It Knowledge helper team

It  Knowledge helper team

Share

For IT knowledge begginner

26/01/2026

What is Cyber Security?

ဒီနေ့ sharing လုပ်ပေးချင်တာက
Cyber Security ဆိုတာဘာလဲ၊ ဘယ်လိုအလုပ်တွေ လုပ်ကိုင်ကြလဲ ဆိုတာကို
ဗဟုသုတအနေနဲ့ မျှဝေပေးချင်ပါတယ်။

Cyber Security ဆိုတာကတော့
Computer System တွေ၊ Network တွေ၊ Server တွေ၊ Data တွေရဲ့
လုံခြုံရေးကို ကာကွယ်ပေးတဲ့ နည်းပညာနယ်ပယ် ကို ရည်ညွှန်းတာပဲ ဖြစ်ပါတယ်။

ဥပမာအားဖြင့်
Hacker တစ်ယောက်က ကုမ္ပဏီတစ်ခု၊ သို့မဟုတ် Bank System တစ်ခုကို
ခွင့်ပြုချက်မရှိဘဲ ထိုးဖောက်ဝင်ရောက်ပြီး
အရေးကြီး Data တွေ၊ ငွေကြေးဆိုင်ရာ အချက်အလက်တွေကို
ခိုးယူခြင်း၊ ဖျက်ဆီးခြင်းတွေ မလုပ်နိုင်အောင်
ကာကွယ်ပေးတာကို Cyber Security လို့ခေါ်ပါတယ်။

တစ်နည်းအားဖြင့်
လူကောင်း Hacker (Ethical Hacker) တွေလို့လည်း ပြောလို့ရပါတယ်။
ဒီလို အလုပ်လုပ်တဲ့သူတွေကို
Cyber Security Engineer လို့ ခေါ်ပါတယ်။

Cyber Security အောက်က အဓိကခေါင်းစဉ် ၂ ခု
🔴 Offensive Security (Red Team)

ဒီအပိုင်းကတော့
Hacker / Attacker တွေ မတိုက်ခိုက်ခင်မှာ
ကိုယ့် System ရဲ့ အားနည်းချက်တွေကို
ကြိုတင်ရှာဖွေပေးတဲ့ အလုပ်ဖြစ်ပါတယ်။

ဒီလိုအလုပ်လုပ်တဲ့သူတွေကို
Pentester (Pe*******on Tester) လို့ခေါ်ပါတယ်။

🔵 Defensive Security (Blue Team)

ဒီအပိုင်းကတော့
System ကို 24 နာရီ စောင့်ကြည့် နေရပြီး
Attack တွေ ဖြစ်လာရင်
ချက်ချင်း တုံ့ပြန်ကာကွယ်ပေးတဲ့ အလုပ်ဖြစ်ပါတယ်။

ဒီလိုလုပ်တဲ့သူတွေကို
Security Analyst / Incident Response (IR) လို့ ခေါ်ပါတယ်။

ယနေ့ခေတ်မှာ
Digital နည်းပညာတွေ ပိုမိုကျယ်ပြန့်အသုံးပြုလာတာနဲ့အမျှ
နည်းပညာကို အသုံးချပြီး မကောင်းမှုလုပ်ဖို့ ကြိုးစားသူတွေ များလာပါတယ်။
အဲ့ဒီလိုအချိန်မှာပဲ
Cyber Security Engineer / Team တွေက
အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုအနေနဲ့ ပေါ်ထွက်လာပါတယ်။

မိမိက

Computer System တွေကို စူးစမ်းချင်တယ်

Hacking နဲ့ Security ကို စိတ်ဝင်စားတယ်
ဆိုရင် Cyber Security ကို စတင်လေ့လာသင့်ပါတယ်။

ဒီနယ်ပယ်ဟာ
အလုပ်အကိုင်အခွင့်အလမ်းရှိပြီး
အနာဂတ်မှာ ပိုပြီး အရေးပါလာမယ့် နည်းပညာနယ်ပယ်တစ်ခုလည်း ဖြစ်ပါတယ်။

နောက်ရက်တွေမှာ
Cyber Security အောက်က
Website / Application Security နဲ့ ပတ်သက်တဲ့
Knowledge Sharing တွေကို ဆက်လက်တင်ပေးသွားမှာဖြစ်လို့
Like & Share လေးလုပ်ပေးဖို့ မေတ္တာရပ်ခံပါတယ် 🙏

26/01/2026

Hello guys! We’re back. Thank you to all our followers ❤️

Want your organization to be the top-listed Non Profit Organization in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


Hacker
Mandalay
06543