Tech Talk MM

Tech Talk MM

Share

From Phone to AI. We cover it all

24/10/2024

Flagship level Android ဖုန်း/Tablet တွေမှာသုံးမယ့် SoC အသစ် "Snapdragon 8 Elite" ကိုလည်း Qualcomm ကတရားဝင်မိတ်ဆက်သွားပြီ ။ Android ဖုန်းကုမ္ပဏီတွေကလည်း သူတို့ရဲ့ နောက်ဖုန်းတွေမှာ ဒီချစ်ပ်ကိုသုံးမယ်လို့ အတည်ပြုပြီးပြီ။ ဘယ်ဖုန်းတွေမှာ သုံးမယ်ဆိုတာ ပြောပြပေးပါမယ်။

ASUS ROG Phone 9 က သုံးမယ်တဲ့။ သူတို့က gaming ဖုန်းတွေဆိုတော့ အကောင်းဆုံးချစ်ပ်ကို အမြဲသုံးတာပဲလေ။ နိုဝင်ဘာ ၁၉ မှာ ထွက်မယ်တဲ့။

HONOR Magic 7 series က လည်းသုံးမယ်။ အောက်တိုဘာ ၃၀ မှာ တရုတ်မှာ မိတ်ဆက်မယ်တဲ့။ AI နဲ့ပတ်သက်တဲ့ feature တွေ ပါမယ်လို့ ပြောတယ်။

Iqoo 13 ကလည်း သုံးမယ်။ ဒီဖုန်းရဲ့အဓိက feature တစ်ခုကတော့ ဂိမ်းကစားတဲ့အခါ အချိန်ဘယ်လောက်ကြာကြာ frame rate ကျမသွားဘူးလို့ ပြောထားတယ်။ အောက်တိုဘာ ၃၀ မှာ ထွက်မယ်။

Nubia က REDMAGIC 10 Pro နဲ့ Z70 Ultra မှာလည်း သုံးမယ်။ နိုဝင်ဘာမှာ ထွက်မယ်တဲ့။

OnePlus 13 မှာလည်း သုံးမယ်။ အောက်တိုဘာ ၃၁ မှာ တရုတ်မှာ မိတ်ဆက်မယ်။

Realme GT 7 Pro မှာလည်း သုံးမယ်။

Xiaomi 15 series က ဒီချစ်ပ်ကိုသုံးတဲ့ ပထမဆုံးဖုန်းတွေ ဖြစ်မယ်တဲ့။

Samsung နဲ့ OPPO ကလည်း သုံးမယ်လို့ပြောတယ်။ ဒါပေမယ့် ဘယ်ဖုန်းမှာလဲဆိုတာတော့ မပြောသေးဘူး။ Samsung Galaxy S25 series မှာ သုံးမယ်လို့ ထင်ကြတယ်။ OPPO ကတော့ Find X8 Ultra မှာ သုံးမယ်လို့ ကောလဟလထွက်နေတယ်။

24/10/2024

ဒီနေ့ Qualcomm ကနေ မိတ်ဆက်လိုက်တဲ့ "Snapdragon 8 Elite" Chip အသစ်ကို သုံးမယ့် Android device တွေဟာ Android OS update ၈ နှစ်အထိရနိုင်ပါမယ်တဲ့။

Qualcomm ရဲ့ အကြီးတန်းဒုဥက္ကဋ္ဌ Chris Patrick က သတင်းထောက်တွေကို ပြောပြထားတာက Snapdragon 8 Elite က Android OS အပ်ဒိတ်ကို ၈ နှစ်အထိ ထောက်ပံ့ပေးမယ်တဲ့။ ဒါဆို လက်ရှိ Android ဗားရှင်းအပါအဝင် နောက်ထပ် ၇ နှစ်အထိ OS အဆင့်မြှင့်တင်မှုတွေ ရနိုင်တယ်ပေါ့။

ဒါက Android ဖုန်းထုတ်တဲ့ကုမ္ပဏီတွေအတွက် သူတို့ရဲ့ဖုန်းတွေကို ကြာကြာထောက်ပံ့ပေးနိုင်ဖို့ အရမ်းအဆင်ပြေသွားစေမယ့် သတင်းကောင်းပဲ။ ဒါပေမယ့် Snapdragon 8 Elite သုံးထားတဲ့ဖုန်းတိုင်း အလိုအလျောက် ၇ နှစ် ၈ နှစ်လောက် Android OS အပ်ဒိတ်ရမယ်လို့တော့ မဆိုလိုဘူးနော်။ ဖုန်းထုတ်တဲ့ကုမ္ပဏီတွေဘက်ကလည်း Qualcomm ရဲ့ Android board support package ကို သူတို့ရဲ့ကိုယ်ပိုင် software skin နဲ့ feature တွေနဲ့ customize လုပ်ပေးဖို့ လိုအပ်သေးတယ်။

နောက်ပြီး လက်ရှိ Qualcomm ချစ်ပ်တွေက OS ဗားရှင်း ၄ ခုနဲ့ လုံခြုံရေးပက်ချ် ၄ နှစ်စာ ထောက်ပံ့ပေးနိုင်တာတောင် Sony, ZTE, Motorola လို Android ဖုန်းထုတ်တဲ့ကုမ္ပဏီတွေဟာ သူတို့ထုတ်ထားတဲ့ ဖုန်းတွေအတွက် OS အပ်ဒိတ် တစ်ကြိမ်နဲ့ လုံခြုံရေးပက်ချ် ၃ နှစ်စာလောက်ပဲ ပေးနေကြတာကို တွေ့ရတယ်။

ဒီသတင်းက Chris Patrick က ဖုန်းထုတ်လုပ်သူတွေအတွက် သူတို့ရဲ့ဖုန်းဟောင်းတွေကို ဆက်ပြီး Software Update ပေးနိုင်ဖို့ ပိုလွယ်ကူအောင် လုပ်ပေးမယ်လို့ ပြောခဲ့တာနဲ့ ဆက်စပ်နေတယ်။ ဒါ့ကြောင့် ဖုန်းဟောင်းတွေအတွက်လည်း ဒီလိုမျိုး ထောက်ပံ့မှုတွေ ပေးလာမယ်လို့ မျှော်လင့်ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဖုန်းတစ်လုံးကို ဒီလို နှစ်ကြာကြာ Software update support ပေးမယ့် မူဝါဒကို ကြိုဆိုရမှာပါ ။ MediaTek တို့လို ပြိုင်ဘက်တွေလည်း ဒီလိုမူဝါဒမျိုး ကျင့်သုံးလာမယ်လို့ မျှော်လင့်ပါတယ်။

Photos from Tech Talk MM's post 24/10/2024

Qualcomm က Snapdragon 8 Elite လို့ အမည်ပေးထားတဲ့ Processor အသစ်ကိုမိတ်ဆက်လိုက်ပါပြီ။ အရင်က 8 Gen 1, Gen 2 , Gen 3 စသဖြင့် ခေါ်နေရာကနေ Elite လို့ ပြောင်းခေါ်လိုက်တာပေါ့။ ဒါပေမယ့် နာမည်တင်မဟုတ်ဘူး၊ အတွင်းပိုင်းမှာလည်း အပြောင်းအလဲတွေ အများကြီးရှိတယ်။

အဓိကအပြောင်းအလဲကတော့ CPU ပဲ။ Qualcomm က အသစ်ပြန် ဒီဇိုင်းထုတ်ထားတဲ့ Oryon CPU ကို သုံးထားတယ်။ CPU core တွေကိုလည်း အရင်လို လေးမျိုးခွဲမထားတော့ဘဲ နှစ်မျိုးပဲခွဲထားတယ်။ အမြန်ဆုံး Prime core နှစ်ခုနဲ့ Performance core ခြောက်ခုပေါ့။ Prime core တွေက 4.32GHz ထိမြန်တယ်။ အရင်မျိုးဆက်တွေထက် တော်တော်လေးမြန်သွားတာပေါ့။

GPU ပိုင်းမှာလည်း တိုးတက်မှုတွေ အများကြီးရှိတယ်။ Adreno GPU အသစ်က ဂိမ်းဆော့ရင် ပိုမြန်သလို ဘက်ထရီလည်း ပိုချွေတာပေးတယ်။ Ray tracing လို နည်းပညာတွေလည်း ပိုကောင်းလာတယ်။ ဂိမ်းသမားတွေအတွက် အဆင်ပြေမယ့် ချစ်ပ်ပေါ့။

AI ပိုင်းမှာဆိုရင်လည်း တိုးတက်မှုတွေ အများကြီးရှိတယ်။ ဥပမာ ဓာတ်ပုံရိုက်တဲ့အခါ AI နဲ့ အလိုအလျောက် ပုံကို ပိုကောင်းအောင်လုပ်ပေးတာတို့၊ ဗီဒီယိုထဲက မလိုချင်တဲ့အရာတွေကို ဖျက်ပေးတာမျိုးတွေ လုပ်နိုင်တယ်။

နောက်ပြီး ဂြိုဟ်တုနဲ့ ဆက်သွယ်နိုင်တဲ့စနစ်လည်း ပါလာတယ်။ Wi-Fi 7 တို့ Bluetooth 6.0 တို့လို နောက်ဆုံးပေါ် နည်းပညာတွေလည်း ပါဝင်တယ်။

ဒီချစ်ပ်က တော်တော်လေး စွမ်းဆောင်ရည်ကောင်းသလို ၊ ဈေးနှုန်းကလည်း မြင့်လာမှာဖြစ်တဲ့အတွက် ထုံးစံအတိုင်း ထိပ်တန်း Flagship ဖုန်းတွေမှာပဲ တွေ့မြင်ရမယ်။ Samsung တို့ OnePlus တို့လို ဖုန်းကုမ္ပဏီတွေက သူတို့ရဲ့နောက်ထွက်မယ့် ဖုန်းတွေမှာ သုံးဖို့ စီစဉ်နေကြတယ်။ တချို့ဆို ဒီနှစ်ကုန်ပိုင်းလောက်မှာတင် ထွက်လာနိုင်တယ်။

ဒီလောက်ဆို Snapdragon 8 Elite အကြောင်း အကြမ်းဖျင်း သိလောက်ပြီလို့ ထင်ပါတယ်။ နည်းပညာပိုင်းမှာ တော်တော်လေး တိုးတက်လာပေမယ့် Chip တွေဟာလည်းဈေးကြီးလာနိုင်တဲ့အတွက် ၎င်း Chip တွေကိုသုံးမယ့် ဖုန်းတွေရဲ့ဈေးနှုန်းတွေကလည်း မြင့်တက်လာနိုင်တယ်ဆိုတာကိုတော့ သတိပြုသင့်ပါတယ်။

Photos from Tech Talk MM's post 24/10/2024

Samsung က Galaxy Z Fold စီးရီးရဲ့ Special Edition မော်ဒယ်သစ်ကိုထပ်ထုတ်လိုက်ပါပြီ။ မကြာသေးခင်က ထွက်ရှိထားတဲ့ Galaxy ZFold 6 ထက် ပိုပါး ပိုပေါ့တဲ့အပြင် ရှေ့မျက်နှာပြင် Display နဲ့ အတွင်းဘက် Foldable Display ကိုပါနည်းနည်းပိုကြီးပေးထားတယ်။ နောက်ကျောဘက်မှာလည်း ဒီဇိုင်းနည်းနည်းပြောင်းထားတယ်။ Galaxy AI အတွက် ဖုန်းရဲ့ RAM ကိုလည်း ပိုတိုးမြှင့်ပေးထားတဲ့အပြင် Main ကင်မရာကိုလည်း 200 MP Camera ပြောင်းသုံးထားတာတွေ့ရပါတယ်။

ဒါပေမယ့် ဒီဖုန်းကို တောင်ကိုရီးယားမှာပဲ ရောင်းမှာတဲ့။ စျေးကတော့ ကိုရီးယားဝမ် ၂,၇၈၉,၆၀၀၊ ဒေါ်လာနဲ့ဆို ၂,၀၀၀ (မြန်မာငွေ သိန်း ၉၀ ဝန်းကျင်) လောက်ရှိမယ်။ ၂၀၂၄ အောက်တိုဘာ ၂၅ ရက်နေ့ သောကြာနေ့မှ စရောင်းမှာ။ တရုတ်ပြည်မှာလည်း ရောင်းမယ်လို့သိရတယ်။

Galaxy Z Fold SE က အထူ ၁၀.၆ မီလီမီတာနဲ့ အလေးချိန် ၂၃၆ ဂရမ်ရှိတယ်။ Galaxy Z Fold 6 ထက် ၁.၅ မီလီမီတာ ပိုပါးပြီး ၃ ဂရမ် ပိုပေါ့တယ်။ SoC အနေနဲ့ Snapdragon 8 Gen 3 for Galaxy ကိုသုံးပေးထားပြီး RAM အနေနဲ့ 16GB ပါဝင်ပါတယ်။ Storage အနေနဲ့ကတော့ 512GB ပါဝင်ပါမယ်။ ကင်မရာကိုလည်း ယခင် ZFold 6 မှာ 50MP camera သုံးထားတာကနေ အခု Special Edition မှာ 200MP Camera ပြောင်းသုံးလိုက်တာပါ ။ အပြင်ဘက် Display size က 6.5 inch နဲ့ အတွင်းဘက် Foldable Display က 8 inch ဖြစ်သွားလို့ ယခင် ZFold 6 ထက် Display တွေသိသိသာသာပိုကြီးသွားပါတယ်။ ယခင် ZFold 6 မှာက WiFi 6e ပဲပါဝင်ပြီး အခု Special Edition မှာတော့ WiFi 7 support လုပ်ပါပြီ။

ZFold SE ကို တောင်ကိုရီးယားနဲ့ တရုတ်မှာပဲ ရောင်းမှာဖြစ်လို့ ဝယ်ချင်ရင်တော့ နိုင်ငံခြားကနေမှာမှပဲရမှာပါ။

Want your business to be the top-listed Media Company in Mandalay?
Click here to claim your Sponsored Listing.

Website

Address


Mandalay