Htet
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htet, Education, Mandalay.
11/08/2024
#သင်္ချာကတွက်စာဆိုပေမယ့်ကျက်သင့်မကျက်သင့်!!!
သင်္ချာမှာ မကျက်ရဘူးလို့ တထစ်ချမပြောဆိုသင့်ပါ။သင်္ချာမှာ ကျက်စရာ၊မှတ်စရာတွေ အများကြီးရှိပါတယ်။အလွတ်ကျက်မှတ်ထားမှ သာ လိုအပ်သည့်အခါ ထုတ်၍ အသုံးပြုနိုင်မည်ဖြစ်သည်။
ဥပမာ ကျွန်တော်တို့ ငယ်စဉ်ကတည်း ဂဏန်းသင်္ချာ တွက်တဲ့အခါ လက္ခဏာတူရင် ပေါင်း ၊တူတဲ့ လက္ခဏာ ပြန်တပ်။ လက္ခဏာ မတူရင် နှုတ်၊ ကြီးတာထဲက ငယ်တာနှုတ် ၊ကြီးသော ကိန်း၏ လက္ခဏာကို ပြန်တပ် စသည်အားဖြင့် ကျက်မှတ်ခဲ့လို့ ကြီးလာတဲ့အထိ တော်တော် များများ မှတ်မိကြ မှာပါ။ အတန်းကြီးတော့ အက္ခရာသင်္ချာ ( Algebra)၊ ဂျီဩမေတြီ( Geometry ) ၊ ကဲကုလ (Calculus) စသည့် သင်္ချာ field ပေါင်းစုံက ပုံသေနည်း များကို ကျက်မှတ်ခဲ့ရပါတယ် ။
သို့သော် မည်သို့ကျက်ရမည်ဆိုသည်နှင့် မည်သည့်အချက်တွေကို ကျက်ရမယ်ဆိုတာက အရေးကြီးတာပါ။ကျက်ရမည်ဆိုတိုင်း အကုန်လုံးကိုမဆိုလိုပါဘူး။သင်္ချာကို ကျက်ပြီးတွေး ၊တွေးပြီးတွက်ရမှာပါ။
မကျက်မမှတ်ပဲနဲ့ အတွေးနဲ့ အတွက်ချည်းအားမထားသင့်ပါဘူး။ မတွေးဘဲနဲ့ အကျက်နဲ့ အတွက်ကိုချည်းပဲလည်း အားမထားသင့်ပါဘူး။ဒါကြောင့် သင်္ချာတွက်ရာမှာ အကျက်၊အတွေး၊အတွက် သုံးမျိုးစလုံးကို သူ့အပိုင်းနဲ့သူ မှန်မှန်ကန်ကန် အားထားလေ့ကျင့်ဖို့လိုအပ်ပါတယ်။
August 7 /2024
Shein Htet Zaw
Credit ပေးပါတယ်။
09/08/2024
Welcome Back!
လျင်မြန်သွက်လက် ဉာဏ်ရည်ထက်မြတ်
Teacher Nann Htet Education Center
အပတ်စဉ် 5 ကနေပြန်လည် ကြိုဆိုပါတယ်။
သင်တန်းကြေးလည်း သက်သာရမယ်
စာလည်း တကယ်တတ်ချင်တယ်ဆိုရင်
Teacher Nann Htet Education Center ကသင်တန်းတွေမှာ တက်ပါနော်။
❤️မိမိတို့ကလေးများ Phonicsကိုအခြေခံမှစ၍ တတ်မြောက်စေလိုသူများအတွက်သတင်းကောင်း ❤️
🤔🤔ဘယ်လို ကလေးလေးတွေစတင်လေ့လာရမလဲ?
🥇အသက် ၅-နှစ်မှ ၇နှစ် ကလေးလေးတွေ
🥈Phonics ကိုစတင်လေ့လာမယ့်ကလေးလေးတွေ အတွက်သင့်တော်ပါတယ်။
💯 Phonics သင်ယူခြင်းကနေ ဘာအကျိုးကျေးဇူးတွေရနိုင်သလဲ 💯
Phonics level 1-5တတ်မြောက်သွားသူတစ်ယောက်ဟာဆိုရင် English simple Reading နဲ့ Writingကို အခက်အခဲမရှိအောင်မြင်စွာ ဖတ်နိုင်တဲ့ အခြေအနေလေးတွေရှိပါတယ်။ အသံထွက်မှန်ကန်စွာဖတ်နိုင်သွားဖို့လည်း အာမခံပါတယ်ရှင့်။
📝ဘယ်လိုနည်းလမ်းလေးတွေနဲ့သင်ကြားမှာလဲ 📝
ကလေးများအား သင်ယူချင်စိတ်ဖြစ်ပေါ်လာစေရန် activity လေးများဖြင့် သင်ကြားပေးသွားမှာ ဖြစ်လို့ တက်သင့်တဲ့သင်တန်းလေးဖြစ်ပါတယ်ရှင့်။
💞💞💞ထူးခြားချက် 💞💞💞
သင်တန်းပြီးဆုံးချိန်တွင် အမှန်အကန်တတ်မြောက်စေရပါမည်။
Book- Oxford Phonics book -1
သင်တန်းရက် - အင်္ဂါ၊ ဗုဒ္ဓဟူး၊ကြာသာပတေး
သင်တန်းချိန် -5:30 to 6:30
သင်တန်းကာလ - 3 months
Viber 09 797 540 507 (or) cb
🔔🔔ကလေးများအတွက်
🤔 စိတ်တွက် ပေသီးသင်္ချာ၊
🫱 လက်တွက် ပေသီးသင်္ချာ၊
🧮 ပေသီးခုံအသုံးပြု ပေသီးသင်္ချာ
သင်ကြားခြင်းကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် အောက်ပါ အကြံပြုချက်များကို လေ့လာနိုင်ပါတယ်။🔔🔔
👉 ၁. အခြေခံ ရှင်းပြခြင်း
👉 ၂. လေ့ကျင့်မှုများပေးခြင်း
👉 ၃. စိတ်ဝင်စားစေခြင်း
👉 ၄. သင်ကြားမှုကို အဆင့်ဆင့်တိုးတက်စေခြင်း
👉 ၅. မိသားစုနှင့် ပူးပေါင်းခြင်း
👉 ၆. နည်းပညာနှင့် ပေါင်းစပ်ခြင်း
👉၁။ အခြေခံရှင်းပြခြင်း- -
📏ပေသီးသင်္ချာဆိုင်ရာ အကြောင်းအရာများ နှင့် စနစ်များကို ရှင်းပြခြင်း၊
📏ပေသီးသင်္ချာ ၏ အခြေခံအချက်များနှင့် ပေသီးလုံးများ၏ အလုပ်လုပ်ပုံကို ရှင်းပြခြင်း၊
📏တစ်ခုချင်းစီရဲ့ အနက်အဓိပ္ပါယ်ကို နားလည်စေခြင်း
📏 အညွှန်းများကို တိတိကျကျ နားလည်စေခြင်း
👉၂။ လေ့ကျင့်မှုများပေးခြင်း
📏အမြဲတမ်း လေ့ကျင့်စေခြင်း
ပေသီးသင်္ချာဆိုင်ရာကို နေ့စဉ်လေ့ကျင့်ရန် စီစဉ်ပါ။ လေ့ကျင့်မှုများကို ပုံမှန်ပြုလုပ်ခြင်းက ကလေးများရဲ့ အရာရာကို အမှတ်ရစေပြီး အလုပ်ကို အမြန်ဆုံး ပြီးမြောက်စေသည်။
👉၃။ စိတ်ဝင်စားစေခြင်း
📏ကစားကိရိယာအဖြစ် အသုံးပြုခြင်း
Abacusကို ပေသီးသင်္ချာဆိုင်ရာကိရိယာအနေဖြင့်သာမက၊ ကစားစရာကိရိယာအဖြစ်ပါ အသုံးပြုပါ။ သင်္ချာကို ပျော်ရွှင်စွာ သင်ကြားနိုင်စေရန်၊ ကစားဝါသနာနှင့် ပေါင်းစပ်ပါ။
👉၄။ သင်ကြားမှုကို အဆင့်ဆင့်တိုးတက်စေခြင်း
📏အခြေခံမှ စ၍ အဆင့်မြင့်သို့ တိုးတက်စေပါ
အခြေခံအချက်များကို နားလည်ပြီးနောက်တွင်၊ အဆင့်မြင့် ပေသီးသင်္ချာဆိုင်ရာလုပ်ဆောင်ချက်များကို ပြသပါ။
📏အကူအညီများ ပေးခြင်း
ကလေးများကို တစ်ယောက်ချင်းစီ အကူအညီပေးပါ။ အခက်အခဲရှိသောအခါ အားပေးစကားများ၊ ပံ့ပိုးမှုများ ပေးပါ။
👉၅။မိသားစုနှင့် ပူးပေါင်းမှု
မိဘများကလဲ ပေသီးသင်္ချာဆိုင်ရာအသုံးပြုပုံကို လေ့လာထား၍၊ မိသားစုများအနေနှင့် ကလေးများရဲ့ ပေသီးသင်္ချာအရည်အချင်းကို ပံ့ပိုးနိုင်စေနိုင်ပါတယ်။
📏အိမ်တွင် လေ့ကျင့်မှုများ ပြုလုပ်စေခြင်း
မိဘများအနေနှင့် အိမ်မှာလည်း ပေသီးသင်္ချာအသုံးပြု၍ လေ့ကျင့်စေပါ။
👉၆။ နည်းပညာနှင့် ပေါင်းစပ်ခြင်း
📏အွန်လိုင်းပလက်ဖောင်းများ
အွန်လိုင်းပလက်ဖောင်းများ၊ ဂိမ်းများ၊ အင်တာနက်မှ သင်ကြားရေးဗီဒီယိုများကို အသုံးပြုပြီး၊ ပေသီးသင်္ချာသင်ကြားမှုကို ပြုလုပ်နိုင်ပါတယ်။
📝📝ဒီအချက် ၆ ချက်အားဖြင့် ကလေးများထူးချွန်အောင်မြင်ပါစေဟု
💯💯💯လျင်မြန်သွက်လက် ဉာဏ်ရည်ထက်မြတ် Teacher Nann Htet Education Training Center မှ
အကြံပြုအပ်ပါတယ်။
📢သင်တန်းစုံစမ်းလိုပါက ☎️09 797 540 507(or) cb
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Mandalay
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |