Buyify
Sharing knowledge
ငြိမ်းချမ်းသော ဘဝကိုတည်ဆောက်ခြင်း
--------------------------------------
(၁) ကိုယ့်အလုပ်ကိုယ်တွေး
ဘယ်သူဘာပြောပြော ဂရုမစိုက်ပါနှင့်။ ကိုယ်လုပ်ရမည့်အလုပ်ကို ပြီးဆုံးအောင်လုပ်ရန်သာ စိတ်ထဲထည့် ထားပါ။ ကိုယ့်စိတ်ဓာတ်၊ ကိုယ့်ခံယူချက်ဖြင့် လုပ်နေချိန်တွင် ဘေးထိုင်ဘုပြောတွေက ဝင်လာတတ်သည်။ အဖျက်သဘောနှင့် မဖြစ်နိုင်ပါဟု လာပြောခြင်း၊ သူ့အမြင် သူ့အတွေးများနှင့် ဝင်ရောက်နှောင့်ယှက်နေခြင်း တို့ကို ဂရုစိုက်နေပါက ရှေ့ဆက်ရန် တွေဝေသွားနိုင်ပါသည်။ ကိုယ်လုပ်ရမှာ ဆက်လုပ်။ ကိုယ်လျှောက်ရမှာ ဆက်လျှောက်။ မြည်းတစ်ကောင်နှင့် သားအဘနှစ်ယောက်ပုံပြင်ကို အမြဲသတိရပါ။
(၂) အဆိုးမြင်သမားတွေကို ရှောင်ပါ
ကိုယ့်ပတ်ဝန်းကျင်တွင် အဆိုးမြင်သမားတွေ ဝန်းရံနေခြင်းကိုရှောင်ပါ။ အကောင်းမြင်တတ်သူတွေနှင့် ပေါင်းသင်းပါ။ ကိုယ့်အပေါင်းအသင်းထဲတွင် အဆိုးမြင်သမားရှိနေလျှင် သူ့ထံက အဆိုးမြင်စိတ် ဗိုင်းရပ်စ်က သင့်ထံ ကူးစက်လာနိုင်ပါသည်။
(၃) သူများအကြောင်း သိပ်မတွေးပါနှင့်
တစ်ကိုယ်ကောင်းဆန်ရန် ပြောခြင်းမဟုတ်ပါ။ အောက်ပါ ဆိုရိုးစကားလေးကို သတိပြုပါ။
“နည်းနည်းတွေးသူက များများဆွေးနွေးတယ်
သာမန်တွေးသူက ဘာမဆို ဆွေးနွေးတယ်
ပိုတွေးသူက စိတ်ကူးယဉ်ထားတာတွေ ဆွေးနွေးတယ်
အများကြီးတွေးသူတွေက နှုတ်ပိတ်နေတယ်”
သူများအကြောင်းသိပ်တွေးလွန်းလျှင် သူနှင့်ကိုယ်နှိုင်းယှဉ်မိပြီး ကိုယ့်ကိုလာဆဲနေသလို ခံစားရလိမ့်မည်။ တွေးဖို့တောင် မတန်သည့်သူကို စိတ်ကူးထဲ ထည့်မနေပါနှင့်။
သူများအပေါ် မနာလိုစိတ်ကင်းပါစေ။ မနာလိုစိတ်ကလည်း ကိုယ့်ကိုဒုက္ခပေးတတ်ပါသည်။ မနာလိုစိတ်သည် အဆိပ်တစ်မျိုးဖြစ်သည်။ ထိုအဆိပ်က ကိုယ့်ငြိမ်းချမ်းမှုကို သတ်နိုင်သည်။
(၄) လူတိုင်းကို စိတ်ချမ်းသာအောင် လုပ်ပေးနိုင်မည် မဟုတ်ကြောင်း သတိထားပါ
ကိုယ်တိုင်ဘာမျှ မဟုတ်သည်ကို သတိထားပါ။ ငါသည် ဖန်ဆင်းရှင်မဟုတ်၊ ငါသည် တန်ခိုးရှင်မဟုတ်၊ ငါသည် တောင်းတတိုင်းပြည့်စုံနေသူမဟုတ်၊ ငါသည် ဘီလီယံကြွယ် သူဌေးကြီးမဟုတ် ဆိုသည်ကို သတိထားပါ။ ကိုယ်တိုင်ကိုယ်ကျင့်တရားနှင့်ပြည်စုံအောင် နေထိုင်နိုင်ရေး ကြိုးစားပါ။ တတ်နိုင်တာထက် ပိုပြီးမစဉ်းသင့်ပါ။
(၅) ဘယ်သောအခါမှ ပျာယာမခတ်ပါနှင့်
မည်သည့်ကိစ္စကို ကြုံတွေ့သည်ဖြစ်စေ တည်ငြိမ်စွာ ဖြေရှင်းနိုင်ရန် ကြိုးစားပါ။ သူကလှုပ်ခတ်အောင် ဆွပေးလေ ကိုယ်က တည်ငြိမ်အောင် ထိန်းနိုင်လေဖြစ်အောင် လေ့ကျင့်ပါ။ တည်ငြိမ်သည့် ကန်ရေပြင်သည် ခဲကျလည်း ခဏသာ ဂယက်ထသည်။ ကိုယ့်တည်ငြိမ်စွာ ရင်ဆိုင်ဖြေရှင်းတတ်မှုက ကိုယ့်ကို လှုပ်ခတ်အောင် လာလုပ်သူအား ထိတ်လန့်သွားစေတတ်သည်။
(၆) ငါကိုက ကံဆိုးပါတယ်ဟု ဘယ်သောအခါမျှ မတွေးမိပါစေနှင့်
လူတိုင်းကံဆိုးနိုင်ကြောင်း သတိပြုပါ။ ကိုယ်တစ်ယောက်တည်း အမြဲကံမကောင်းနိုင်ပါ။ ကောင်းတစ်ခါ ဆိုးတစ်လှည့် ဘဝဆိုသည်မှာ အမြဲအလှည့်ပြောင်းနေတတ်သည်။ အတိတ်ကိုတွေး၊ ပစ္စုပ္ပန်ကိုတည်ဆောက်၊ အနာဂတ်ကိုဆက်လျှောက်ရုံသာဖြစ်သည်။ ကံဆိုသည်မှာ ကိုယ်ပြုနေသည့် အလုပ်နှင့်လည်း ဆိုင်သည်ကို သတိပြုပါ။ အမြဲ ကံမကောင်းနိုင်သလို၊ အမြဲ ကံမဆိုးနိုင်ပါ။
(၇) ဘဝကို အရိုးဆုံးရင်ဆိုင်ပါ
ငါသည် ဘဝတွင် အရိုးသားဆုံးဖြစ်အောင်၊ အကျင့်စာရိတ္တအကောင်းဆုံးဖြစ်အောင် နေထိုင်မည်ဟု စိတ်ထဲ အမြဲတွေးထားပါ။ မည်သူနှင့် ဆက်ဆံသည်ဖြစ်စေ အရိုးဆုံး၊ အရှင်းဆုံး၊ အပွင့်လင်းဆုံး၊ အဖြောင့်မတ်ဆုံး ဆက်ဆံနိုင်သူသည်သာ အလေးစားခံရမှု အများဆုံးဖြစ်နိုင်ပါသည်။ ဖြောင့်မတ်သော ရပ်တည်မှုကို မည်သည့် အကောက်ကမျှ ဘာမချိတ်နိုင်ပါ။ အကောက်၊ အကောက်ချင်းသား ချိတ်နိုင်ကြောင်း သတိပြုပါ။
(Peace of Mind)
တင်ညွန့်
၈.၄.၂၀၂၄
11/02/2024
🚩ငွေလည်းရှာ စိတ်ကောင်းလည်းထား
********************************
🤝💵🤝💵🤝💵🤝💵🤝💵🤝💵
ငွေမရှိရင် သူစိမ်းတွေထက်
အမျိုးတွေက ပိုစိမ်းတယ်...
လောကမှာ လူတွေကအမျိုးမျိုးရှိကြပါတယ်။
ဒီအထဲမှာ တချို့က ငွေမျက်နှာတစ်ခုတည်းနဲ့ အသက်ရှင်တယ်။တချို့က ရိုးသားမှုကို အခြေခံပြီး အသက်ရှင်တယ်။တချို့က ကိုယ်ကျင့်တရားကိုအခြေခံတယ်။တချို့က ကိုယ်ချင်းစာတရားကို ဗဟိုပြုပြီးရှင်သန်တယ်။ သို့ပေမယ့် အများစုကငွေကိုမြင်ရင် ငွေကိုထိရင် မြင်တာနဲ့ထိတာနဲ့ သူတို့အထဲမှာ ဘာရှိလဲ ရှိတဲ့ဟာ ထွက်ကျလာတော့တာပါပဲ။ ငွေက လူအမျိုးမျိုးကို ပြောင်းလဲပစ်နိုင်တယ်။ဒါက အမှန်ပါပဲ။
ငွေမရှိရင် အရင်ဆုံး ဆွေမျိုးတွေက သူစိမ်းဆန်းတယ်။အရင်ဆုံးနှိပ်ကွက်တယ်။ ငွေရှိလာရင် အောင်မြင်လာရင် ဇွတ်အတင်း အမျိုးလာတော့တယ်၊ အမျိုးလာစပ်တယ် ချီးမွမ်းလို့လည်း မဆုံးဘူး။
ပြန်ကျသွားရင် သူတို့ပဲ အရင်ဆုံးကဲ့ရဲ့ကြပြစ်တင်ကြ ဝေဖန်ကြနဲ့ သူစိမ်းတွေထက် သူစိမ်းဆန်သွားတယ်။ ဒါက သူလို ကိုယ်လိုကြုံတွေ့နေရတဲ့အရာတစ်ခုပဲ။
ဒါပေမယ့် အမျိုးတွေဖြစ်တဲ့အတွက် မဆိုင်ချင် မပတ်သက်ချင်လို့ ရပေမယ့် မတော်ချင်လို့ကလည်း မရပြန်ဘူး။သွေးသားအရ တော်စပ်ခြင်းကိုတော့ တော်စပ်နေရအုံးမှာပါပဲ။ အမျိုးတွေအားလုံးကိုမဆိုလိုပါ။ကူညီဖေးမတဲ့ အမျိုးတွေလည်းရှိကြပါတယ်။
သို့သော် အများစုက ဒီလိုတွေကြုံဖူးကြမှာပါ။ ကျွန်တော်တို့တွေ အများစုကြုံနေရတဲ့ ယင်းအဖြစ်ပျက် အကြောင်းတရားရဲ့ အဓိကပြဿနာဟာ ငွေကြောင်းပဲ။ငွေကြောင််ဖြစ်နဲ့ ပြဿနာပဲ။
"ဒါကြောင့်ငွေရှာခြင်းသည် အပြစ်မဟုတ်ဘူး
ချမ်းသာလိုခြင်းသည်လည်း အပြစ်မဟုတ်ဘူး"
ဒါကြောင့် ငွေရှာပါ။ငွေစုပါ။
ချွေတာသုံးပါ။စည်းကမ်းရှိပါ။
ငွေရှာရုံနဲ့မပြီးဘူး စုဆောင်းတတ်ဖို့လည်း အဓိကကျတယ်။ချွေတာသုံးဖို့လည်းလိုအပ်တယ်။
စည်းကမ်းမရှိရင် ဘယ်လောက်ရှာရှာ ကိုယ်လိုချင်တဲ့ဘဝ ကိုယ်ရောက်ချင်တဲ့နေရာ မရနိုင်ဘူး မရောက်နိုင်ဘူး။
သို့ပေမယ့် ငွေကို တရားသောနည်းနဲ့ပဲရှာပါ။
ရိုးသားစွာပဲရှာပါ။သမ္မာအာဇီဝကျအောင်ပဲရှာပါ။
"ငွေရရင်ပြီးရောဆိုပြီး လူတကာကိုအကောက်ကြံပြီး ငွေကိုမရှာပါနဲ့။"
"ငွေရှိလည်း အကျင့်မကောင်း အကျင့်ယုတ်နေရင် ဘယ်သူမှ အဖက်မလုပ်ချင်ဘူး ဘယ်သူ့မှမပေါင်းချင်ဘူး"ဆိုတာ မြဲမြဲမှတ်ထားပါ။
ဒါကြောင့် ငွေကိုတော့ မဖြစ်မနေရှာပါ။ဒါပေမယ့် ကိုယ်ငွေရဖို့အတွက် တစ်ဖက်သားကိုမကောက်ကျစ်နဲ့။မယုတ်မာနဲ့၊ချောက်မတွန်းနဲ့။လူတစ်ယောက်ရဲ့အဆင့်အတန်းဆိုတာ ချမ်းသာခြင်း
ဆင်းရဲခြင်းနဲ့မဆိုင်ဘူး။စိတ်ဓာတ်နဲ့ပဲဆိုင်တယ်။
ဒါကြောင့်အဆင့်အတန်းရှိရှိပဲ ငွေကိုရှာပါ။သူများကို ကောက်ကျစ်ယုတ်မာပြီး ချမ်းသာတာထက်။အဆင့်အတန်းရှိရှိ ဆင်းရဲတာက ပိုကောင်းတယ်။
အဆင့်အတန်းရှိတဲ့ လူဆိုတာ သူတစ်းပါးကို ဘယ်တော့မှ မကောက်ကျစ်ဘူး။မယုတ်မာဘူး။ကိုယ့်အမှားကို သူ့အမှားပါလို့ ဘယ်တော့အခါမှ ထိုချ လွှဲချမလုပ်ဘူး။ ဒီလိုလူကို ဆင့်အတန်းရှိတဲ့လူလို့ခေါ်တယ်။ တနည်းအားဖြင့် အထက်တန်းစာလူလို့ ခေါ်တယ်။
ရိုးသားစွာပဲ ငွေကိုရှာပါ။သို့သော် ငွေကို အလွန်ကျွံမတက်မက်နဲ့ မလိုချင်လေနဲ့။
ငွေကို တက်မက်လွန့် လိုချင်လွန့်ရင်လည်း
လူဟာ လူမဆန် တော့ဘူး ဖြစ်တတ်တယ်။
ငွေရှာပါ၊ရိုးသားစွာရှာပါ။
ချွေတာသုံးပါ။စုဆောင်းတတ်ပါ။
စည်းကမ်းရှိပါ။
မျှဝေပါ။ပေးကမ်းပါ။
ဘဝတွေပြုံးပျော်နိုင်ကြပါစေ။
ောင်သာကျော်(ဖြစ်ရပ်မှန်)
#နှလုံးသားအားဆေး
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay
09/08/2023