Tgt tea

Tgt tea

Share

39th Street, 55*56 Maha Aung Myay Township, Mandalay、09789338339、

09/03/2026

"Pu’er Tea ကို သုံးဆောင်တယ်ဆိုတာ
အချိန်ကာလကို တဖြည်းဖြည်း အရသာခံရင်း
သောက်သုံးတာပါပဲ။"

tgt tea ကို လာကြတဲ့အခါ Sheng (အစိမ်း) နဲ့
Shou (အကျက်) မှာ ဘယ်အရသာက ပိုကောင်းလဲဆိုတာ
မကြာခဏ မေးတတ်ကြပါတယ်။

တကယ်တော့ ဒါက ကောင်းခြင်း၊ မကောင်းခြင်းထက်
လူကြီးမင်းတို့ရဲ့ "ဒီနေ့ စိတ်အခြေအနေ" နဲ့
ဘယ်ဟာက ထပ်တူကျမလဲဆိုတဲ့အပေါ် မူတည်ပါတယ်။

Shou (အကျက်) ရဲ့ နူးညံ့မှုက
ရင့်ကျက်တဲ့ "အဖော်" တစ်ယောက်နဲ့တူပါတယ်။
အလုပ်တွေ အရမ်းများလို့ စိတ်ရော၊ လူပါ နွမ်းနယ်နေတဲ့အခါ...

ပွေ့ဖက်နှစ်သိမ့်ပေးမယ့် နွေးထွေးမှုမျိုး လိုချင်ရင်တော့
Shou Pu’er ကို ရွေးချယ်ပါ။
ခါးသက်မှုကင်းပြီး ရင့်ကျက်တဲ့ မြေနံ့သင်းသင်းလေးက
မွန်းကြပ်မှုတွေကို တိတ်ဆိတ်စွာ ကုစားပေးပါလိမ့်မယ်။

Sheng (အစိမ်း) ရဲ့ ပြင်းရှမှုက ရှင်းလင်းပြတ်သားပြီး
လူကို ပြန်လည် နိုးကြားစေပါတယ်။ အချိန်ကြာလာလေလေ
တန်ဖိုးတက်လေဖြစ်တဲ့ Sheng ရဲ့ တောရနံ့၊ ပန်းရနံ့တွေနဲ့အတူ
ခံတွင်းထဲမှာ ကျန်ရစ်မယ့် အချိုဓာတ် (Hui Gan) က
လူကြီးမင်းတို့ကို လန်းဆန်းစေပြီး ရှေ့ဆက်ဖို့
စိတ်ဓာတ်ခွန်အားတွေကို ပြန်လည်ဖြည့်တင်းပေးပါလိမ့်မယ်။

ဒီနေ့လို အလုပ်တွေနဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ ညနေခင်းမှာ...
လူကြီးမင်းရဲ့ စိတ်အာရုံကို
ဘယ်လို Pu’er tea မျိုးနဲ့ အနားပေးချင်လဲ?

"အေးချမ်းတဲ့ နွေးထွေးမှု" လား? ဒါမှမဟုတ်
"လန်းဆန်းတဲ့ ခွန်အား" လား?

ကျွန်တော်တို့ tgt tea room မှာ
လူကြီးမင်း နှစ်သက်ရာ Pu’er tea တစ်အိုးနဲ့အတူ
အကောင်းဆုံး အနားယူခြင်းတွေကို ဖန်တီးပေးဖို့
စောင့်ကြိုနေပါတယ်။

🕘 Opening Time : 9:00 AM - 5:00 PM
📲 Contact Us : 09 789 338 339
📍 Address : 39st, Bet: 55st & 56st,
MaharAungMyay Township, Mandalay.

08/03/2026

တာဝန်ကိုယ်စီနဲ့ အမြဲကြိုးစားနေတဲ့ အမျိုးသမီးတွေအတွက်
အမြဲတမ်း ကျန်းမာလန်းဆန်းပြီး
ပျော်ရွှင်စရာနေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း
tgt tea မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

Happy International Women’s Day! 🌸

04/02/2026

ထမင်းစားပြီးတဲ့အခါမှာ ခံတွင်းရှင်းပြီး အအီပြေစေမယ့်
ပင်ကြီးလက်ဖက်ရေနွေး ပူပူလေးကို....

ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူး အများဆုံးရအောင်
"ဘယ်လို သောက်သုံးသင့်သလဲဆိုတဲ့" နည်းလမ်းလေးကို
tgt tea ကနေ မျှဝေပေးချင်ပါတယ် 🤗

စားသုံးလိုက်တဲ့ အစားအစာရဲ့အာဟာရဓာတ်တွေကို
ခန္ဓာကိုယ်က အပြည့်အဝ ရယူနိုင်ဖို့အတွက်ဆိုရင်....

ထမင်းစားပြီးပြီးချင်းမှာ ရေနွေးကို ချက်ချင်းမသောက်ဘဲ
မိနစ် (၃၀) ခန့် အချိန်လေးခြားပြီးမှ
သောက်သုံးပေးသင့်ပါတယ်။

ဒါမှသာ
🔸စားလိုက်တဲ့ အာဟာရဓာတ်တွေကို
ခန္ဓာကိုယ်ကအထိရောက်ဆုံး ရယူနိုင်ဖို့
အခွင့်အရေးပေးရာရောက်သလို

🔸 ပင်ကြီးလက်ဖက်ရေနွေးကြောင့်
အစာခြေစနစ်ကို ပိုမိုအားကောင်းစေပြီး
ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

🔸 ဒါ့အပြင် ပင်ကြီးလက်ဖက်ရေနွေးက
အဆီလောင်ကျွမ်းမှုကို အားပေးတဲ့အတွက်
ရေရှည်မှာ သွေးတွင်းအဆီဓာတ်ကိုကျစေပြီး
ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။

ဒါကြောင့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများတဲ့
ပင်ကြီးလက်ဖက်ရေနွေးကို အစာစားပြီး မိနစ် (၃၀) ခန့်အကြာမှာ
သောက်သုံးဖို့ tgt tea က အကြုံပြုလိုက်ရပါတယ်ခင်ဗျာ ။

🕘 Opening Time : 9:00 AM - 5:00 PM
📲 Contact Us : 09 789 338 339
📍 Address : 39st, Bet: 55st & 56st,
MaharAungMyay Township, Mandalay.

Want your public figure to be the top-listed Public Figure in Mandalay?
Click here to claim your Sponsored Listing.

Category

Address


105 & 53(A)
Mandalay

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 13:00 - 22:00