ITDevelopment Team

ITDevelopment Team

Share

TU(MDY) IT Department မှကျောင်းသား/သူများ ပူးပေါင?

04/05/2021

ကျောင်းတက်မယ် တွေးတိုင်း
တော်လှန်ရေးမှာ
-အသက်ပေးခဲ့ရတဲ့ ကျောင်းသား/သူတွေကို သတိရပါ။
-အခုထိ သံတိုင်‌တွေကြား ရောက်နေဆဲ ကျုပ်တို့သူငယ်ချင်း ကျောင်းသား/သူတွေ သတိရပါ။

"ကျောင်းသားနဲ့ ထောင် သည် လားလားမျှ မဆိုင်။"

#ပြောင်းလဲချင်ရင်ကျောင်းထဲမဝင်နဲ့
#ကျောင်းဝသွားရင်ပြောင်းဝရောက်မယ်
#စစ်ကျွန်ပညာရေးအလိုမရှိ
#အရေးတော်ပုံအောင်ရမည်

08/02/2021

"ဂုဏ်ယူ ဝမ်းမြောက်ခြင်း" 🇲🇲♥️

Photos from ITDevelopment Team's post 18/06/2020

COURSERA.........

Coursera ဆိုသည်မှာ သင်ရိုးများ၊ အထူးပြုသင်ရိုးများနှင့် ဘွဲ့ဒီဂရီများကို အင်တာနက်မှ လေ့လာနိုင်ရန် စတန်းဖို့ဒ် တက္ကသိုလ်မှ ပါမောက္ခ အန်ဒရိုး (Andrew Ng) နှင့် Daphne Koller တို့မှ ပြုလုပ်ပေးထားသည့် အင်တာနက်ပညာသင်ကြားရေး စနစ် တစ်ခုဖြစ်သည်။
Coursera သည် တက္ကသိုလ်များ၊ အဖွဲ့အစည်းများနှင့် ပူး ပေါင်း၍ အင်တာနက်အသုံးပြု၍ သင်ကြားနိုင်သည့် သင်ရိုးများ၊ အထူးပြုသင်ရိုးများ နှင့်ဘွဲ့ဒီဂရီများကို ဘာသာရပ်များစွာအတွက် ပေးအပ်နေသည်။ ဥပမာအားဖြင့် အင်ဂျင်နီယာ၊ လူမှုသိပ္ပံ၊ ဆေးပညာ၊ ဇီဝဗေဒ၊ သင်္ချာ၊ စီးပွားရေး၊ ကွန်ပျူတာသိပ္ပံ၊ ဒစ်ဂျစ်တယ် မားကတ်တင်း၊ ဒေတာဆိုင်းရင့် စသဖြင့် ဘာသာရပ် မျိုးစုံပါဝင်သည်။
Online learning platform တစ်ခုဖြစ်တဲ့ Coursera ကနေ Covid-19 ကြောင့် ရပ်နားထားရတဲ့ တက္ကသိုလ်တွေ ကျောင်းတွေကို Online ကနေ လေ့လာနိုင်ဖို့ Coursera for Campus အစီအစဉ်ကို ပြုလုပ်ပေးခဲ့ပါတယ်။ အဲဒီ Coursera for Campus အစီအစဉ်ကို TUM အနေနဲ့ ချိတ်ဆက်နိုင်ခဲ့ပါပြီ။ tum-mandalay.edu.mm နဲ့ email account ရှိတဲ့သူတိုင်း Online Course ပေါင်း 3800 ကျော်ကို လေ့လာခွင့်ရမှာပါ။ အရင်က free course ပေါင်း ၁၀၀ ကျော်ဘဲ ပေးခဲ့ပြီး certificate ယူချင်ရင် ပိုက်ဆံပေးရပါတယ်။ အခု Coursera for Campus အစီအစဉ်နဲ့ free Course ပေါင်း ၃၈၀၀ ကျော်ကို free certificte ပါ ပေးပါတယ်။ ဘယ်အချိန်ထိရမလဲ ဆိုတော့ July 31 ရက်မတိုင်ခင် enroll လုပ်ရမှာပါ။ မိမိနှစ်သက်ရာ course တွေကို September 30 မတိုင်ခင် အပြီးတက်ရောက်ရ မှာပါ။ September 30 မတိုင်ခင် ပြီးတဲ့ course တွေကို certificate free ရမှာပါနော်။ လျှောက်ထားလိုသူများသည်TUM on Coursera ကို join နိုင်ရန်အတွက် Name/roll no./ email address/phone no. များအား [email protected] (or) [email protected]သို့ ပေးပို့ထားနိုင်ပါသည်။
credit: TUM

17/06/2020

AZ-900 (Networking and Cloud Computing)

23/03/2020

#နည်းပညာတက္ကသိုလ်များ

နည်းပညာတက္ကသိုလ်များ
အားလုံးတွင်
ယခု ကျင်းပနေသော First Semester စာမေးပွဲများကို အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ပြန့်ပွားမှူထိမ်းချုပ်ရန်အတွက် တက္ကသိုလ် Senate (ပညာရေးအဖွဲ့) နှင့် ကျောင်းသားသမဂ္ဂ သဘောတူဆွေးနွေး ဆုံးဖြတ်ချက်အရ ၂၄-၃-၂၀၂၀
နံနက်ပိုင်းမှစရျ် ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်းနှင့် ကျန်ရှိသောဘာသာများအတွက် ပြန်လည်ဖြေဆိုရမည့်ရက်ကို ထပ်မံကြေငြာပေးမည်ဖြစ်ပါသည်။ ဖြေဆိုပြီးသော ဘာသာများထပ်မံဖြေဆိုရန်မလိုပါ။​
အဆောင်နေကျောင်းသား ကျောင်းသူများ နေရပ်ပြန်ရေးအတွက် အဆောင်မှူးများနှင့် တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့မှ ကြီးကြပ်စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

***နယ်မှသူများ မြို့ကို lockdown မလုပ်ခင် မြန်မြန်
အိမ်သို့ အတတ်နိုင်ဆုံး ပြန်ကြပါရန်***

Want your school to be the top-listed School/college in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


Technolgical University(Mandalay)
Mandalay