားရင် စိတ်ပျော့သွားမှာစိုးတယ်။

နာမည်ဖြေမိပါ။စိတ်ရှိ

ငါဟာ ဒီအချိန်မှာ ခေါင်းငုံ့နေရမယ်။
ဒါပေမဲ့ တစ်သက်လုံးတော့ဒီအတိုင်းကြီး မနေဘူး။
တစ်နေ့ကျရင် ငါက သူတို့ထက်သာရမယ်။

အဖွား ခဏခဏ ပြောဖူးတဲ့ ဆုံးမ စကား။
ဒီလိုနဲ့ နေတတ်လာတယ်။ ဖြေတတ်လာတယ်။

သူက အခုထိ မပြိုလဲသေးဘူးလား ဆိုတဲ့
အသံတွေ ပြန်ကြားရတော့
ကိုယ့်ကိုယ်ကိုယ် ချီးကျူးမိတယ်။

ဒဏ်ရာတွေဟာ
အမာရွတ် ဖြစ်နေပြီထင်တယ်။
လဲကျဖို့ထက် သန်မာပြဖို့
စိတ်အားထက်သန်လာတယ်။
ဘယ်လက်ကိုမှ အားကိုးတကြီး
မဆုပ်ကိုင်တော့ဘူး။

ဘယ်မျက်ဝန်းဆီကမှ
ကြင်နာမှုကို မပျော်တော့ဘူး။
သန်မာပြဖို့လုံလောက်တဲ့ ဒဏ်ရာတွေရခဲ့ပြီ။
ဆက်လက်ကြံ့ခိုင်ဖို့ပဲ လိုတော့တာ။

08/10/2023

Opening Gap[_]
W.G opening price-1850
Friday market closed price-1831

Want your business to be the top-listed Business in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


MDY
Mandalay