KMA

KMA

Share

Fruits and vegetables

16/02/2022

အိုမီခရွန် ရောဂါလက္ခဏာများ စာရင်းကြီးနဲ့ ဖြဲမခြောက်ပါနဲ့

အိုမီခရွန် ကူးစက်ခံရရင် အများဆုံးခံစားရနိုင်တဲ့ ထိပ်ဆုံး ၅ ခု ရောဂါလက္ခဏာတွေကို တင်ပြထားပါတယ်။ ရောဂါလက္ခဏာပေါင်း ၂၀ စာရင်းကို တင်တာတွေ့ထားတယ်။ အခုထိ အဲဒီစာရင်းရှည်ကြီးကို တယောက်ပြီး တယောက်က ထပ်တင်နေကြတယ်။ အချက်အလက်တွေက မတိကျပါ။ ကျန်းအမာရေးမှာ ချဲ့ကားမပြောရ။ လျှော့ပေါ့လည်း မပြောရပါ။

အိုမီခရွန် ကူးစက်ခံရရင်ခံစားရနိုင်တဲ့ ရောဂါလက္ခဏာ ၁၁ ခုသာရှိတယ်။
1. Fever or chills ဖျား၊ ချမ်းဖျား၊
2. Cough ချောင်းဆိုး၊
3. Shortness of breath or difficulty breathing အသက်ရှုရခက်၊
4. Fatigue အားနည်း၊
5. Muscle or body aches ကိုယ်လက်ကိုက်ခဲ၊
6. Headache ခေါင်းကိုက်၊
7. New loss of taste or smell အနံ့ အရသာပျက်၊
8. Sore throat လည်ချောင်းနာ၊
9. Congestion or runny nose နှာစေး၊
10. Nausea or vomiting ပျို့အန်၊
11. Diarrhea ဝမ်းပျက်။

The top 5 Omicron symptoms အများဆုံးဖြစ်တတ်တဲ့ လက္ခဏာ ၅ မျိုး
1. runny nose နှာရည်ယို
2. headache ခေါင်းကိုက်
3. fatigue (mild or severe) အားနည်း
4. sneezing နှာချေ
5. sore throat လည်ချောင်းနာ။

အောက်ပါ လက္ခဏာတွေဖြစ်လာရင် ဆရာဝန်ပြပါ
1. Trouble breathing အသက်ရှူခက်ခြင်း၊
2. Persistent pain or pressure in the chest ရင်ဘတ်ကဆက်တိုက်နာခြင်း၊
3. New confusion စိတ်မကြည်မလင်ဖြစ်လာခြင်း၊
4. Inability to wake or stay awake နိုးနေသလို မဖြဘဲ အိမ်ချင်နေခြင်း၊
5. Pale, gray, or blue-colored skin, lips, or nail beds, depending on skin tone ဖြူဖတ်ဖြူရော်၊ နှုတ်ခမ်းပြာ၊ လက်သည်းတွေပြာလာခြင်း။

• Delta ဒယ်လ်တာမှာရော Omicron အိုမီခရွန်မှာပါ အတူတူဖြစ်တယ်။
• fever ဖျား cough ချောင်းဆိုးနဲ့ loss of sense of smell or taste အရသာ သို့မဟုတ် အနံ့ပျက်တာ ၅၀% မှာ ဖြစ်ကြတယ်။
• အခုဖြစ်တာတွေမှာ အရသာ သို့မဟုတ် အနံ့ပျက်တာ နည်းတယ်။
• ကိုဗစ်-၁၉ ဖြစ်စကာလတွေမှာ ရောဂါလက္ခဏာပေါင်း အနည်းဆုံး ၁၀ ခုရှိရာကနေ အခု အထက်ပါ ၅ ခုက အများဆုံးဖြစ်ပါတယ်။
• အဲဒီလက္ခဏာ တခုခုခံစားရသူတွေ ကိုဗစ် စစ်ပါ။

စာရင်းကြီးနဲ့ ဖြဲခြောက်သလို မလုပ်သင့်ကြပါ။

ဒေါက်တာတင့်ဆွေ

Want your business to be the top-listed Furniture Store in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


58 Street 26/27 Bet
Mandalay
05021

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00