Loon Pyan
အင်ဂျင်ဝိုင်လိုအပ်လာတိုင်း လွန်းပျံ ကို သတိရလိုက်ပါ
11/04/2026
နှစ်စဉ်နှစ်တိုင်း နှစ်သစ်မရောက်ခင်မှာ ကျင်းပပြုလုပ်မြဲဖြစ်တဲ့ ကျွန်တော်တို့ "လွန်းပျံ" ရဲ့ Staff Party ကို 1.4.2026 ရက်နေ့မှာ ကျင်းပပြီးစီးခဲ့ပါတယ်။
မနှစ်ကတော့ ငလျှင်နဲ့တည့်တည့်တိုးခဲ့တာကြောင့် ပွဲလည်းမပြီးလိုက်ပဲ ပုံတွေလည်း မတင်ဖြစ်လိုက်ပါဘူး။
ဒီနှစ်တော့ ဒီနှစ်ရဲ့အမှတ်တရပုံရိပ်တစ်ချို့ကို ဝေမျှရင်းနဲ့ မနှစ်က မတင်ဖြစ်ခဲ့လိုက်တဲ့ Staff Party ရဲ့ ပုံရိပ်အချို့ကိုပါ တစ်ပါတည်း တင်လိုက်ပါတယ်။
အားလုံးပဲ မင်္ဂလာရှိသော ပို၍ကောင်းမွန်သော နှစ်သစ်များကို ပိုင်ဆိုင်နိူင်ကြပါစေ ခင်ဗျာ။ ☺️☺️
18/11/2025
Engine oil ရဲ့ သမိုင်းကြောင်းဟာ စက်ပစ္စည်းနဲ့ လူသားတို့ရဲ့ ဆက်နွှယ်မှုကိုပြသတဲ့ စိတ်ဝင်စားစရာ ခရီးတစ်ခုပဲဖြစ်ပါတယ်။ ရှေးခေတ်ကနေစမယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာမှာ သဘာဝ tar pitsက ဆီကို လှည်းနဲ့စက်ပစ္စည်းချောဆီအဖြစ် သုံးခဲ့ကြရပါတယ်။ ဒါဟာ ပွတ်တိုက်မှုကို လျှော့ချတဲ့နည်းရဲ့ အစလမ်းခရီးပဲ ဖြစ်ပါတယ်။(tar pits ဆိုတာကတော့ သဘာဝအတိုင်း ရေနံစိမ့်ထွက်မှုကနေ ဖြစ်ပေါ်လာတဲ့ ပျစ်ချွဲပြီးကပ်စေးတဲ့ မြေပြင်တွင်းတွေပဲ ဖြစ်ပါတယ်။)
(၁၉) ရာစုမှာ အစစအရာရာဟာ ပြောင်းလဲလာခဲ့ပါတော့တယ်။ (၁၈၆၆)ခုနှစ်မှာ အမေရိကန်ဆရာဝန် John Ellis က ရေနံရဲ့ ဂုဏ်သတ္တိတွေကို ရှာဖွေခဲ့ပြီး စက်ရုံတွေ အတွက် ပထမဆုံးရေနံအခြေခံ ချောဆီကို စတင်တီထွင်ခဲ့ပါတယ်။ သူဟာ Valvoline ကုမ္ပဏီကို တည်ထောင်ခဲ့ပြီးတော့ ဆေးအဖြစ်ရည်ရွယ်ခဲ့တဲ့ ရေနံက စက်ချောဆီအဖြစ် ပိုကောင်းကြောင်း သက်သေပြနိူင်ခဲ့ပါတယ်။ နောက်ပိုင်း (၁၈၇၃)ခုနှစ်မှာတော့ ပထမဆုံး motor oil patentကို ရခဲ့ပါတယ်။
ကားများ စတင်တီထွင်ချိန်မှာ အစောပိုင်းအင်ဂျင်တွေ ဟာ တိရစ္ဆာန်ဆီ နဲ့ ဟင်းရွက်ဆီတွေကို သုံးခဲ့ပေမယ့် ရေနံဆီက ပိုမိုခံနိုင်ရည်ရှိကြောင်းကို တွေ့ခဲ့ရပါတယ်။ (၁၉၁၁)ခုနှစ်မှာ Society of Automotive Engineers (SAE) က ဆီရဲ့ပျစ်ချွဲမှု အဆင့်တွေကို စံနှုန်းချခဲ့ပြီး ဆီတွေကို အရည်အသွေးအလိုက် ခွဲခဲ့ပါတယ်။ ဥပမာ SAE 30 လို။ (၁၉၃၀)ခုနှစ်တွေမှာ ဆီထဲကအညစ်အကြေးတွေကို ရှင်းလင်းပေးမယ့် detergents နဲ့ အပိုပစ္စည်းတွေ ထည့်လာခဲ့ပါတော့တယ်။
ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ ဆီနည်းပညာဟာ ခုန်ပျံကျော်လွှားလာခဲ့ပြီးတော့ ဂျာမန် နဲ့ အမေရိကန် စစ်တပ်တွေက အပူချိန်မြင့်မားတဲ့ စစ်လေယာဉ်သုံးအတွက် synthetic oil ကို တီထွင်ထုတ်လုပ်နိူင်ခဲ့ပါတယ်။ ဒီနည်းပညာဟာ စစ်ပွဲရဲ့ အံ့ဩဖွယ်ရလဒ်တစ်ခုပဲ ဖြစ်ပါတယ်။
(၁၉၅၀)ခုနှစ်တွေမှာတော့ ဆီတွေဟာ ပိုမိုကောင်းမွန်လာခဲ့ပြီးတော့ ပွတ်တိုက်မှုကိုလျှော့ချတဲ့ additivesတွေထည့်ပြီး အင်ဂျင်သက်တမ်းရှည်အောင် လုပ်နိူင်ခဲ့တယ်။ နောက်ပိုင်း (၁၉၇၀)ခုနှစ်တွေမှာ synthetic oilကို ကားအတွက် စီးပွားဖြစ်သုံးလာခဲ့တယ်။ AMSOIL က (၁၉၇၂)ခုနှစ်မှာ ပထမဆုံး API အသိအမှတ်ပြု synthetic motor oilကို ထုတ်ခဲ့ပြီးတော့ Mobil 1 က (၁၉၇၄)ခုနှစ်မှာ ထုတ်လုပ်နိူင်ခဲ့ပါတယ်။ ဒီဆီတွေဟာ အပူချိန်အတက်အကျကို ခံနိုင်ရည်ရှိပြီး စွမ်းဆောင်ရည် မြင့်မားလာခဲ့ပါတယ်။
ယနေ့ခေတ်မှာ ဆီတွေဟာ ပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့ နည်းပညာတွေနဲ့ ပေါင်းစပ်လာပြီးတော့ လောင်စာချွေတာတဲ့ low-viscosity ဆီတွေ၊ bio-based ဆီတွေနဲ့ ပြန်လည်အသုံးပြုနိုင်တဲ့ နည်းလမ်းတွေက အင်ဂျင်များနဲ့ ကမ္ဘာကြီးကို အတူကာကွယ်နေပါပြီ။ ဒီခရီးဟာ ရိုးရှင်းတဲ့ဆီကနေ ခေတ်မီနည်းပညာ ထုတ်ကုန်အထိ တိုးတက်လာခဲ့တဲ့ အံ့ဩဖွယ်ရာ ဇာတ်လမ်းတစ်ခုပဲ ဖြစ်ပါတယ်။
လွန်းပျံ အဆင့်မြင့်အင်ဂျင်ဝိုင် ဖြန့်ချိရေး ဖုန်းနံပါတ်များ---
02- 4068693, 02- 4060456, 02- 4023930, 02- 4072552, 09- 2001896, 09- 766500777, 09- 766500888, 09- 766500999, 09- 448800750
Myanmar Loon Pyan Co.Ltd ရုံး ဖုန်းနံပါတ်များ---
02- 4071696, 02- 4075398, 09- 766500111, 09- 766500222, 09-766500333
Address : 82 Road, Between 26*27 Street, Mandalay.
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
82 Street, Bet 26 X 27 Street
Mandalay
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |