Future HOME
Engineering Group
အိမ်ဆောက်တော့မယ့် အိမ်ရှင်ဟာ မိချောင်းသားလို လျှာရှည်ရပါမယ်‼️
ပစွည်းလက်ခအပ်တဲ့ အိမ်ရှင်တွေအတွင်ရည်ရွယ်ပါတယ်ခဗျ
ဆိုလိုတာက…
အိမ်ဆောက်မယ် Rc အကျယ်40-20ရေမီးဆေး အပြီး ဆိုတာနဲ့ မလုံလောက်ပါဘူး။
အဲဒီအိမ်မှာ ဘာဘိလပ်မြေသုံးမလဲ
ထိုင်းဆင်လား ၊လူရိုင်းခေါင်းလား ၊ အယ်ဖာလား
ကြံ့နီလား၊ကြံ့စိမ်လား၊ ကြံက နှစ်ကောင်လားတစ်ကောင်လား ဒိုင်းမွန်းလား
သဲက မြစ်သဲလား ချောင်းသဲလား နူန်းသဲလား သဲအကြမ်းလား
ကျောက်စလစ်က စီးကျောက်လား မူးကျောက်မတ်ကျောက်လား အာလူးကျောက်လား
စပ်မယ့်အချိုးက အုတ်စီတာကို ဘယ်အချိုးနဲ့ စီမှာလဲ
အချောချောတာကို ဘယ်အချိုးနဲ့ စီမှာလဲ
အုတ်စီတာ 1:4ဆိုတဲ့ စပ်နည်းမှာ သဲကို အိမ်နဲ့ချိန်ထည့်မှာလား တစ်အိပ်ကို ၁၀ဂေါ်ဆိုပြီး ဂေါ်နဲ့ ပုံမှာလား အိပ်ထဲ သဲထည့်တဲ့အခါ သဲက ဘိလပ်မြေနဲ့ ဆတူလား အိပ်ကို လက်နဲ့ ကိုင်လို့ မရပဲ အောက်ကနေ ပွေ့ရအောင် အပြည့် အလျှံကြီး ထည့်မှာလား
မဆလာဖျော်မယ့်ရေက ရေချိုလား ရေငံလား နွံတွေနဲ့ မသန့်တဲ့ရေလား ရေသန့်သန့် သုံးရမယ်ဆိုတိုင်း ရေသန့်ဘူးတွေဝယ်ပြီးတော့လည်း မစပ်နဲ့ပေါ့
အိမ်မှာ သုံးမယ့် သံ၊သစ် တွေကရော ဘယ်လို သံတွေ သစ်တွေ သုံးမှာလဲ
Rcဆိုရင်လဲ ဘယ်လို သံဆိုက်တွေ သုံးမှာလဲ ၅မူးလား ၆မူးလား ၃မတ်လား
သံက မြန်မာ သံလား နိုင်ငံခြားသံလား
မြန်မာသံက မကောင်းဘူး နိုင်ငံခြားသံက ကောင်းတယ် သံချောင်းပါရင် ပြီးရော် ဆိုရင်လဲ မရသေးဘူး
beam, coulmnတွေလောင်းတဲ့ အခါ Classနံပါတ် ရှိ့တဲ့ ဘိလပ်မြေကို သုံးမလဲ
အုတ်စီတဲ့ ဘိလပ်မြေကို beam,coulmnတွေမှာ လောင်းလို့မရပါ သိဖို့လိုအပ်မယ် ထင်တာလောက်ပဲ ရေးတာမို့Class number ကိုထည့်မရေးတာပါ
Ssချာ မှာလည်း သံတိုင်က 5''*3''/6''*3''လား အထူလား အပါးလား
သစ်သားတိုင်အုတ်ညပ် brick knoggedတွေမှာ ရော သုံးမယ့်သစ်က ပျဥ်းကတိုးလား ကျွန်းလား
သစ်က အစိုလား အခြောက်လား
Rcဆောက်တာ ပြန်ပြောမယ် ကော်လံတိုင် ဘင့်တွေ လောင်းတဲ့ အခါ 1:2:4နဲ့မလောင်းပဲ 1:3:6နဲ့ လောင်းပေးလိုက်လို့ ဟုတ်ပိတ်ဖြစ်နေအုံးမယ်
အိမ်တစ်လုံးရဲ့ အသေးစိတ်အချက်အလက်တွေ ရေးရင်တော့ ရေးလို့ မကုန်နိုင်ပါပဲ အစစအရာ မမေ့မလျော့ မပေါ့ဆကြပါနဲ့ တိကျဖို့ တစ်ယောက်နဲ့တစ်ယောက် အလုပ် ကိစ္စ မှာ အားမနာသင့်တာကို အားမနာဖို့ ပြောသင့်တာကို ပွင့်ပွင့်လင်းလင်း ကြိုတင်ပြောပြဖို့ ဒါတွေ လိုအပ်ပါတယ်
မြုံစိစိနဲ့ အားနာသလိုလို ဘာလိုလိုနဲ့ ဆရာကြီးလိုလို ဘာလိုလိုနဲ့ မနေပါနဲ့
အဲတာလေးတွေမှတ်ထားပေးပါ …
မူရင်းရေးသားသူအား Credit ပေး ဂါရဝပြုပါသည်…
ခိုင်ခံ့လှပ ပြီး လုံခြုံစိတ်ချ ရတဲ့ အိမ်လေး များ ပိုင်ဆိုင်နိုင်ကြပါစေ…
------------------------------------
17/03/2022
အရှည်ပေ၂၂၀& ၂ပေ အကျယ် & အမြင့်၉ပေ ကျောက်ကြီးစီခြင်း
site location kyaukse township, Near Start oil station.
16/03/2022
#ပုံဆွဲပြီးအိမ်ဆောက်ခြင်းကောင်းကျိုးနဲ့..
#ပုံမဆွဲဘဲအိမ်ဆောက်ခြင်းဆိုးကျိုးးး
============================
အရပ်ထဲ အိမ်ဆောက်တဲ့အခါ အိမ်ရှင်တွေအနေနဲ့ ပုံဆွဲခပျမ်းမျှ လေးငါးသိန်းး ဝန်းကျင်ပေးရမှာ အလွန်နှမျှောကြပါတယ်။ သူတို့အနေနဲ့ စက္ကူပေါ် ပုံလေးဆွဲတာ အဲ့လောက်ငွေ ပေးစရာလားးလို့ အယူရှိတတ်ပါတယ်။ အဲတော့ fb ပေါ်က အိမ်ပုံလေးတွေ ကန်ထရိုက်တာကို ပြပြီးဆောက်ခိုင်းပါတယ် ။ ကန်ထရိုက်တာက အလုပ်ရရှိရေးတွက် ဖြစ်တယ်ဆိုပြီးး ဆောက်ပေးတာ တွေ့နေရပါတယ်။
အဲတော့ ဆိုးကျိုးတွေ အများကြီး ထွက်ပေါ်လာတတ်ပါတယ်။
- ပုံစံ မရှိတဲ့အတွက် ပစ္စည်းဒေသပေါက်ဈေးနဲ့ တိကျတဲ့ ခန့်မှန်းတွက်ချက်မှုကို မရနိုင်ပါဘူးး။ အဲ့တော့ ကိုယ်က သိန်းတစ်ရာ မှန်းထားပေမယ့် နှစ်ရာလဲ ဖြစ်သွားတတ်ပါတယ်။ အိမ်က မပြီးတပြီးနဲ့ တန်းလန်းတွေ ဖြစ်တတ်ပါတယ်။
- တိကျတဲ့ ပုံစံ မရှိတဲ့အတွက် ဖြတ် ညှပ် ဆက် တွေများနိုင်ပါတယ်။ ပစ္စည်းအလေအလွင့်တွေများမယ်၊ မကုန်သင့်တာတွေ ပိုကုန်မယ်၊ အဆောက်အဦး အရည်အသွေးတွေ ကျဆင်းမယ်၊ အခန့်မသင့်ရင် မိမိတို့ သိန်းရာချီ အကုန်အကျခံပြီးး ဆောက်ထားတဲ့အိမ် အဟောသိကံ ဖြစ်နိုင်ပါတယ် ။
- ပြီးတော့ ကိုယ်လိုချင်တဲ့ အခန်းအကျယ်၊ အရည်အတွက် ရချင်မှ ရနိုင်မယ် ၊ ရအောင် လိုက်လုပ်မယ်ဆိုလဲ ဖြတ်ညှပ်ဆက်တွေ များနိုင်ပြီးး အန္တရာယ် များတဲ့ အခြေအနေ ရောက်သွား နိုင်ပါတယ်။
- အိမ်ပြီးသွားတော့လဲ fb ပေါ်က ကိုယ်ပြထားတဲ့ အိမ်ပုံစံမျိုးထွက်မလာပဲ ကိုယ်လိုချင်တာတစ်ခြား ဖြစ်လာတာတစ်ခြားး ဖြစ်လာပြီး တစ်သက်လုံးး စိတ်မချမ်းမြေ့ဖွယ် နေထိုင်သွားရတတ်ပါတယ်။
- ပြီးတော့လဲ ကန်ထရိုက်ရဲ့ ဂျင်းပါမက ကြက်သွန်ဖြူ နဲ့ မိတ်သလင်ပါ ပေါင်းထည့်ခြင်း ခံရတတ်ပြီးး ကိုယ့်ပိုက်ဆံနဲ့ကိုယ် သူပြုသမျှ နုရ ၊ သူပြောသမျှ ခေါင်းညိမ့်ရတဲ့ အခြေအနေ ရောက်သွားနိုင်ပါတယ်။ ပုံစံ မရှိတဲ့ အတွက် သူက အမှားလုပ်နေလဲ ကိုယ်ကမပြောနိုင်ပဲ ကြည့်နေရမယ့် အခြေအနေ ပါ။
ပုံစံ မရှိတဲ့ အတွက် အခြားဆိုးကျိုး အများကြီးရှိနိုင်ပြီးး ပုံဆွဲခလေး နှမျောမိတာနဲ့ ပုံဆွဲခထက်ပိုပြီး သိန်းပေါင်းများစွာ ပိုကုန်သွားတက်ပါတယ်။ ပိုကုန်သွားတတ်တာမဟုတ်ဘူးး ကြိမ်းသေ ပိုကုန်မှာပါ။ တိကျတဲ့ ပုံစံမရှိတဲ့အတွက် structure ပိုင်းး အရမ်းအားနည်းသွားမှာ ကြိမ်းသေပါ ။
ဒါက ပုံမဆွဲ ခြင်းရဲ့ ဆိုးကျိုးတွေပါ ။
🏠 ပုံဆွဲပြီးး အိမ်ဆောက်မယ်ဆို တိကျတဲ့ ခန့်မှန်းတွက်ချက်မှုကို ရရှိမှာပါ။ မိမိလက်ရှိငွေနဲ့ ချိန်လို့ရပါတယ်။
- မိမိစိတ်ကြိုက် ပုံဖော်လို့ ရတာမို့ အိမ်မပြီးခင်ကတည်းက ကျေနပ်တဲ့ စိတ် ခံစားရပြီးး မကျေနပ်သေးရင် ပုံဆွဲအင်ယာနဲ့ တိုင်ပင်ပြီးး ပြင်လို့ရပါသေးတယ်။
- ဖြတ် ညှပ် စပ် တွေမရှိသလောက်ဖြစ်သွားပြီးး အားကောင်းတဲ့ structure တစ်ခုကို ရရှိမှာပါ။
- ပစ္စည်း အလေအလွင့်တွေနည်းသွားပြီးး မကုန်သင့်တဲ့ ငွေကြေးအချို့ဟာ အိပ်ထဲ ပြန်ဝင်လာမှာပါ။
- တိကျတဲ့ပုံစံရှိတဲ့အတွက် ကန်ထရိုက်လဲ ဂျင်းထည့်လို့မရတော့သလို သူအမှားလုပ်ရင်လဲ ဝင်ပြောလို့ရပြီးး စာချုပ် ချုပ်ထားလျှင်လျော်ခိုင်းလို့ရပါတယ်။
- အိမ်ပြီးသွားတဲ့အခါ မိမိလိုချင်တဲ့ အိမ်ပုံစံလေး ကြိမ်းသေ ရရှိလာမှာဖြစ်ပြီး သားစဉ်မြေးဆက် ကျေနပ်တဲ့စိတ်နဲ့ နေထိုင်သွားရမှာပါ ။
အဲ့တော့ အိမ်ကို ပုံစံဆွဲပြီးး ဆောက်သင့် မဆောက်သင့် ကိုယ်တိုင် စဉ်းစားကြပါခဗျာ🙄
#အိမ်ရှင်များအတွက်သာရည်ရွယ်ပါသည်။
Future Home
&
*09444041921
*09772252775
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay