NC TECH Computer Service and Networking Group
Establish Wired and Wireless Network Zones, CCTV Security System
Learning, Working, Sharing
NC TECH: 09-91018076,
27/12/2025
07/10/2025
သာသနာဖျက် တဲ့ ရွှေစင်ဦး
ဘ၀မှတ်တိုင်လေးတွေ ရေးမယ်ဆိုတော့ ဒီအကြောင်းလေး သတိရမိလို့၊ ရေးဖြစ်တာလေးပါ။ ချစ်ချစ်ကြီး နဲ့ တယောက် မျက်နှာ တယောက်ကြည့် ရင်း၊ ချစ်မဝတဲ့ အချိန်လေးကပေါ့။
အဲဒီလို ချစ်ကောင်းနေတဲ့ အချိန်မှာ ချစ်ချစ်ကြီး အိမ်က ညီအကိုတတွေ နဲ့ သူငယ်ချင်း တွေ ပဉ္ဇင်းတက် ဘို့ စီမံပါလေရော၊ အခုလို နွေရာသီ အချိန်လေး မှာပါဘဲ၊ချစ်ချစ်ကြီး ဆံပင် ကလည်း တော်တော်လေး ရှည်နေပြီ ဆိုတော့ သူ့အိမ်ကလည်း ရိုးရိုး ညှပ်ခိုင်းရင် မညှပ်ဘူး လုပ်နေတော့ တချက်ခုတ် နှစ်ချက်ပြတ် ကတုန်းလည်းဖြစ်၊ ကုသိုလ် လည်း ရပေါ့။
သူ ဘုန်းကြီးဝတ်မဲ့ အကြောင်း ကို ချစ်ချစ်ကြီး က တလလောက် အလိုကထဲက ကျနော်ကို ပြောတယ်၊ ကျနော် က သဘော မတူဘူး၊ မဝတ်ရဘူး ပြောထားတော့၊ နောက်ပိုင်း မှာ ဒီ အကြောင်းကို စကားစပ် လို့တောင် ပြောမလာတော့ဘူး၊ ကျနော်လည်း မေ့သွားပြီပေါ့။
တကယ် ဝတ်ရမဲ့ အချိန်ရောက်တော့ သူ့ အဖွား နေမကောင်းလို့ ကလောပြန်မယ် လို့ပြောတယ်၊ အမြန် ပြန်ခဲ့ မယ် ဘာညာနဲ့ ပလီပလာ လုပ်ပြီး၊ ကလော ဆိုပြီး သွားပါလေရော၊ တကယ်တော့ မန္တလေး မှာဘဲ ဘုန်းကြီးသွား၀တ်တာပါ။
၃-၄ ရက်နေတော့ သူ့ ညီမလေး ရောက်လာတယ်၊ မေမေ တို့က ခေါ်ခိုင်းလို့ပါ၊ ခနလိုက်ခဲ့ ပါအုန်းတဲ့၊ အဲဒီ အချိန်တုန်းက သူ့မိဘ များနဲ့ ကျနော် နဲ့ အဆက်အသွယ် မရှိပါဘူး၊ ဘာများ ဖြစ်လို့လည်း ဆိုပြီး လိုက်သွားတယ်၊ အိမ်ရောက်တော့ မှ ဘုန်းကြီး၀တ်တဲ့ အကြောင်း ကို သိရပါတယ်၊ တခြား ညီအကို တွေက ပျော်ပျော်ရွှင်ရွှင် နဲ့ ဦးဇင်း ဝတ်နေတာ သူ့ မှာတော့ စဝတ်တဲ့ နေ့က စပြီး တမှိုင်မှိုင် တတွေတွေ နဲ့ ဖြစ်နေတယ် တဲ့။
ဒါနဲ့.. သူ့ သားအကြောင်း စုံစမ်း လိုက်တော့ ကျနော် က သဘောမတူ ဘူးပြောလို့၊ တူလိုက်ပါ ပေါ့လေ၊ တခါ တလေ ဝတ်တာ၊ ဝတ်တဲ့ အချိန်လေး အကျိုးရှိသွားအောင် ဘုန်းကြီးကျောင်းလိုက်သွားပြီး ဦးဇင်းလေး စိတ်ချမ်းသာအောင် ပြောပေးပါအုန်း ဆိုပြီး ကျနော့်ကို နားချ ပါတယ်၊ ကျနော် လည်း ဟုတ်ကဲ့ပါ ဆိုပြီး ဘုန်းကြီး ကျောင်း လိုက်သွားပါတယ်။
ဟိုရောက်တော့ လှေကားကြီးပေါ်မှာ ငူငူကြီးထိုင်ပြီး ဆေးလိပ် သောက်နေတဲ့ ကြည်ညိုဖွယ်ရာ ဦးဇင်းလေး က ကျနော့်လည်း တွေ့ရော ၀မ်းသာအားရ ပြေးဆင်းလာပါတယ်၊ ချစ် .. အဲ .. တကာမကြီး မနက်ဖြန် လူထွက်ခဲ့မယ် နော်တဲ့ ၊ ကျနော် ကလည်း ဟုတ် မောင်.. အဲ.. တင်ပါ့ ဦးဇင်း၊ မနက်ဖြန်တွေ့နေကြ နေရာကို လာခဲ့ပါ၊ အဲ.. ကြွ ခဲ့ပါပေါ့။
07/11/2014
ကပ္သီးကပ္သတ္
Click here to claim your Sponsored Listing.
Category
Website
Address
132, 72nd St, Between 33-34 Street
Mandalay
23543