Your Library
For you's Motivation and Personal Development !!
06/02/2022
" အလုပ်ကို ကောင်းချင်ရင် ကောင်းကောင်းလုပ်မှ ရမယ်။
ကံကောင်းဖို့ဆိုရင် အလုပ်ကောင်းမှာ
ဖြစ်မယ်ဆိုတဲ့ စိတ်နဲ့ ဘာလုပ်လုပ် ကောင်းကောင်းလုပ်ပါ။
ပိုက်ဆံ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ
ကောင်းကောင်းလုပ်ဖို့ လိုတယ်ဆ်ိုပြီး ခေါင်းထဲ စွဲထားပါ "
အလုပ်ကောင်းဖို့၊ ကံကောင်းဖို့ဆိုပြီး
ဘုရားမှာ ဆုတောင်းနေလို့မရပါဘူး။
ယတြာချေ နေလို့ မရပါဘူး။
ကိုယ်လုပ်တဲ့ အလုပ်အပေါ်မှာ စေတနာထား၊
လေ့လာသင်ယူ ကြိုးစား
ပြန်လည် မသုံးချပါ၊ ကိုယ်လုပ်တဲ့ အလုပ် ချစ်ပါ၊
အကောင်းဆုံးဖြစ်အောင် လုပ်ပါ၊ အလုပ်ကောင်းလာပါလိမ့်မယ်။
ကံကောင်းချင် လူတွေအပေါ် စေတနာထား၊
မေတ္တာထား၊ ကူညီဆောင်ရွက်၊
မိဘ ကို အကောင်းဖြစ်အောင်
ပြုစုစောင့်ရှောက် ကံကောင်းလာလိမ့်မယ်။
" လူအများစုက ငါ့ဘ၀က ကံဆိုးပါတယ်။
ဘာလုပ်လုပ် အဆင်မပြေဘူး၊
သူများတွေများကံကောင်းလိုက်ကြတာ၊
ကံကြမ္မာက ငါ့ကို မျက်နှာသာ မပေးဘူး။
ကံဆိုးလိုက်တာ ထိုင်ပြီးပဲ၊ ညည်းငြူနေကြတယ်။ "
ဘာမှ မလုပ်ပါပဲ၊ ဘာကိုမှ မကြိုးစား မလုပ်ဆောင်ပါပဲ
ဘာကံမှ ကောင်းလာမှ မဟုတ်ပါဘူး။
ဘာလို့လဲ လူအများစုက အလုပ်တစ်ခု
လုပ်ရင် လိုချင် တက်မက်တဲ့ စိတ်နဲ့လုပ်ကြတယ်။
ကိုယ့်ဘက်က ဘာလုပ်ပေးမလဲ၊
ဘယ်လိုအကောင်းဆုံး လုပ်ပေးမလဲ မတွေးဘူး၊ မစဉ်းစားဘူး။
တစ်ချို့ ဘုရားမှာ ဆုတောင်းရင်တောင်
" ဘာရရပါလို၏၊ ညာရရပါလို၏၊ ဘာဖြစ်ရပါလို၏ "
ဆုတောင်းတွေ စုံနေတာပဲ။
အမြဲတမ်း ရရပါလို၏ တွေက များနေတယ်။
ဘာလုပ်ပေးရပါလို၏ ဆိုတာ မပါသလောက်ပါပဲ။
နည်းနည်းပေးပြီး များများပြန်တောင်းတဲ့ သူကများနေတယ်။
*အရှင်ဘုရား တပည့်တော် ငပျင်းတစ်ယောက်ပါဘုရား၊
ဒါပေမဲ့ ဒီလကုန်မိုးယံမှာထိုးထားတဲ့ ထီပေါက်ရပါလို၏။
လျှောက်ထားတဲ့ အလုပ်မှာလည်း ရာထူးကြီးကြီးနဲ့
လစာများများရရပါလို၏ တပည့်တော်ကို မစပေးတော်မူပါ*
ဆုတောင်းနေလို့ရနိုင်မလား။
အများကြီးလုပ်စရာမလိုပါဘူး။
ရှိတာလေးကိုပဲ သေသေချာချာလုပ်ပါ။
အများကြီးမတတ်ပါဘူး၊ တတ်တာလေးကိုပဲ
သေသေချာချာလုပ်ပါ။
အများကြီးမသိပါဘူး၊ သိတာလေးကိုပဲ
သေသေချာချာလုပ်ပါ။ အကောင်းဆုံးဖြစ်အောင်
လုပ်ပေးလိုက်ပါ၊ လုပ်ပေးနိုင်သမျှ
အကုန်လုပ်ပေးလိုက်ပါ။ ကံကောင်းလာပါလိမ့်မယ်။
(Katha Land)
05/02/2022
" မင်းအပေါ်မှာ မူတည်တယ် "
" မင်း တစ်နေ့ ဝင်ငွေ၊ တစ်လ ဝင်ငွေ
ဘယ်လောက်ရလဲဆိုတာ
မင်း အတွက် အရေးမကြီးဘူး။
ဒါပေမဲ့
မင်း ရတဲ့ ဝင်ငွေထဲက
ဘယ်လောက်ထိ စုနိုင်တယ်ဆိုတာ
မင်းအတွက် အရေးကြီးတယ်။
မင်း ကြီးပွားချမ်းသားခြင်း၊ မချမ်းသာခြင်းဆိုတာ
မင်းရဲ့ ဝင်ငွေထဲက
တစ်နေ့ဘယ်လောက် စုနိုင်တယ်။
တစ်လ ဘယ်လောက်စုနိုင်လဲပေါ်မှာ မူတည်လိမ့်မယ်။ "
" မင်း တစ်နေ့ စာအုပ် ဘယ်နှစ်အုပ်ဖတ်တယ်၊
တစ်လ စာအုပ် ဘယ်နှစ်အုပ်ဖတ်တယ် ဆိုတာ
မင်း အတွက် အရေးမကြီးဘူး။
ဒါပေမဲ့
မင်း တစ်နေ့ဖတ်တဲ့စာ၊ တစ်လ ဖတ်တဲ့စာတွေထဲက
ဘယ်လောက်တော့ မှတ်မိတယ်၊
ဘယ်လောက် သင်ယူနိုင်လိုက်တယ်၊
ကိုယ့်ဘဝ အတွက် ဘယ်လို သင်ခန်းစာတွေ ရခဲ့တယ်၊
ဘယ်လောက် အထိ ခွန်အား ဖြစ်ခဲ့တယ် ဆိုတဲ့ အပေါ်မှာ
တစ်ဦးနဲ့ တစ်ဦး ကွာခြားသွားလိမ့်မယ်။ "
အရည်အချင်းကို မကြည့်ပဲ
အရေအတွက်ကို ကြည့်နေသမျှကာလပတ်လုံး
သူများထက် နောက်ကျကျန်နေခဲ့လိမ့်မယ်။
(Katha Land)
08/12/2021
" လောကကြီးမှာ ဘယ်အရာမှ အလကားမရပါဘူး "
ဘယ်အရာပဲဖြစ်ဖြစ် တန်ရာတန်ကြေး ပေးမှ ရမယ်။
တစ်ခုခုကိုလိုချင်ရင် တစ်ခုခုတော့ ပြန်ပေးဆပ်ရမှာပဲ။
ဘာမှမပေးပဲ ယူချင်တဲ့သူက
အချောင်သမားများသာဖြစ်မယ်။
ဘ၀ကို ရေသာခို အချောင်လိုက်နေပြီး ရေစုံမျောနေရင်
ဘယ်မှာတိုးတက်မူ ရှိနိုင်မှာလဲ။
မိမိတို့ နေ့စဉ်ဖြတ်သန်းနေရတဲ့ တစ်နေ့တာ အတွက်
ရရှိထားတဲ့ ( ၂၄ )ဆိုတဲ့ အချိန်ကိုတောင်
မိမိတို့ အလကားရရှိထားခြင်း ဟုတ်ရဲ့လား ။
ကျွန်တော်တို့ရဲ့ အသက်တွေကို
ပေးခဲ့ရတယ် မဟုတ်လား။
အလကားရချင်၊ အလကားလိုချင်တဲ့သူဟာ
အလကားလူပဲဖြစ်လိမ့်မယ်။
ကျွန်တော်တို့ နေ့စဉ်လူတိုင်းဟာ
တစ်ခုမဟုတ် တစ်ခုတော့ ပေးဆပ်နေရတာပဲ။
ဆရာတစ်ယောက်ပြောခဲ့ဘူးတဲ့ စကားတစ်ခွန်းလို
" Give and Take "
ပေးစရာရှိသာ ပေးပါ။
ရစရာရှိတာလည်း ယူပါ။
ဘယ်အရာကိုမှ အလကား အလိုချင်ပါနဲ့ ...။
ဥပမာ-ပညာလိုချင်တယ်၊ ပညာတတ်ချင်တယ်
ကိုယ့်သင်ချင်တဲ့ ပညာသင်ပေးနိုင်သော
ဆရာ/မ တွေ့ဆီကနေ အချိန်ပေးပြီး
လေ့လာ ဆည်းပူးမှ ရပါလိမ့်မယ်။
" ငါ ပညာတတ်ချင်လိုက်တာကွာ ဆိုပြီး
ပိုက်ဆံပုံပေးပြီး ဝယ်လို့မရပါဘူး။
အချိန်၊ လေ့လာမူ၊ ကြိုးစားအားထုတ်မူ၊
ဇွဲ နပဲ၊ ငွေကြေး တွေ ပေါင်းပြီး
စနစ်တကျ လေ့လာ သင်ယူမှရပါလိမ့်မည်။
ငွေကြေးနဲ့ ဝယ်လို့တာ ရတာ
Certificate ဆိုတဲ့ လက်မှတ်စာရွက်ပဲ ရပါလိမ့်မယ်။
ပညာတော့ မတတ်မြောက်နိုင်ပါ။
အရာရာကို အလွယ်မလိုချင်ပါနဲ့။
ကျွန်တော်တို့တွေ အရာရာကို မသိမသာ မနေပါနဲ့
မသိတာတွေ များလာရင် မသာဖြစ်သွားပါလိမ့်မယ်။
လူတစ်ယောက်နဲ့ တစ်ယောက်
အောင်မြင်မူခြင်း မတူကြခြင်းဟာ
ကိုယ်ရရှိထားတဲ့ တစ်နေ့တာ ( ၂၄ )နာရီဆိုတဲ့ အချိန်ကို
ဘယ်လိုအသုံးချလဲဆိုတဲ့အပေါ် မူတည်ပြီး
ကွားပြားသွားတတ်ကြတယ်။
(Katha Land)
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay