Minn Telecom

Minn Telecom

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Minn Telecom, Construction Company, Mandalay.

05/02/2024

Transform စပျစ်သီးတွေရပါပီရှင်

Photos from Minn Telecom's post 22/01/2024

အောင်မြင်ခြင်းဆီသို့ ခြေလှမ်း ၁၀

1. Set clear goals
ရှင်းလင်းတိကျသောပန်းတိုင်များသတ်မှတ်ပါ။

သင့်အတွက် အောင်မြင်မှုဆိုတာ ဘယ်အရာကိုဆိုလိုကြောင်း သတ်မှတ်ပြီး SMART Goal လို့ ခေါ်တဲ့ Specific တိကျသော၊ Measurable တိုင်းတာနိုင်သော၊ Achievable ကိုယ်တိုင်ရယူပိုင်ဆိုင် နိုင်စွမ်းရှိသော၊ Time-bound ရယူပိုင်ဆိုင်လိုသည့်အချိန်ကာလ အတိုင်းအတာ ကို သတ်မှတ်ပါ။ ပြတ်သားသော ဦးတည်ချက်ရှိခြင်းဟာ သင့်ကို အာရုံစူးစိုက်မှုနဲ့ စိတ်အားထက်သန်နေစေဖို့ ကူညီပေးပါလိမ့်မည်။

2. Develop a plan
အစီအစဉ်တစ်ခုကို ရေးဆွဲပါ။

သင်သတ်မှတ်လိုက်တဲ့ ပန်းတိုင်ကို သေးငယ်တဲ့မှတ်တိုင်​တွေဖြစ်အောင် ခွဲထုတ်လိုက်ပြီး လုပ်ဆောင်မှု အစီအစဉ်တစ်ခုကို ဖန်တီးပါ။ (ဥပမာ ရန်ကုန်ကနေ မန္တလေး မိုင် ၃၀၀ ကျော် ခရီးကို လမ်းလျှောက်ပြီး သွားမယ်လို့စိတ်ကူးကြည့်မယ်ဆိုရင် အရမ်း ခက်ခဲ ပါလိမ့်မယ်။ အဲဒီ ခရီးကိုပဲ တစ်လအတွင်း အရောက်သွားမယ်လို့ သတ်မှတ် လိုက်တယ်ဆိုပါစို့။ မိုင် ၃၀၀ ကျော် ကို အပိုင်း ၃၀ ခွဲထုတ်လိုက်မယ်ဆိုရင် သင် နေ့စဥ် ၁၀မိုင် လောက် ပုံမှန် မပျက်မကွက် လျှောက်ရင် တစ်လပြည့်တဲ့နေ့ မန္တလေးကို ရောက်မှာပေါ့။ ရုတ်တရက် မိုင် ၃၀၀ ကျော်ကို ခြေလျင် လျှောက်ဖို့ ပြောရင် အရမ်းခက်ခဲတယ်လို့ မြင်ကောင်း မြင်နိုင်ပေမဲ့ ၁ရက် ၁၀ မိုင်လောက် ရောက်အောင်လျှောက်မယ်လို့ အစီအစဥ် ချမှတ်တာက သင့်ကို ပန်းတိုင်နဲ့ ပိုနီးကပ်စေပါတယ်)။ ဒါကြောင့် မှတ်တိုင်တစ်ခုစီကို အောင်မြင်ဖို့ သင်လုပ်ဆောင်ရမယ့် အဆင့်တွေအဖြင့် ခွဲခြားသတ်မှတ်ပြီး အချိန်ဇယားတစ်ခု ဖန်တီးပါ။ သင့်အစီအစဉ်ကို လိုအပ်သလို ပုံမှန် ပြန်လည် သုံးသပ်ပြီး ချိန်ညှိပါ။

3. Acquire knowledge and skill
အသိပညာနှင့် ကျွမ်းကျင်မှုများ ဆည်းပူးပါ။

သင့်လုပ်ငန်း သင့်ပန်းတိုင်နဲ့ သက်ဆိုင်တဲ့ အသိပညာ အတတ်ပညာတွေမှာ စဉ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံပါ။ သင်ရွေးချယ်ထားတဲ့ နယ်ပယ် ဒါမှမဟုတ် စိတ်ပါဝင်စားတဲ့ နယ်ပယ်မှာ အောင်မြင်ဖို့ လိုအပ်တဲ့ အသိပညာနဲ့ ကျွမ်းကျင်မှုတွေကို ဖော်ထုတ်ပြီး သင်ယူ​ခြင်း၊ လေ့ကျင့်ခြင်းတွေပြုလုပ်ပါ။ အဲဒီနယ်ပယ်ရဲ့ သီးသန့်လမ်းညွှန်မှု ဒါမှမဟုတ် လက်ဆင့်ကမ်းအတွေ့အကြုံတွေကတစ်ဆင့် ရယူလေ့လာနိုင်ဖို့ အခွင့်အလမ်းတွေကို ရှာဖွေပါ။

4. Take action
လက်တွေ့လုပ်ဆောင်ပါ။

ရည်မှန်းချက်နဲ့ အစီအစဉ်တွေ ရှိရုံနဲ့ မလုံလောက်ပါဘူး။ ချမှတ်ထားတဲ့ အစီအစဥ်အတိုင်း တစိုက်မတ်မတ် လုပ်ဆောင်ဖို့ လိုပါတယ်။ (ဥပမာ မန္တလေးရောက်ဖို့ တစ်ရက် ၁၀မိုင်လျှောက်မယ် လို့ သတ်မှတ်ထားရင် နေပူပူ မိုးရွာရွာ မဖြစ်မနေလျှောက်ပါ)။ သင့်ရဲ့ပန်းတိုင်ဆီကို နေ့စဉ်ခြေလှမ်းငယ်လေးတွေ လှမ်းပြီး နှောင့်နှေးခြင်းနဲ့ ကျရှုံးမှုတွေကို ကြောက်ရွံ့နေတဲ့ သင့်စိတ်ကို အနိုင်ယူ ကျော်လွှားလိုက်ပါ။ ကြီးပွားတိုးတက်လိုတဲ့ ကြံ့ခိုင်သန်မာတဲ့ စိတ်ဓာတ်ကို ခံယူပြီး အောင်မြင်မှုတွေရရှိဖို့ ကျရှုံးမှုတွေကနေ သင်ယူလိုစိတ်ရှိပါ။

5. Stay motivated and persistent
စိတ်အားထက်သန်ပြီးမဆုတ်မနစ်တဲ့ဇွဲရှိပါစေ။

အောင်မြင်မှုရဖို့ဆိုတာ စိန်ခေါ်မှုတွေနဲ့ ကျရှုံးမှုတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ရဲတဲ့ ဇွဲလုံ့လ ရှိဖို့လိုအပ်ပါတယ်။ သင့်ရည်မှန်းချက်တွေနဲ့ သင်အောင်မြင်လိုတဲ့ အကြောင်းအရာတွေကို သင့်ကိုယ်သင် သတိပေးခြင်းဖြင့် စိတ်အားထက်သန်မှု ရှိနေပါစေ။ ခက်ခဲတဲ့အချိန်တွေမှာ သင့်ကို အားပေးပြီး လှုံ့ဆော်ပေးနိုင်တဲ့ ပံ့ပိုးကူညီသူတွေနဲ့ သင့်ကိုယ်သင် ဝန်းရံထားပါ။

6. Embrace continuous learning
စဉ်ဆက်မပြတ် သင်ယူမှုကို ခံယူပါ။

အောင်မြင်မှုဆိုတာ စဉ်ဆက်မပြတ် လျှောက်လှမ်းနေရတဲ့ ခရီးတစ်ခုဖြစ်တယ်။ ဒါကြောင့် သင်ယူချင်စိတ်အပြည့်နဲ့ စိတ်ကူးအသစ် ရှုထောင့်အသစ်တွေအတွက် ရင်ဖွင့်ထားပါ။ အကြံပြုချက်ရယူပြီး သင်ဆန္ဒရှိတဲ့အရာကို အောင်မြင်တဲ့သူတွေဆီက သင်ယူပါ။ ပြောင်းလဲနေသော အခြေအနေတွေကို လိုက်လျောညီထွေဖြစ်အောင် လုပ်ပြီး လိုအပ်ပါက သင့်ရဲ့ ချဉ်းကပ်ပုံကို ချိန်ညှိလိုစိတ်ရှိပါ။

7. Build a strong network
ခိုင်မာသောကွန်ရက်တစ်ခုကို တည်ဆောက်ပါ။

သင့်ခရီးတစ်လျှောက် သင့်ကို ပံ့ပိုးကူညီ လမ်းညွှန်ပေးနိုင်တဲ့ သဘောထားတူသူတွေနဲ့ ဆက်ဆံရေးကို တည်ဆောက်ပါ။ ကွန်ရက်ချိတ်ဆက်ခြင်းဆိုတာ ပူးပေါင်းဆောင်ရွက်ခြင်း၊ သင်ယူခြင်းနဲ့ ကိုယ်ရည်ကိုယ်သွေးတိုးတက်မှုအတွက် အခွင့်အလမ်းတွေကို ပေးစွမ်းနိုင်ပါတယ်။ မိမိနဲ့ သက်ဆိုင်ရာ အသိုင်းအဝိုင်းတွေမှာ တက်ကြွစွာပါဝင်ပါ၊ လုပ်ငန်းဆိုင်ရာပွဲတွေကို တက်ရောက်ပြီး ကွန်ရက်ချိတ်ဆက်မှုအတွက် Online, Offline ပလက်ဖောင်းတွေမှာ ပါဝင်ပူးပေါင်းပါ။

8. Practice self-care
မိမိကိုယ်ကို ဂရုစိုက်ပါ လေ့ကျင့်ပါ။

အောင်မြင်မှုဆိုတာ လုပ်ငန်းဆိုင်ရာ အောင်မြင်မှုတစ်ခုတည်းနဲ့ သက်ဆိုင်တာ မဟုတ်ပါဘူး။ သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်ခြင်းနဲ့ စိတ်ဝိဉာဏ်ပိုင်းဆိုင်ရာ သုခချမ်းသာကို စောင့်ရှောက်ခြင်းလည်း ပါဝင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်း၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများ စားသုံးခြင်း၊ လုံလောက်စွာ အိပ်စက်ခြင်း၊ အပန်းဖြေခြင်းနဲ့ စိတ်ကိုတည်ငြိမ်စေရန် ထိန်းသိမ်းစောင့်ရှောက်ခြင်း စတဲ့နည်းလမ်းတွေနဲ့ မိမိကိုယ်ကို ဂရုစိုက်ပါ၊ နေ့စဥ် ဒီအချက်တွေကို ဦးစားပေးလုပ်ဆောင်ပါ။ ဟန်ချက်ညီတဲ့ နေထိုင်မှုပုံစံကို ထိန်းသိမ်းခြင်းဟာ သင့်ရဲ့ စွမ်းအင်နဲ့ အာရုံစူးစိုက်မှုကို ထိန်းသိမ်းဖို့ ကူညီပေးပါလိမ့်မည်။

9. Embrace failure as a learning opportunity
ကျရှုံးမှုကို သင်ယူမှုအခွင့်အလမ်းတစ်ခုအဖြစ် လက်ခံလိုက်ပါ။

ကျရှုံးမှုကို အဆုံးစွန်အဖြစ် မရှုမြင်ဘဲ သင်ယူရန်နှင့် ကြီးပွားတိုးတက်ရန် အခွင့်အရေးတစ်ခုအဖြစ် ရှုမြင်ပါ။ သင့်ရဲ့ကျရှုံးမှုကို ဓမ္မဓိဋ္ဌာန်ကျကျခွဲခြမ်းစိတ်ဖြာပါ၊ ရရှိလာတဲ့ သင်ခန်းစာ​တွေကို ခွဲခြားသတ်မှတ်ပြီး ရရှိလာတဲ့ ထိုးထွင်းသိမြင်မှုတွေကို အနာဂတ်ကြိုးပမ်းမှုတွေမှာ ပြန်လည် အသုံးချပါ။ ခံနိုင်ရည်ရှိအောင် မွေးမြူပြီး ဆုတ်ယုတ်မှုတွေကနေ ပိုသန်မာလာအောင် သင်ယူပါ။

10. Stay adaptable and embrace change
လိုက်လျောညီထွေဖြစ်အောင်နေထိုင်ပြီး အပြောင်းအလဲကို လက်ခံလိုက်ပါ။

ကမ္ဘာကြီးဟာ အဆက်မပြတ်ပြောင်းလဲနေပြီး အောင်မြင်မှုကလည်း သင်ယူမှုပုံစံအသစ်၊ နည်းပညာအသစ်နဲ့အတူ ခေတ်ရေစီးကြောင်းမှာ အခွင့်အလမ်းတွေကလည်း လိုက်လျောညီထွေ ပြောင်းလဲနေပါတယ်။ သင့်ကိုယ်သင် ပြောင်းလဲဖို့ အမြဲအဆင်သင့် ဖြစ်နေပါစေ။ ဆန်းသစ်တီထွင်မှုတွေကို လက်ခံပါ၊ တိုးတက်နေတဲ့ နည်းလမ်းတွေကို စဉ်ဆက်မပြတ် ရှာဖွေလေ့လာပါ။

Nyo Nyo Try To Try (Yes I can )💪💪💪

Photos from Minn Telecom's post 21/01/2024

Transform နဲ့ညိုညို စပျစ်သီးပင်စိုက်ထားတယ်နော်

Want your business to be the top-listed Engineering Company in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


Mandalay