Distance Learning Academy - DLA
Distance Learning
19/06/2024
အမေစု အမှတ်တရ သီချင်း
"အမေ" သီချင်းလေးကို ကျောင်းသားမိဘတစ်ဦးက သီဆိုထားပါတယ်။ အမေစုမွေးနေ့ အမှတ်တရ လွမ်းဆွတ်သတိရခြင်း အနေဖြင့်ပေါ့။
အနှစ်သာရရှိတဲ့ သီချင်းလေးကို နားထောင်ပေးပါနော်။
Comment Box မှာ လည်း YouTube link ချထားပေးပါမယ်။
https://youtu.be/iA91s9wLkKo?si=xMefaeZ6zabPt9wz
08/12/2023
Certificate in Teacher Education (Primary) Program သင်တန်းသားခေါ်ယူခြင်း
မင်္ဂလာပါ
နွေဦးတော်လှန်ရေးဆရာအတတ်ပညာကောလိပ်မှ ဖွင့်လှစ်သည့် Certificate in Teacher Education(Primary) သင်တန်းအတွက် ၂၀၂၄ ပညာသင်နှစ် သင်တန်းသား/သူ ခေါ်ယူခြင်းဖြစ်သည်။
သင်တန်းလျှောက်လွှာကို ဒီဇင်ဘာ ၂၅ တွင် ပိတ်သိမ်းမည်ဖြစ်သည်။
သင်တန်းသား/သင်တန်းသူများအနေဖြင့် အောက်ပါ သင်တန်းဆိုင်ရာ အချက်အလက်များကို သိရှိရမည်ဖြစ်သည်။
သင်တန်းအမျိုးအစား - Certificate in Teacher Education(Primary)
သင်တန်းကာလ - တစ်နှစ် (အပတ်စဥ် စနေ တနင်္ဂနွေ ညပိုင်းများ)
သင်တန်းနေရာ Zoom Cloud Meetings
နွေဦးတော်လှန်ရေးဆရာအတတ်ပညာကောလိပ် ကို အောက်ပါသတ်မှတ်ချက်နှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။
- လျှောက်ထားသူသည် အသက် ၁၈ နှစ်ပြည့်ရမည်
(နိုင်ငံတကာအသိအမှတ်ပြု အထက်တန်းပြီးဆုံးကြောင်း လက်မှတ် ပြသနိုင်လျှင် အသက်ကန့်သက်ချက်မထားပေ)
- အထက်တန်းအဆင့်နှင့်ညီမျှသော အောင်လက်မှတ်ပြသနိုင်ရမည်
(အောင်လက်မှတ် မပြသနိုင်သော်လည်း လက်ရှိသင်ကြားရေးလုပ်ငန်းများ တွင် ပါ၀င်လုပ်ဆောင်နေကြောင်း အဖွဲ့အစည်းထောက်ခံချက်ပါလျှင် လက်ခံမည်)
- ဆရာအတတ်ပညာကို ချစ်မြတ်နိုးပြီး ပညာရေးဖြင့်အသက်မွေး၀မ်းကြောင်းပြုရန် ရည်ရွယ်ထားသူဖြစ်ရမည်
- အွန်လိုင်းမှ သင်ကြားမည်ဖြစ်၍ ကောင်းမွန်သော အင်တာနက် ရရှိရမည်
- သင်တန်းမှ ပေးသည့် Reading Assignment များ၊ Quizzများ ၊ Presentation များကို ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်ရမည်
Application Form ကို အောက်ပါအတိုင်း ဖြည့်သွင်းနိုင်ပါသည်။ သင်တန်းဆိုင်ရာ အထောက်အထားတချို့ကို သီးခြားတောင်းခံမည်ဖြစ်ပါသည်။
https://forms.gle/womoEkqjb9ixPash7
မိမိကိုယ်တိုင်သင်တန်းအပေါ် တာ၀န်ယူမှု တာ၀န်ခံမှုရှိပြီး အမှန်တကယ်ပညာလိုချင်မှသာ ဖြည့်သွင်းပေးပါရန် မေတ္တာရပ်ခံပါသည်။
အခြားသိရှိရန် အချက်များ
- နွေဦးတော်လှန်ရေးဆရာအတတ်ပညာကောလိပ်အနေဖြင့် အခြားသော ပညာရေးဆိုင်ရာအဖွဲ့အစည်းများနှင့် Partnership အနေဖြင့် ချိတ်ဆက်ဆောင်ရွက်နေပါသည်။
- Certificate in Teacher Education (Primary) သင်တန်းကို နွေဦးတော်လှန်ရေးဆရာအတတ်ပညာကောလိပ်၏ အရည်အသွေးအာမခံနိုင်မှုကိုသာ ပေးနိုင်သည်။
- သင်တန်းသား/သူ ရွေးချယ်ရာတွင် လူတွေ့စစ်ဆေးမေးမြန်းမှုပြုလုပ်မည်
- ကောင်းမွန်သည့်ပညာရေးရရှိရန်အတွက် ကိုယ်ထူကိုယ်ထ ဆောင်ရွက်သည့်အတွက် သင်တန်းလည်ပတ်နိုင်ရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် လစဥ် မြန်မာငွေ ၁၀၀၀၀ ကျပ် လှူဒါန်းပေးရန် မေတ္တာရပ်ခံပါသည်။
-ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် ကြိုးစားနေသည်။
နွေဦးတော်လှန်ရေးဆရာအတတ်ပညာကောလိပ်
21/04/2023
နွေဦးဖက်ဒရယ်အထက်တန်းကျောင်းတွင် စစ်ဆေးသည့် သိပ္ပံဘာသာရပ် မေးခွန်းလွှာ
https://www.facebook.com/nwayoofederalhighschool?mibextid=ZbWKwL
Click here to claim your Sponsored Listing.
Category
Contact the school
Website
Address
Mandalay