Ma Pyae Online Shop
•Better products for a better life
•Every post ,every story, everything you need you can find here
07/11/2024
Physical Rest ☘️💜🌿
တစ်နေ့တာပင်ပန်းနေတဲ့ မိမိခန္ဓာကိုယ်ကို ကောင်းစွာ အနားယူရမှာပါ။ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်တာမျိုး၊ သက်တောင့်သက်သာအနားယူတာမျိုး လုပ်သင့်ပါတယ်။ အနားယူနေစဥ်ကာလအတွင်း Phone ကို မိမိနဲ့ ဝေးရာတွင်ထားသင့်ပါတယ်။ သိပ်မပြ-င်းထန်တဲ့ Exercise မျိုးနဲ့ အကြောလျှော့လည်းရပါတယ်။
ကျွန်မအတွက်ဆို Physical Rest ကို တော်တော်လေးသတိထားယူရတယ်။ နေ့တိုင်း အလုပ်ဇောကပ်ပြီး သိပ်မနားမိသလိုပဲ။ ဒီလိုမျိုးဆို ၁ ရက် ၊ ၂ရက် မှာမသိသာပေမယ့် ၇ ရက်ကြာရင် body resistance က ကျလာရော။ ဒါကြောင့် နေ့စဥ် ကောင်းကောင်းအနားယူပါ။ ရေများများသောက်ပါ။
Image : Pinterest
02/11/2024
အတွေး - ၂
ပထမအရွယ်မှာ ပညာရှာ
ဒုတိယအရွယ်မှာ ဥစ္စာရှာ
တတိယအရွယ်မှာ တရားရှာ
ဘဝမှာ ဒီလောက်ကြီးတဲ့ ဂျင်း
ဒီဂျင်းပဲ ရှိတယ်
လူတွေဟာ ပထမအရွယ်မှာပဲ ပညာရှာတာ မဟုတ်ပါ၊ အရွယ်သုံးပါးစလုံးမှာ ပညာကို ဆက်လက်လေ့လာပြီး အသုံးချနေရတာ ဖြစ်တယ်။ သင်ယူလေ၊ တတ်လေ၊ ကောင်းလေ ဖြစ်ပါတယ်။
နောက်တစ်ခု
ဘုရားအကြောင်း တရားအကြောင်း ဆိုတာကလည်း အသက်ကြီးမှ သက်ဆိုင်လာတာမျိုး မဟုတ်ဘူးဗျာ
လူတိုင်းအရွယ်မရွေး စဉ်ဆက်မပြတ် ရှာဖွေသင်ယူကြဖို့ လိုပါတယ်။ တရားသဘောအရ သိမြင်နားလည်မှသာ ဘဝမှာ ဖြစ်ပေါ်နေတဲ့ စိတ်နှင့် အသက်ရှင်နေမှုတွေကို တိုက်ရိုက်နဲ့ အမှန်တကယ် အကျိုးရှိအောင် အသုံးချနိုင်မှာ ဖြစ်ပါတယ်။
ဘာလို့ ဒါကိုပြောရသလဲဆိုရင်
အချက် ၂ ချက် ရှိပါတယ်
၁. အသက်အရွယ်ကြီးလာတာနဲ့အမျှ သင်ယူမှု ရပ်တန့်လိုက်တဲ့ လူတွေကို တော်တော်များများ တွေ့နေရလို့ပါ။ အရွယ်ကြီးလာပြီဆိုပြီး ပညာရှာဖို့ မလိုတော့ဘူးလို့ သဘောထားသွားကြတာမျိုး ဖြစ်ပါတယ်။
၂. တရားအကြောင်း ပြောလိုက်ပြီဆိုတာနဲ့ "ဟုတ်ကဲ့ပါ ဘုန်းဘုန်း၊ ဆရာတော်" စသဖြင့် စနောက်ပြီး တရားဆိုတာ လူကြီးတွေ၊ ဘုန်းကြီး သီလရှင်တွေပဲ ဆိုင်တယ်ဆိုတဲ့ အတွေးတွေ ရှိနေတဲ့လူတွေ ကြုံတွေ့နေရလို့ပါ။ တရားဆိုတာ လူကြီးတွေ၊ ဘုန်းကြီးတွေထံမှာပဲ ရှိသင့်တာမဟုတ်ဘူး၊ ဘဝမှာ ကိုယ့်စိတ်ကို ပိုမိုတည်ငြိမ်စေဖို့ လူတိုင်းအတွက် လိုအပ်ပါတယ်။
စိတ်ကို ဗဟိုပြု၍ လက်တွေ့ဘဝကို တည်ဆောက်ပါ
1 Nov 2024
01/11/2024
#မင်မင်နဲ့အတူသရဏဂုံကိုတစ်ရက်ပုတီး၇ပတ်စိပ်မယ့်အဓိဌာန်ကိုတစ်ပတ်တိတိလုပ်ဆောင်ကြည့်မလား
(အလုပ်လုပ်နေသူတွေများ အနေဖြင့်
တာလီနဲ့ တစ်ရက်ကို အခေါက်ရေ ၇၀၀)
မမေ့ရအောင် Post တင်ပေးမယ်။
သရဏဂုံ (၃)ပါး
ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
ဓမ်မံ သရဏံ ဂစ်ဆာမိ
သံဃံ သရဏံ ဂစဆွာမိ။
(အာ့တာရွတ်ပြီး ပုတီးတစ်လုံးချ
တစ်ရက်ကို ပုတီး ၇ပတ်)
သိပ်အများကြီး မလုပ်သေးနဲ့ဦး။
တစ်ပတ် ပဲ အရင်စလုပ်ကြရအောင်။
ဘယ်နေ့ကစမလဲ။
ဒီနေ့က စကြမယ်။
ပုတီးတစ်ပတ်ပြီးတိုင်း #ပင်လယ်ကူး မှာ မိမိလိုချင်သည့် ဆုတောင်း တစ်ခုပဲ တောင်းကြည့်။
31/10/2024
အတွေး - ၁
🍀စိတ်အေးချမ်းချင်တယ်
🍀တစ်နေ့တာ အစစ အရာရာ အဆင်ပြေချင်တယ် ဆိုရင် ဒီ post ဟာ သင့်အတွက်ပါ
ဒီနည်းလမ်းလေးကို လိုက်လုပ်ကြည့်ပါဗျာ👇
- မနက် အိပ်ရာနိုး
- ကိုယ်လက်သန့်စင်ပြီးတာနဲ့
- သင့်တော်ရာ နေရာတစ်ခုမှာ ထိုင်ပြီး
စိတ်ထဲမှာ
"လောကတွင် ဘုရားနှင့်တူသော ရတနာ မရှိ၊
ဘုရားရတနာသည် အမြတ်ဆုံးဖြစ်ပါသည်" ဟု အဖန်ဖန် အထပ်ထပ် တွေးပါ
1.အပြင်မှာ ဘာသံတွေပဲ ကြားရပါစေ
2.စိတ်ထဲက အတွေးတွေ ဘယ်ကိုပဲရောက်နေပါစေ
3.ခန္ဓာကိုယ်ပေါ်မှာ ဘယ်လိုတွေပဲ ဖြစ်နေပါစေ
စိတ်ထဲမှာ
အပေါ်ကစာသားကို အာရုံစိုက်ရွတ်ပြီး
ရင်ထဲနှလုံးသားထဲမှာ အကြည်ဓာတ်ရလာအောင် မွေးမြူပါ
အသက်ဝဝ ရှူသွင်း ရှူထုတ်ဖို့ မမေ့လေနှင့်
🍀ဘာသာရေးအရရော စိတ်ပိုင်းဆိုင်ရာအရရော ကောင်းသောအာရုံတွေ တွေးဖြစ်သလို
🍀ကျန်းမာရေးအရ အသက်ရှူလေ့ကျင့်ခန်း လုပ်ပြီးသားလည်း ဖြစ်သလို
🍀လူကိုလည်း အေးချမ်းစေပါလိမ့်မယ်
မိတ်ဆွေဟာ ဒီအကျင့်ကို လေ့ကျင့်တာ ကြိမ်ဖန်များလာလျှင် မနက်ခင်းမှာတင်မက အချိန်နေရာမရွေး ဤနည်းဖြင့် အကြည်ဓာတ်ကို မွေးမြူနိုင်လာပါလိမ့်မယ်
အရာရာကို စိတ်ကဖန်တီးတယ်လို့
မြတ်ဗုဒ္ဓက မိန့်တော်မူခဲ့တယ်
အဲ့တော့ ဒီစိတ်ကလေးကို သန့်နေအောင်၊ အေးချမ်းအောင် အချိန်ကြာကြာ ထားနိုင်လေ ကောင်းလေပဲ
Key Point - ကိုယ်လုပ်နေတဲ့အရာအပေါ်မှာယုံကြည်ဖို့ လိုအပ်ပါတယ်
မိတ်ဆွေတို့ ဉာဏ်ရှိသလို လက်တွေ့ ကျင့်သုံးကြည့်ပါ၊ လက်တွေ့ ထူးခြားလာပါလိမ့်မည်
"လက်တွေ့ဘဝ ပြောင်းလဲဖို့ လမ်းပြနိုင်ရမည်"
31 Oct 2024
28/10/2024
ငါ ဘယ်သူနဲ့မှ မပြိုင်နေဘူး ။
အခြားသူတွေထက် သာအောင်
ပြိုင်ဆိုင်ရတဲ့ ကစားပွဲထဲမှာပါဖို့လည်း စိတ်ကူးမရှိဘူး ။ မနေ့က ငါထက်
ဒီနေ့ ငါက ပိုသာအောင်
ရိုးရိုးလေးပဲ ကြိုးစားနေတာ ။
* Selena Gomez *
28/10/2024
ချမ်းသာစွာအိပ်စက်အနားယူနိုင်ကြပါစေ
🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷
🌷ကိုယ်စိတ်နှစ်ဖြာချမ်းသာစွာဖြင့်
ကောင်းစွာအိပ်စက်နိုးထနိုင်ကြပါစေ
🌷ကောင်းမှူအစုစုနေ့စဉ် ပြု ၍
ကြည်နူးချမ်းမြေ့နိုင်ကြပါစေ
🌷ဘေးရန်ခပ်သိမ်းရှောင်ခွာငြိမ်း၍
အေးချမ်းသာယာရှိနိုင်ကြပါစေ
🌷စိုးရိမ် သောက ဗျာပါဒများ
ကင်းစင်ငြိမ်းအေးနိုင်ကြပါစေ
🌷ဆင်းရဲ ဒုက္ခအနန္တတို့သည်မြူ မျှမတင်
ကင်းစင်လွင့်ပျောက် ချမ်းသာရောက်နိုင်ကြပါစေ
🌷နှလုံးစိတ်ဝမ်းကြည်ရွှင်လန်း၍
ကောင်းသော လိုအင်ဆန္ဒများပြည့်ဝနိုင်ကြပါစေ
🌷စက္ကန့်တိုင်း မိနစ်တိုင်း နာရီတိုင်း
ကောင်းကျိုးချမ်းသာ မင်္ဂလာနှင့်ပြည့်စုံနိုင်ကြပါစေ
28/10/2024
😘😘😘
🫠ချစ်စရာ Wireless နားကြပ်လေးတွေနဲ့ မင်မင့်ချစ်သဲလေးတို့ကို မိတ်ဆက်ပေးဦးမယ်နော် ...
Price 22000🌻
💟ပါကင်ဘူးလှလှလေးနဲ့ ထုပ်ပိုးထားလို့ ကိုယ်တိုင်အသုံးပြုဖို့သာမကပဲ လက်ဆောင်ပေးရင်လည်း သိပ်ကို စွဲ ဆောင်မှုရှိလွန်းတဲ့ Earphoneလေးပေါ့ ..
🙆♀️သီချင်းနားထောင်တာပဲဖြစ်ဖြစ်/ သတင်းနားထောင်တာပဲဖြစ်ဖြစ်
ကိုယ့်feelလေးနဲ့ကိုယ် အနှောင့်အယှက်ကင်းကင်း နားထောင်နိုင်တယ်ဆိုတာ ဒီလိုမျိုး ပြင်ပအသံစနစ်တွေကို ကောင်းကောင်းထိန်းချုပ်ထားနိုင်တဲ့ နားကြပ်လေးတွေ ရှိထားလို့ပေါ့ ..
🤷🏻♀️Fiberသား ဒီနားကြပ်လေးဟာဆိုရင် အလွယ်တကူခေါက်ပြီး သိမ်းလို့ရတဲ့ဒီဇိုင်းလေးမို့ ရပ်ဝေး/ရပ်နည်းခရီးတွေသွားတဲ့အခါမှာလည်း ပေါ့ပေါ့ပါးပါးလေး သယ်ယူသွားရုံပါပဲ။
💯Wireless Systemနဲ့ 3နာရီကြာအားသွင်းထားရင် 12ကျော်အထိ ဖုန်းပြောနိုင်ပြီး 10 နာရီကျော်အထိ သီချင်းနားထောင်နိုင်တာကြောင့် အချိန်အကြာကြီးအသုံးပြုလိုသူတွေအတွက်လည်း Very goodပါပဲနော် ..
💁🏼Power ခလုပ်၊ Ringtoneခလုပ်၊ Skipနဲ့ Volumeခလုပ်လေးတွေပါတဲ့နားကြပ်လေးကို နားမနာအောင်ဖော့လေးတွေလည်း စနစ်တကျတပ်ဆင်ပေးထားပါတယ်။
♦️နားကြပ်လေးတစ်ခုရဲ့ စျေးနှုန်းကတော့ *ကျပ်ပဲရှိတာမို့ ဒီလို ကွာလတီကောင်းတဲ့ နားကြပ်လေးတစ်ခုလောက်ကို ပျော်ပျော်ကြီးဝယ်ပစ်လိုက်သင့်တယ်နော် ..
♦️Instockမို့ ရက်စောင့်စရာမလိုတဲ့အတွက် အခုပဲ မင်မင်တို့ရဲ့ messengerမှာ Order Nowလို့ ရပါပြီလို့
28/10/2024
😘😘😘
Price 8000🌻
🫠သဲတို့ရဲ့ မျက်ဝန်းလှလှလေးတွေကို နေဒဏ် ၊ လေဒဏ် ကာကွယ်ပေးနိုင်တဲ့ နေကာမျက်မှန်လေးတစ်လက်လောက်တော့ ဆောင်ထားသင့်တယ်ဟုတ်။
😎နေလည်းကာ ၊လှလည်း လှ...
စမတ်လည်းကျတဲ့ နေကာမျက်မှန်လေးဆို သဲလေးတို့ ဘယ်သွားသွား ကိုယ်နဲ့တစ်ပါတည်း သယ်ယူချင်ကြတယ်မို့လား ..
👓ဒီလိုလှပတဲ့ နေကာမျက်မှန်လေးတွေ ရှာဖွေနေတယ်ဆိုရင်တော့ ဖိတ်ခေါ်ပါရစေရှင့်.
🕶️သဲတို့ရဲ့လှပတဲ့မျက်နှာလေးတွေနဲ့အလိုက်ဖက်ဆုံးက ဒီလိုအရမ်းမိုက်တဲ့ LOUIS WILL နေကာမျက်မှန်လေးတွေပါပဲနော်။
ဗူးလေးလည်း အဆင်သင့်ပါပြီးသားမို့ သိမ်းချင်တဲ့အခါလည်း လွယ်လွယ်ကူကူပဲနော်။
👓ရေဗူးနဲ့ဦးထုပ်မပါရင် နွေအခါမှသိနိုင်ပေမယ့် မျက်မှန်မပါရင်တာ့ အပြင်ထွက်တိုင်းသိနေမှာပေါ့ ...
🤗သဲတို့ရေ Priceထက် Qualityနဲ့ Designပိုမိုက်တဲ့ နေကာမျက်မှန်လေးတွေကို ကိုယ်တိုင် စတိုင်လ်ကျကျလေးတပ်ဖို့နဲ့ ချစ်ရတဲ့သူတွေကို လက်ဆောင်ပေးဖို့အတွက် messengerကနေ အခုပဲ Helloလိုက်တော့နော် ...
GLASSES
WILL
28/10/2024
😘😘😘
မိုက်မိနေတဲ့
ပုလဲ2ကုံးဆင့်ဆွဲကြိုးလး
ပစ္စည်းအကောင်းလိုင်းလေးပါ
1ကဒ် - 8000🌻
28/10/2024
Dancing Starfish လေးတွေ ရောက်ထားပါတယ်
အငြိမ်မနေနိုင်တဲ့ သူလေးတွေ အတွက် နဲ့
Baby လေးတို့အတွက်
Price 13500🌻မရွေးရ
အများစျေးသီးသန့်
28/10/2024
နွေမိုးဆောင်း ရာသီမရွေးအသုံးပြုလို့ရတဲ့စီလီကွန်စောင်လေးတွေဒီဇိုင်းအစုံပြန်ရောက်ပါပြီရှင့်
🙏တန်ဆောင်တိုင်ကာလမှာ လူကြီး မိဘ ဆရာသမားများကန်တော့ဖို့အတွက်လဲ
မဟာဘုံကထိန်ပွဲတော်လဲလှူဖို့အတွက်
💖လှပတင်တယ်ပြီး အသုံးဝင်သောစောင်လေးပါရှင့်
👉အဲကွန်းခန်းစောင်အနေနဲ့လဲသုံးလို့အဆင်ပြေ
🛍အိတ်ဆွဲလေးလဲပါလို့ဘယ်နေရာမဆိုသယ်သွားလို့ရ
ဆိုဒ် 6ပေ7ပေ
နှစ်ယောက်အိပ် ဆိုဒ်ကြီး
တထည် 39000🌻
28/10/2024
❤️ဒီဇိုင်းသစ်❤️
မဂ်လာ ရင်ခွဲခြင်ထောင်လေးရောက်တယ်နော်
မင်မင်တို့ကိုယ်တိုင်ချုပ်ထားတဲ့ အော်ဒါချုပ်လေးမို့ အပ်ချည်ကအစ အရောင်တူလေးသေချာသုံးပေးထားတယ်ေနာ်
ဇာသားအကောင်း
အပြင်မှာပိုလှတယ်နော် ချစ်တို့ရေ…
ဘေးခွဲအလှတွန့်လေးတွေရဲ့အနားမှာ ဖဲနားလေးတွေနဲ့ကွပ်ထားထားလို့အရမ်းလှ
ဆိုဒ် 6ပေ/6ပေခွဲ
(2ယောက်အိပ်)
စျေး 34000🌻
အရောင် ပန်း အပြာ ခရမ်း
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Mandalay