3565 -Sim Number Shop
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 3565 -Sim Number Shop, Shopping centre, Mandalay.
26/11/2023
"မှတ်သားဖွယ်ဘဝနေနည်းများ"
တကယ့်တန်ဖိုးရှိတယ်စကားပါ။
အောင်မြင်ငူဟာ ဘယ်တော့မအားပါဘူးတယ်။
၁။ ကိုယ့်မူ နဲ့ ကိုယ်နေပါ။
၂။ အကောင်းမြင်စိတ် မွေးပါ။ စိတ်ကောင်းထားပါ။
၃။ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကို မခံပါနဲ့။
၄။ ကိုယ့်ကိုယ်ကိုယ် သူများတွေနဲ့ မနိုင်းယှဉ်ပါနဲ့။
( အားငယ်စိတ်တွေ ဝင်တတ်သည်)
၅။ မှားခဲ့တဲ့ အမှားတွေကို ခနခနမတွေးပါနဲ့။( စိတ်ဆင်းရဲတတ်ပါတယ် )
၆။ မှားခဲ့တဲ့ အမှားတွေကို သင်္ခန်းစာယူပါ။
၇။ အရည်မရ အဖတ်မရတဲ့ အတင်းအဖျင်းပြောတာ ရှောင်ပါ။
၈။ အားနာတတ်တဲ့ အကျင့်ကို ဖျောက်ပါ။( ကိုယ်ကသာခံဘက်ကချည်းပဲမို့ )
၉။ မှားမှား၊ မှန်မှန်၊ အကျိုးမရှိရင် မငြင်းခုန်ပါနဲ့။
( ပြောနေလဲ ဘာမှမထူးဘူး )
၁၀။ ပိုက်ဆံကို ပစ္စုပ္ပန်မှာပဲအကုန်မသုံးပါနဲ့၊ အနာဂတ်အတွက်လည်း ချန်ထားပါ။( ကျန်းမားရေးကို မေ့မထားပါနဲ့ )
၁၁။ စီးပွားရေးကို ဖြတ်လမ်းကလိုက်ဖို့ ဘယ်တော့မှ မကြိုးစားနဲ့။( အကျနာတတ်တယ် )
၁၂။ မအောင်မြင်ချင်နေပါစေ မကျရှုံးပါစေနဲ့။( စိတ်ဓာတ် )
၁၃။ သူများပြောတိုင်း ယုံတတ်တဲ့ အကျင့်ကို ဖျောက်ပါ။
၁၄ ။ဆိုဆုံးမလို့ မရတဲ့သူကို အာညောင်းခံပြီး ပြောမနေပါနဲ့။
၁၅။ ရင့်ကျက်တည်ငြိမ်သူဖြစ်အောင် ကြိုးစားပါ။
( စာများများ ဖတ်ပါ )
၁၆။ မလိုအပ်ပဲ စကားများများပြောခြင်းကို ရှောင်ပါ။
၁၇။ ပျော်ပျော်နေပါ ပေါတောတော မနေပါနဲ့။
၁၈။ အမှတ်ထားပါ၊ အငြိုးအာဃာတ မထားပါနဲ့။
#အကောင်းဆုံးရှင်သန်နေထိုင်ပါ
25/11/2023
ငွေကြေးအခက်ခဲဖြစ်နေသူများ
ငွေကြေးရရန်ကြန့်ကြာနေသူများ
ငွေကြေးကြောင့်သောကရောက်နေသူများ
ငွေအဝင်နည်းငွေအထွက်များနေသူများ
ငွေကြေးမစုဆောင်းမိရသမျှကုန်နေသူများ
အဓိဌာန်ပါဝင်လိုသူများ အနေဖြင့် ....
သာမညတောင်ဆရာတော်ဘုရား၏ နေ့စဉ်
မုဆိုးရွှေရကိန်းအချိန်များတွင် အဓိဌာန်ပြုလုပ်ပါမယ်။
လာမည့် မိမိမွေးနေ့မှ စ၍ နေ့ရက်အလိုက် ....
အောက်ပါအချိိန်များတွင် ......
( ဥုံအရဟံလာဘံသိဒ်ဓိ )
၁၀၈ လုံး ပုတီးဖြင့် သုံးပတ်စိပ်ပါမယ်။
အလုပ်မှာ အဆင်မပြေပါက တာလီဖြင့် စိပ်ပါမယ် ။ အနည်းဆုံး ၉ ရက်ပြုလုပ်ရပါမယ်။
ရက်ပျက်ခဲ့သော် မွေးနေ့မှ ပြန်စရပါမယ်။ ရက်ပြည့်ခဲသော် နား၍ရသည်။
နောက်တစ်ကြိမ်ပြန်စသော် မွေးနေ့မှစပြီး အဓိဌာန်ပြုလုပ်နိုင်သည်။ ဤကျင့်စဥ်ကို ရာသက်ပန် ပြုလုပ်နိုင်ပါသည်။
ယုံကြည်စွာနဲ့ပြုလုပ်ပါက အကျိုးပေးမြန်စေသည်။
21/11/2023
ပံ့သကူပစ်ပါ!
တန်ဆောင်မုန်း လပြည့်ည ၁၂ နာရီမှာ ပံ့သကူပစ်ပါ။
ကိုယ်ပြန်ရမယ့် စီးပွား လာဘ်လာဘ ကိုမမျှော်ကိုးပဲ
စိတ်စေတနာ သန့်ရှင်းစွာ ပံ့သကူပစ်ပါ။
အစစအရာရာ ကြပ်တည်းလာတဲ့ ခေတ်မှာ
ပံ့သကူပစ်ပါ ရတဲ့ သူ ပျော်ရွှင်ပါစေ။
ငွေပမာဏ နဲသည် ဖြစ်စေ ၊ များသည်ဖြစ်စေ
ပစ္စည်း နဲသည်ဖြစ်စေ၊ များသည်ဖြစ်စေ
ကိုယ် တတ်နိုင်သည့် ပမာဏလေးကို
စေတနာ များစွာဖြင့် ပံ့သကူပစ်ပါ။
နောင်ဘဝရမည့်ကုသိုလ်၊ ယခုရမည့် ကုသိုလ် အသာထား ကြပ်တည်းနေကြတဲ့ အချိန်မှာ
ကိုယ့် ပံ့သကူလေးကြောင့် ရတဲ့သူပျော်သွားရင်
ကိုယ်ပီတိဖြစ်ရတာက အခုချက်ခြင်းရတဲ့
အကျိုးကျေးဇူးပါပဲ။
သူခိုးကြီးညမှာ စနောက်ပြီး ကျီးမနိုးပွဲလုပ်ကြသလို။
ပံ့သကူပစ်ပွဲ အစဉ်အလာလေးလဲ ဆက်ထိန်းသိမ်းကြပါစို့နော်။
ငွေ ၅၀၀ ဖြစ်စေ၊ ဆန်အိပ်သေးသေးလေးဖြစ်စေ
ဖန်ခွက်လေး တစ်ခုဖြစ်စေ
ပံ့သကူပစ်ပါသည်လို့ စာလေးရေးပြီး
ပံ့သကူပစ်ကြပါနော်။
ပံ့သကူရတဲ့ သူကလည်း မည်သူမည်ဝါပေးမှန်းမသိတော့
ဦးဘယ်သူက၊ ဒေါ်ဘယ်သူက ငါ့ကို ပေးကမ်းထားတာပဲဆိုတဲ့
အကြွေးလို ခံစားရမည့်အသိ
ကျေးဇူးကြွေး ဝန်ထုပ်ဝန်ပိုးလည်း မရှိတော့ဘူး။
သူလည်း လွတ်လွပ်စွာ ပျော်
ကိုယ်လည်း ပုဂ္ဂိုလ်စွဲမရှိ ဖြူစင်စွာလှူ
ဘယ်လောက် ဖြူစင် အေးချမ်းလိုက်သလဲ။
ပံ့သကူပစ်တဲ့ အခါ
ဗုံးလား၊ မသာမာတဲ့ ပစ္စည်းလား ဆိုပြီး
မြင်တဲ့သူ စိတ်မပူရအောင်
ကိုယ်လှူမယ့် ပစ္စည်းက
၁။ အိတ်နဲ့ ထည့်မှ ရမည်ဆိုလျှင် ကြွပ်ကြွပ်အိတ် အကြည်သုံးပေးပါ။
၂။ အိတ်မလိုရင် ဒီအတိုင်းလေး ပစ်ပါနော်
အထူးအရေးကြီးတာက
"ပံ့သကူပစ်ပါသည်" ဆိုတဲ့ စာလေး ကပ်ထားပေးနော်
ရတဲ့သူတွေ ဘေးကင်းပြီး သောက ကင်းစွာ
ရယူနိုင်ကြပါစေ။
တန်ဆောင်မုန်းလပြည့်ညမှ
ပံ့သကူပစ်တဲ့ အစဉ်အလာလေး ပိုပြီးတွင်ကျယ်လာအောင် တစ်ဖက်တစ်လမ်းက ပါဝင်ကြမယ်နော်။
ရယူတဲ့ ပျော်ရွှင်မှုထက်
ပေးကမ်းလို့ရတဲ့ ပျော်ရွှင်မှုက
ပိုအေးချမ်းရတယ် မဟုတ်လား။
#ပံ့သကူပစ်ခြင်းအကျိုး
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Mandalay