Novatek

Novatek

Share

Architectural Design Consultant/
Design & Engineering Vocational School, Mandalay
09 2016484, 09 798727272

14/05/2026

၂၀၂၆ July မှာ သင်တန်းပီးစီးမယ့်
ဒီဇိုင်းကျောင်းသားတွေထဲကနေ
Live Life Scholarship ကို
ရွေးချယ်ချီးမြင့်မှာ ဖြစ်ပြီး
ဒါကဒုတိယနှစ်အနေနဲ့.. LiveLife က
ဆက်လက်ပံ့ပိုး ချီးမြှင့်ပေးတာဖြစ်ပါတယ်

🎓 𝐃𝐞𝐬𝐢𝐠𝐧𝐞𝐫 ဖြစ်ချင်တဲ့ လူငယ်တွေအတွက် အခွင့်အရေးကောင်းတစ်ခု…

𝐋𝐢𝐯𝐞 𝐋𝐢𝐟𝐞 နဲ့ 𝐍𝐨𝐯𝐚𝐭𝐞𝐤 𝐃𝐞𝐬𝐢𝐠𝐧 𝐒𝐜𝐡𝐨𝐨𝐥 တို့ပူးပေါင်းပြီး ဒုတိယအကြိမ် 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 𝐏𝐫𝐨𝐠𝐫𝐚𝐦 ကို ထပ်မံစီစဉ်လိုက်ပါပြီ 🎉

𝐃𝐞𝐬𝐢𝐠𝐧 & 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 𝐈𝐧𝐝𝐮𝐬𝐭𝐫𝐲 အတွက် မျိုးဆက်သစ် 𝐃𝐞𝐬𝐢𝐠𝐧𝐞𝐫 များ ပိုမို ပေါ်ထွက်လာစေဖို့ ရည်ရွယ်ပြီး ဒီ 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 𝐏𝐫𝐨𝐠𝐫𝐚𝐦 ကို ထပ်မံ စီစဉ်ပေးတာ ဖြစ်ပါတယ်။

📝 𝟐𝟎𝟐𝟒 – 𝟐𝟎𝟐𝟓 ပညာသင်နှစ်တွင်
𝐏𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞 အကောင်းဆုံး ရရှိခဲ့တဲ့ သင်တန်းသားတစ်ဦးကို သင်တန်းကြေး 𝟓𝟎% 𝐎𝐟𝐟 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 အဖြစ် အောင်မြင်စွာ ချီးမြှင့်ခဲ့ပြီး ဖြစ်ပါတယ်။

📝 𝟐𝟎𝟐𝟓 – 𝟐𝟎𝟐𝟔 စာသင်နှစ်အတွက်လည်း
𝐏𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞 အကောင်းဆုံး ရရှိတဲ့ သင်တန်းသား/သူ တစ်ဦးကို 𝟓𝟎% 𝐎𝐟𝐟 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 ထပ်မံ ပေးသွားမှာ ဖြစ်ပါတယ်။

💡 အခုလို 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 𝐏𝐫𝐨𝐠𝐫𝐚𝐦 က 𝐃𝐞𝐬𝐢𝐠𝐧𝐞𝐫 ဖြစ်ချင်တဲ့ လူငယ်တွေကို ပိုမိုကြိုးစားဖို့ တွန်းအားပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။
အနာဂတ်မှာ 𝐃𝐞𝐬𝐢𝐠𝐧 & 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 𝐈𝐧𝐝𝐮𝐬𝐭𝐫𝐲 အတွက် 𝐃𝐞𝐬𝐢𝐠𝐧𝐞𝐫 ကောင်းများစွာ ပိုမိုပေါ်ထွက်လာမယ်လို့လည်း 𝐋𝐢𝐯𝐞 𝐋𝐢𝐟𝐞 မှ ဆန္ဒပြုပါတယ် 🙏🏻

17/04/2026
23/03/2026

Architectural Articulation ဆိုတာကို. ကိုယ်အသုံးပြုမယ့် အကြမ်းထည်ထုထည်တစ်ခုကို.. အချိုး-ပြတင်း-ခေါင်ဒီဂရီ-တံစက်မြိတ်-စတဲ့..လိုအပ်တဲ့ဖြည့်စွက်ချက် တွေကို အရွယ်အစားကအစ လိုက်လျောညီထွေ ဖြစ်အောင် တီထွင် စဥ်းစားဖြည့်စွက်ရတဲ့ ပရောဂျက်တစ်ခုလို့မြင်ပါတယ်။
Plan ကနေ 3D Form, 3D form ကနေ ပိုပြီး
Fine တဲ့ treatment တွေ ပြုလုပ်ရတဲ့ ကြားအဆင့် လို့ ပြောနိုင်ပီး အလုပ်မှာ ကျောင်းမှာ ဆိုရင်..ဒီဇိုင်းနာတိုင်း လုပ်တတ် တွေးတတ် ရမယ့် အဆင့် ပဲဖြစ်ပါတယ်။
ဒစ္စနေးရဲတိုက်ပုံစံ Form နှင့် ရတနာပုံခေတ် Expression ပေါင်းစပ် အသုံးပြုမယ့် အချိန်မှာ.. ခေါင်တွေ ရဲ့ အနိမ့်အမြင့်ရေဆင်းတွေ တဆင့်ချင်း စုစည်းထားတဲ့ အင်္ဂါစဥ် လိုက်ဖက်မှုတွေကို ဆရာတွေနဲ့ ဆွေးနွေးရပါတယ်။
ရှိနေပီး ရိုးရာ ကမ္ဘာ့ မြန်မာ့ ပုံစံ တစ်ခုကို ပြန် လုပ်တာမဟုတ်တာ ကြောင့်လည်းပါပါတယ်။
ဒီအဆင့်မှာ.. handsketch တွေ နဲ့ပဲ.. ညှိယူခဲ့ပါတယ်။
ပထမ.. ရတနာပုံ နန်းတော်ပုံစံထုထည်ကနေ ဒစ္စနေပုံစံ ဖြည့်စွက်ချက်တွေ လုပ်ကြည့်တာမှာ.. မြန်မာ့ နန်းတော် မှာ ဥရောပ အလယ်ခေတ် က ပြတင်းတွေ ခေါင်မိုးတွေ နဲ့ ကြည့်ရတာ ကောင်းမွန်တဲ့
အသစ်ဖြစ်လာတယ်လို့ မခံစားရတဲ့ အတွက်..
ပြောင်းပြန်.. ဒစ္စနေ ရဲတိုက်ပုံစံထုထည်ကို ရတနာပုံ ခေတ် အနု စိတ် ဖြည့်စွက်ချက် တွေကို ပြန်လုပ်တဲ့ နည်းကို သုံးခဲ့ပါတယ်။

ဒီပုံက..
မြန်မာအငွေ့ အသက် နဲ့ ဒစ္စနေ ရဲတိုက်ပုံစံ ကို
ဖြည်းဖြည်းချင်း Blend လုပ်သွားတဲ့ ပရောဂျက် တစ်ခု ရဲ့
Hand sketch ကနေ စခဲ့တဲ့ Timeline ဖြစ်ပါတယ်။

အခြေခံ ထုထည် မှာ ရဲတိုက်ပုံစံ က ဥရောပဆန်ပေမယ့်
မြန်မာမှု ကနှုတ် နရီ ဇလာ ဒုရင် ပြသာဒ်များနဲ့ မွန်းမံ ကြည့်ထားတဲ့
ကျွန်တော့် ရဲ့ စိတ်ကူး သက်သက် ပရောဂျက်တစ်ခုဖြစ်ပါတယ်။

မြန်မာ အငွေ့ အသက်အပြည့်ပ ပါတဲ့ ဒစ္စနေ ကာတွန်းကားလေးတွေ ထွက်လာရင် ဘယ်လို မြင်ချင်လည်းဆိုတဲ့ ဆန္ဒကို .. ဆွဲကြည့်တဲ့ ပုံစံဖြစ်ပါတယ်။

Shine Ko Ko
Intake 13 Design School

Photos from Novatek's post 10/03/2026

Portfolioစာမျက်နှာတွေနဲ့အတူ..ပြောချင်တဲ့သတင်းစကားလေး ၂ခုရှိပါတယ်..
ပထမပိုင်းက Founder တယောက်ရဲ့ အတွေ့ အကြုံပါ။
ဒီဇိုင်း စတူရီယိုနဲ့ သင်တန်းကျောင်း ၂ မျိုး လုံးကိုတွဲပီး
၂၀၁၀ ဒီလိုအချိန်ကစလို့ ၁၆ နစ်လောက် Run ပီးတဲ့အခါမှာ..
ကိုယ့်ရဲ့ အာရုံစိုက်မှုက.. ပရောဂျက်တွေတင်မကပဲ
မျိုးဆက်သစ် ဒီဇိုင်းနာတွေ Grow ဖြစ်လာဖို့
အတွေ့အကြုံတွေရနိုင်ဖို့
သင်ပေးပြီးရင်..အလုပ်လုပ်နိုင်ဖို့
အခွင့်အရေးတွေကိုပါ
အတူတကွ တည်ဆောက်ခဲ့ရတာမျိုးဖြစ်ပါတယ်။
ကျောင်းပါ တွဲနေတာကြောင့်လည်း ဖြစ်မယ်။

ဒါက အချိန်ကြာလာတာနဲ့ အမျှ
ဒီဇိုင်းလုပ်တဲ့ အလေ့အကျင့်ရနေတဲ့သူတွေ..
ဒီဇိုင်း အယူအဆတွေ
အလုပ်အကိုင်သစ်နဲ့ Trend အသစ်တွေ
ဖြစ်ထွန်းလာဖို့ အတွက် ပလက်ဖောင်းတခုကိုပါ တည်ဆောက်နေသလို ဖြစ်လာခဲ့ပါတယ်။

နိုဗာတက်ဆီကို လူတွေကတော့ အသစ်ဝင်လာလိုက်.. ပြန်ထွက်သွားလိုက်..ပါပဲ..
ဒါပေမယ့် တဦးချင်း ဆက်ရှိနေဆဲ ဆိုတာထက်
နှစ်အဆက်ဆက် လက်ဆင့်ကမ်း တည်ဆောက်ခဲ့ကြတဲ့ Novatekကတော့
အသိုက်အမြုံလေးတစ်ခုအဖြစ် ကျန်ရှိနေဆဲပါပဲ။

Novatek မှာ အနည်းဆုံး ၃ နှစ်လောက် အလုပ်လုပ်ခဲ့သူတွေကတော့ ဒီ Eco System ရဲ့ တစိတ်တပိုင်း ဖြစ်ခဲ့ပါပီ..။
ခေတ်အဆက်ဆက် အခက်အခဲ အကွေ့အကောက်..
အတက်အဆင်းတိုင်းမှာ..ရှိနေခဲ့ကြတဲ့ တဦးချင်းဆီကို သတိရလျက်ရှိပါတယ်။
ကျောင်းတက်ပီး Novatek မှာပဲ career life ကို စခဲ့တဲ့သူတွေ ရှိသလို ကိုယ်ပိုင် အလုပ်တွေလုပ်နေကြတဲ့ Alumni တွေက Novatek ရဲ့ Network တွေပဲ ဖြစ်ပါတယ်။

ဒုတိယ သတင်းစကားက တော့.. နောက်အနာဂတ်မှာ..
မျိုးဆက်သစ် Design & Or Teaching ကို ရူးသွပ် စိတ်ဝင်စားတဲ့ ပရော်ဖက်ရှင်နယ်များကို ကမ်းလှမ်းဖိတ်ခေါ် မှု ဖြစ်ပါတယ်။
Collaborated Project တွေ နဲ့ Educational Activities တွေကို Team ထဲမှာ အချိန်ပိုင်း ဖြစ်ဖြစ် အချိန်ပြည့် ဖြစ်ဖြစ် မိမိရဲ့ Skilled တွေ Talent တွေနဲ့ ပူးပေါင်းအလုပ်လုပ်နိုင်ဖို့ ဖြစ်ပါတယ်။

Novatek ရဲ့ လျှောက်လာခဲ့တဲ့ လမ်းကြောင်းကို သိပြီးဖြစ်လို့.. ပိုမိုကောင်းမွန်တဲ့ collaboration တွေ
ဦးဆောင်သူတွေ ပေါ်ထွက်ဖြစ်ထွန်းလာမယ်လို့
မျှော် လင့် ထားပါတယ်။

အောင်ဇော်မင်း
တည်ထောင်သူ
Novatek

05/03/2026

27/02/2026

Making Snow Palace Hotel

Want your business to be the top-listed Home Improvement Business in Mandalay?
Click here to claim your Sponsored Listing.

Telephone

Address


65A Street, Between 34 X 35 Sts
Mandalay

Opening Hours

Monday 10:00 - 17:30
Tuesday 10:00 - 20:30
Wednesday 10:00 - 20:30
Thursday 10:00 - 20:30
Friday 10:00 - 20:30
Saturday 10:00 - 20:30
Sunday 10:00 - 20:30