KPT - Auto Services
ကားကောင်း ကားသန့်လေးတွေ ရောင်းချပေးပါတယ်။ KPT - Auto Services 09 981682240
10/07/2023
𝐇𝐨𝐧𝐝𝐚 𝐅𝐢𝐭 𝐆𝐄𝟔 ၏ 𝐆𝐫𝐚𝐝𝐞 အခွဲများ
Honda Fit ရဲ့ GE6 မှာ Grade အနေနဲ့ G ၊ GF ၊ G Smart ၊ L ၊ She’s ၊ 10 Anniversary ဆိုပြီး Grade အခွဲတွေ ရှိပါတယ်။ အဲဒီ ထဲကမှ G Grade က အနိမ့်ဆုံးဂရိတ်လို့ပြောရပါမယ်။
▪️𝙂 𝙂𝙧𝙖𝙙𝙚
အဲဒီ Grade ရဲ့ ပွဲစားအခေါ်က G ကတုံးပဲဖြစ်ပါတယ်။ Aiccon ခလုတ်လက်လှည့်၊ မောင်းသူထိုင်ခုံ အနိမ့်အမြင့် မပါ၊ မှန်ဖြူ၊ ပါးခြမ်းမီး၊ မှန်ချိုးမှန်ခေါက်မပါလို့ Honda Fit G ကို ကတုံး Grade လို့ ခေါ်ပါ တယ်။ တခြား Grade တွေထဲမှာ စျေးအသက်သာဆုံး Grade လည်း ဖြစ်ပါတယ်။
▪️𝙂𝙁 𝙂𝙧𝙖𝙙𝙚
G ကတုံးထက်မြင့်တဲ့ GF Grade မှာတော့ Aircon လက်လှည့်၊ ဘက်မှန်မီး၊ မှန်ချိုးမှန်ခေါက်၊ မောင်းသူထိုင်ခုံ အနိမ့်အမြင့် ဖြစ်သွား ပါတယ်။
▪️𝙂 𝙎𝙢𝙖𝙧𝙩 𝙂𝙧𝙖𝙙𝙚
G Smart ကတော့ G Grade ပုံမှန်ထက် ထူးခြားလာတာက Smart Key ၊ Push Turn ဖြစ်သွားတာပါ။ ကျန်တာတွေတော့ G Grade မှာပါတာမှန်သမျှ အကုန်ပါတာ တွေ့ရပါတယ်။
▪️𝙇 𝙂𝙧𝙖𝙙𝙚
L Grade က အမြင့်ဆုံး Grade ဖြစ်ပါတယ်။ အဲဒီ Grade မှာ Smart Key(Push Turn) ၊ Digital Aircon ၊ ဘက်မှန်မီး၊ မှန် ချိုးမှန်ခေါက်၊ Original HDD TV (ပစောက် TV) ၊ Original Back Camera 90 ၊ နောက်စပယ်ယာဘီး၊ နောက်စပယ်ယာဘီးအပေါ်ဖုံး ပိုက်ကွန်၊ Original Speaker လေးလုံး ဖြစ်သွားပါတယ်။
▪️𝙎𝙝𝙚’𝙨 𝙂𝙧𝙖𝙙𝙚
ဒီ ဂရိတ်ကတော့ She’s ဆိုတဲ့အတိုင်း မိန်းကလေးတွေအတွက် အထူးထုတ်ထားတဲ့ Grade ဖြစ်ပါတယ်။ Smart Key Cover ကအစ ကားရဲ့အရောင်အတိုင်း လုပ်ပေးထားတယ်။ Aircon Display ဘေးက အဝိုင်းလေးတွေလည်း ပန်းဆီရောင်၊ ခြေနင်းအခင်းတွေ၊ She’s Logo လေးတွေနဲ့ ကားအတွင်းခန်း တော်တော်များများမှာ မိန်းကလေးကြိုက်တဲ့ အရောင်တွေနဲ့ အလှဆင်ထားတာတွေ့ရပါတယ်။ ကျန်တာကတော့ L Grade နဲ့ တူပါတယ်။
▪️10 𝘼𝙣𝙣𝙞𝙫𝙚𝙧𝙨𝙖𝙧𝙮 𝙂𝙧𝙖𝙙𝙚
10 Anniversary ဆိုတာကတော့ Honda Fit ထုတ်လုပ်မှု ၁ဝ နှစ်ပြည့်အထိမ်းအမှတ် အထူးထုတ်ထားတဲ့ Grade ကို ဆိုလိုပါတယ်။ ကားရဲ့ပါးခြမ်းနဲ့ အနောက်ဖုံးနားမှာ 10 Anniversary Logo လေးတွေ ကပ်ထားတာကို တွေ့ရပါတယ်။ အတွင်းခြေနင်းခင်းတွေမှာလည်း 10 Anniversary Logo လေးတွေ ထည့်သွင်းပေးထားပါတယ်။ Smart Key ၊ Push Turn ဖြစ်ပြီး ကျန်တာကတော့ G Grade နဲ့ တူပါတယ်။ Mugen ၊ Modulo တွေနဲ့ကတော့ Grade နဲ့မဆိုင်ပါဘူး။ ဂျပန်မှာစစီးတဲ့ Owner ရဲ့ Optional ဖြစ်ပါတယ်။
Credit : Original Uploader
- Auto Services
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay
05011