Pyone -mdy

Pyone -mdy

Share

My page is clothes production and services.

07/03/2024

တင်ပါရစေရှင်

သေသေချာချာစဉ်းစားကြည့်ရင်
ကိုယ့်ဘဝကို ကိုယ်ပဲ ပိုင်ဆိုင်ပါတယ်။

ကိုယ်ကခွင့်မပြုဘဲ တခြားဘယ်သူကမှ
ကိုယ့်ဘဝကို ချယ်လှယ်စီရင်ပိုင်ခွင့် မရှိပါဘူး။

ကိုယ့်ဘဝကို သူများရဲ့လက်ထဲမှာ
သူများရဲ့နှုတ်ခမ်းဖျားမှာ၊ အပ်နှံထားမိလို့သာ
သူတစ်ပါးရဲ့ထင်မြင်ချက်တွေ
ဝေဖန်ပြောဆိုတာတွေအပေါ် လိုက်ပြီး
ကိုယ့်ရဲ့ခံစားချက်တွေ လှိုင်းထန်နေရတာပါ။

ကိုယ့်လက်ထဲမှာရှိနေတဲ့ ကိုယ်ပိုင်ဆိုင်တဲ့
ကိုယ့်ဘဝကို ကိုယ်ဖြစ်စေချင်သလို
ပုံဖော်တည်ဆောက်ခွင့် ရှိပြီးသားပါ။

ကိုယ့်ဘဝကို ရိုးရှင်းအေးချမ်းပျော်ရွှင်အောင်
ကိုယ်ပဲဖန်တီးနိုင်သလို ကိုယ့်ဘဝကို
ပူလောင်ရှုပ်ထွေးဆူညံနေအောင်
ကိုယ်ပဲ လုပ်နိုင်တာပါ။

ဘဝကို တစ်ရက်ချင်းဖြတ်သန်းတဲ့အခါ
တစ်နာရီချင်း၊ တစ်မိနစ်ချင်း၊ တစ်စက္ကန့်ချင်း
အကောင်းဆုံး ပုံဖော်သန့်စင်သွားမယ်ဆိုရင်

တန်ဖိုးရှိတဲ့နေ့ရက်ကလေးတွေကို
ပိုင်ဆိုင်ခွင့်ရမှာဖြစ်ပါတယ်။

ကိုယ့်ဘဝကြည်လင်လှပဖို့
ကိုယ့်မှာပဲတာဝန်ရှိပါတယ်။

ကိုယ့်ဘဝက ကိုယ့်လက်ထဲမှာပါ။

-စာအုပ်လေးကို သဘောကျပြီး ဖတ်ရှုလိုပါက page messengerမှာ ဆက်သွယ်မှာယူလို့ ရပါတယ်ရှင့်


#ကိုယ့်ဘဝကကိုယ့်လက်ထဲမှာ
#လွန်းထားထား
#တန်ဖိုး -၆၅၀၀ကျပ်

Photos from Pyone -mdy's post 07/03/2024

တစ်ခါတစ်လေမှာ
အဓိကနဲ့ သာမည ကိုမကွဲပြားဘဲ
လမ်းစတွေ ပျောက်ပျောက်သွားတတ်တယ်
တစ်ခါတစ်လေ
ရပ်တန့်ထားမိတယ်
တစ်ခါတစ်လေ
နောက်ပြန်လှည့်ကြည့်မိပြန်တယ်
စိတ်ရဲ့ ဝေဝါးမှုတွေကြောင့်
လမ်းပျောက်သွားတဲ့အခါ
လျှောက်ခဲ့ဖူးတဲ့
လှမ်းကြောင်းတွေကို
ကျွန်တော်
ပြန်တွေးမိလာတယ်
ဟုတ်ပြီ
ကျွန်တော် လမ်းဆက်လျှောက်ပါမယ်ပေါ့
ဘယ်အတားအဆီးကိုမှ
ချမနင်းဘူး
ဒါက ကျွန်တော့်ရဲ့ ပင်ကိုယ် စိတ်မှာပါလာပြီသားလေ

Pyone.MDY.

Photo Crd

Want your business to be the top-listed Shop in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


Mandalay, 9st*10st Between 89st
Mandalay