NABC Runner Distribution

NABC Runner Distribution

Share

Northern ABC Runner distributes BEER brands such as:
ABC , HEINEKEN, TIGER, R7, BAWDAR beer.

17/04/2026

“နှစ်သစ်ဆုတောင်းမင်္ဂလာ”

အေးချမ်းသာယာတဲ့ မြန်မာနှစ်သစ်ကူး အချိန်အခါလေးမှာ အခက်အခဲတွေ၊ ပူဆွေးသောကတွေအားလုံး ကင်းဝေးသွားပါစေ

အားလုံးပဲ နှစ်သစ်မှာ လန်းဆန်းတက်ကြွတဲ့ ခွန်အားတွေနဲ့အတူ ရည်မှန်းချက်ပန်းတိုင်တွေကို အောင်အောင်မြင်မြင် လှမ်းကိုင်နိုင်ပြီး စီးပွားရေးလုပ်ငန်းတွေ အဆမတန် တိုးတက်လာပါစေကြောင်း

NABC Runner Distribution ကနေ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ခင်ဗျာ 🥰

02/03/2026

နေပူမရှောင်၊ မိုးရွာမရှောင် အားကြိုးမာန်တက် လုပ်ကိုင်နေကြတဲ့ တောင်သူလယ်သမားကြီးတွေဟာ နိုင်ငံရဲ့ အသက်သွေးကြောတွေပါပဲ။

ဦးကြီးတို့ရဲ့ ကြိုးစားအားထုတ်မှုတိုင်းအတွက် ထိုက်တန်တဲ့ အကျိုးအမြတ်တွေ ရရှိပြီး၊ မိသားစုနဲ့အတူ အေးချမ်းသာယာစွာ နေထိုင်နိုင်ကြပါစေ လို့ NABC Runner Distribution ကနေ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ 🥰

\ #တောင်သူလယ်သမားနေ့

Photos from NABC Runner Distribution's post 28/02/2026

Brand တစ်ခုရဲ့ Image ကို အလှပဆုံး ပုံဖော်ပေးနေတာက 'ကောင်းမွန်တဲ့ ဝန်ဆောင်မှု' ပါပဲ

NABC Runner မှာ Customer တွေနဲ့ နေ့စဉ်နဲ့အမျှ အနီးကပ်ဆုံး ထိတွေ့နေရတာက Warehouse နဲ့ Sales Team ဝန်ထမ်းတွေပါ

သူတို့တွေက Brand ရဲ့ Image ကို အကောင်းဆုံး ထင်ဟပ်ပြသနေတဲ့ ကိုယ်စားလှယ်တွေလို့ ပြောရင်လည်း မမှားပါဘူး

ဒီဝန်ထမ်းတွေရဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးနဲ့ ဝန်ဆောင်မှုတိုင်းက Customer တစ်ဦးချင်းစီအတွက် စိတ်ကျေနပ်မှုတွေကို ဖြစ်စေပါတယ်

ဒီအချက်က ကျွန်တော်တို့ရဲ့ Branding Image တစ်ခုလုံးကို ပိုမိုခိုင်မာလာစေဖို့အတွက် အရေးအကြီးဆုံးပါပဲ

ဒါကြောင့် ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကို ပိုမြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ပြီး "Customer ဝန်ဆောင်မှုသင်တန်း" ကို ပေးခဲ့ပါတယ်

ဒီသင်တန်းမှာ စာတွေ့တင်မကဘဲ၊ လက်တွေ့လုပ်ငန်းခွင်မှာ ကြုံတွေ့ရနိုင်တဲ့ အခြေအနေတွေကိုပါ Activity လေးတွေနဲ့ ပျော်ပျော်ပါးပါး၊ ထိထိရောက်ရောက် လေ့ကျင့်သင်ယူခဲ့ကြပါတယ်

Customer တွေကို အကောင်းဆုံး ဖြန့်ချိရေးဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ အမြဲကြိုးစားနေတဲ့ ကျွန်တော်တို့ ဝိုင်းတော်သားတွေရဲ့ သင်တန်းမှတ်တမ်း ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ 🥰

NABC_Runner_Distribution

14/02/2026

အချစ်ထက် အလုပ်ကို ဦးစားပေးတဲ့ ဝန်ထမ်းတွေကို NABC Runnerက ချစ်သူများနေ့ အမှတ်တရ လက်ဆောင်တွေ ပေးခဲ့ပါတယ် 😁

အခုလို Valentine’s Day မှာ

‼️ ချစ်သူနဲ့ လည်ဖို့ဆိုပြီးလည်း ခွင့်မယူ
‼️ ချစ်သူမရှိပေမဲ့ ချစ်သူရှိတယ်ထင်ရအောင်လည်း လိမ်ပြီး ခွင့်မယူဘဲ

ရုံးတက်ပေးလို့ NABC Runnerကလည်း ကျေးဇူးအထူးတင်ပါတယ်နော်

ပန်းစည်းနဲ့ ချောကလက်ရတဲ့အတွက်လည်း ပျော်ရွှင်ကြမယ်လို့ ယုံကြည်ပါတယ် 🥰

အလုပ်ကြိုးစားတဲ့ NABC Runner ဝိုင်းတော်သားတိုင်း ပျော်ရွှင်ကြပါစေ ❤️

အားလုံးပဲ Happy Valentine's Day ပါ 💖

’sDay

Want your business to be the top-listed Food & Beverage Service in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Address


No. 14, 38st, Bet 78 & 79
Mandalay

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 17:30