Mandalay Educational Programs- MEP
SINCE 2015 MEP
31/07/2024
Nowadays, many people want to leave the country. If you want high-quality education at a lower cost, you should consider studying in India—it is much cheaper than Thailand. I am sharing the details of one such university. You can contact MEP, and we will help you obtain a good scholarship. ✅
"As you all know, we operate as a nonprofit organization supporting Burmese students. If you have any doubts about your educational journey, please feel free to contact us at any time. We are always happy to assist you."
နည်းပညာပိုင်း အိုင်တီ နဲ့ ပတ်သတ်လာရင် လျှော့တွက်လို့မရတဲ့ထဲမှာ India လည်း ပါပါတယ် စျေးသက်သက်သာသာနဲ့ quality education လည်း ရချင်တယ် ဒါ့အပြင် UK , US, Australia, Korea စတဲ့ နိုင်ငံအသီးသီးက နာမည်ကြီး ကျောင်းတွေနဲ့ လည်း partnership ချိတ်ထားဖြစ်လို့ education journey အတွက် India က university တွေကိုလည်း ထည့်စဉ်းစားဖို့ အကြံပြုချင်ပါတယ် ခင်ဗျာ
နည်းပညာပိုင်းဆိုင်ရာ ဘာသာရပ်များအပြင်
🔺Engineering and Technology
🔺Business
🔺Media Film and Entertainment
🔺Design Architecture and planning
🔺Pharmacy
🔺Medical Science and Research
🔺Dental Sciences စသဖြင့် မေဂျာပေါင်း ၂၀၀ ကျော်ကို ရွေးချယ်တက်ရောက်နိုင်မှာဖြစ်ပါတယ်
18/03/2024
“US dream လည်းရှိတယ် လမ်းပျောက်နေတယ် ခံစားနေရသူများအတွက် free webinar🇺🇸”
🔻US လာဖို့ ဘယ်နည်းလမ်းတွေရှိလဲ ❓
ပိုက်ဆံ ဘယ်လောက် အနည်းဆုံးသုံးရမလဲ ❓
ဒီရောက်ပြီးရင် ဆက်နေနိုင်ဖို့ ဘာတွေ လုပ်လို့ရလဲ ❓
ဘာတွေ ပြင်ထားဖို့လိုလဲ ❓
စတဲ့ အမေးအဖြေတွေအပါအဝင် US မှာ ကျောင်းတက်ရင်းအလုပ်လုပ်နိုင်ဖို့ ဆိုတာ မဝေးတဲ့ အိမ်မက်ဖြစ်အောင်လို့
လက်ရှိ US မှာ ကျောင်းတက်နေတဲ့ ကျောင်းသားတွေက sharing လုပ်မယ့် free webinar လေး တစ်ခုစီစဉ်ထားပါတယ်
19.3.2024 ည 9:00 (Myanmar Time)
Zoom meeting ရှိပါတယ် အသေးစိတ်ကို page CB မှာ စုံစမ်းနိုင်ပါတယ်
‼️Process ဘယ်က စလို့စရမှန်းမသိတဲ့ ကျောင်းသားတွေအတွက်ပဲ သင့်လျှော်ပါတယ်ခင်ဗျာ
DS form ဖြည့်တာတွေ visa interview tips တွေ အတွက် က နောက်ထပ် free session လေးတွေရှိပါဦးမယ်
Disclaimer: ကျောင်းတွေကို marketing ဆင်းပေးမယ့်agent လည်းမဟုတ်ပါဘူး
Sharing လုပ်ပေးမယ့် ကျောင်းသားတွေကလည်း
ဆယ်စုနှစ်ပေါင်းများစွာကတည်းက visa အမျိူးမျိူးနဲ့ ကြိုပြီး ရောက်နှင့်နေပြီးသား စီနီယာတွေလည်း မဟုတ်တဲ့အတွက် အချက်အလက် တွေ လိုကောင်းလိုပါမယ် ဒါပေမယ့် လက်ရှိ နှစ်တွေမှာ သူတို့ကြုံခဲ့ဖြတ်သန်းခဲ့ရတဲ့ အရာတွေ မှားခဲ့ဖူးတာတွေ ပဲ ပြန် share ပေးသွားမှာဖြစ်တဲ့အတွက် 100% ဖြစ်ရပ်မှန်ဖြစ်ပါတယ်
နောက်လာမယ့် သူတွေအတွက်တော့ အနီးစပ်ဆုံး အကောင်းဆုံးလမ်းပြပေးနိုင်မယ် မျှော်လင့်ပါတယ်
Your educational partner- MEP🇲🇲
15/03/2024
အားလုံးကို မိတ်ဆက်ပေးစရာရှိပါတယ်
🇸🇬🇳🇿🇬🇧🇮🇳🇨🇳🇰🇷🇹🇭🇺🇸🇨🇦🇲🇾
ခုဆို နိုင်ငံတော်တော်များများ မှာပညာသင်ရောက်နေကြတဲ့ မြန်မာကျောင်းသားတွေ အလုပ်လုပ်နေကြတဲ့ သူတွေ အများအပြားရှိနေပါပြီ
မြန်မာမှာ ကျန်နေခဲ့တဲ့ ကျောင်းသားတွေ လည်း အခြေအနေ အမျိုးမျိုးတွေကြောင့် ထွက်ဖို့ကြိုးစားနေကြတာ ရှိပါတယ်
လမ်းကြောင်းမသိတာရော စမ်းတဝါးဝါးလုပ်ခဲ့မိတာတွေကြောင့် အချိန်တွေ နှောင့်နှေးကြန့်ကြာခဲ့တာ ကိုယ်တွေ့ပါ အဲ့လိုမဖြစ်ရအောင် သွားချင်တဲ့ကလေးတွေ အတွက် အမြန်ဆုံး အမှန်အကန်ဆုံး လမ်းညွှန်ပေးနိုင်အောင် free webinar တွေ စီစဉ်ပေးထားပါတယ် 📣
ခုဆို admin အကုန်လုံးကလည်း
Study abroad လုပ်နေကြတော့ ကိုယ်ရောက်နေတဲ့ နိုင်ငံ မှာ ကြုံရတာတွေ ဘယ်လိုတွေ လုပ်ခဲ့ရတယ် အခက်အခဲ က ဘာတွေ ရှိတယ် ဆောင်ရန်ရှောင်ရန် တွေ ပြောပြပေးနိုင်ဖို့ အကောင်းဆုံး ပြင်ဆင်ထားကြပါတယ် 📝📝📝
ခု MEP ကနေ ပထမဆုံးအနေနဲ့ scholarships ရဖို့အလွယ်ဆုံးဖြစ်တဲ့ တရုတ် မှာ ပညာသင်ချင် တဲ့ ကလေးတွေအတွက် ဘာတွေ လုပ်ရမယ် ဘယ်လိုလျှောက်ရမယ် ကုန်ကျစရိတ်အသေးစိတ် နဲ့ ဆောင်ရန် ရှောင်ရန်တွေကို ခု လာမယ့် စနေ့နေ့ 16.3.2024 ည 8:00 (Myanmar Time) zoom meeting မှာ ပြောပြပေးသွားမှာဖြစ်ပါတယ်
⁉️ဘယ်လို လူတွေ join သင့်လဲ ???
1. နိုင်ငံ မရွေးတဲ့သူ
2. အိမ်ရဲ့ အထောက်အပံ့မပါဘဲ နိုင်ငံခြားကျောင်းတက်ချင်တဲ့သူ
3. အမြန်ဆုံးထွက်ချင်တဲ့သူ
4. တရုတ်စာ စိတ်ဝင်စားတဲ့သူ
5. တရုတ်မှာ scholar နဲ့ စာသင်ဖိူ့ စဉ်းစားနေတဲ့ သူတွေ တက်ရောက်သင့်ပါတယ်။
တရုတ်မှာလည်းရွေးချယ်စရာ major တွေ အများအပြားရှိပါတယ် နာမည်ကြီး တက္ကသိုလ် တွေမှာ လူစိတ်ဝင်စားတာများတဲ့ major တွေဖြစ်တဲ့ computer science, engineering, business, medical စတာတွေနဲ့ ပတ်သတ်တဲ့ ဘာသာရပ်တွေ မြောက်များစွာ ရွေးချယ် တက်ရောက်လို့ရပါတယ်
Free webinar join ချင်တဲ့ ကလေးတွေ အနေ နဲ့ page chatbox မှာ လာရောက်စုံစမ်းနိုင်ပါတယ်
⭕️လူဦးရေကန့်သတ်ထားပါတယ် ခင်ဗျာ
Host တွေက နိုင်ငံအသီးသီးမှာရောက်နေကြတဲ့သူတွေဖြစ်တာမလို့ မတူတဲ့ အချိန်၊ မအားတဲ့ကြားကနေ လုပ်ပေးတာဖြစ်တဲ့အတွက် တကယ် serious ဖြစ်တဲ့ ကျောင်းသားများသာ တက်ရောက်စေလိုပါတယ်✨‼️
မေးမြန်းလိုတဲ့မေးခွန်းများရှိပါကကြိုတင်ပြင်ဆင်ထားနိုင်ပါတယ်
📣လာမယ့်စနေနေ့ညမှာsharing လုပ်ပေးမယ့် သူကတော့ မြန်မာပြည်မှာ pharmacy final year နဲ့ကျောင်းနားလိုက်ပြီး ခု တရုတ်မှာ scholarship နဲ့ pharmacy ပိုင်းပဲဆက်တက်နေတဲ့ သူပါ
ကျောင်းလျှောက်ပုံတွေ ကုန်ကျစရိတ်တွေ ကြုံရတဲ့ အခက်အခဲတွေ နဲ့ သူ့ရဲ့ future plan တွေကို အခမဲ့ sharing လုပ်ပေးမှာဖြစ်ပါတယ်
❗️❗️ခု လက်ရှိ တရုတ်နိုင်ငံက ကျောင်းတွေ မှာလည်း ကျောင်းသားတွေ စလက်ခံနေပြီဖြစ်တဲ့အတွက် အမြန်ဆုံး တစ်ပတ်အတွင်း form တင် scholarship လျှောက်နိုင်တဲ့အထိ ကူညီပေးသွားပါမယ်
လာရောက်နားထောင်ဖို့ ညီငယ်ညီမငယ် အားလုံးကို ဖိတ်ခေါ်လိူက်ပါတယ်
နောက်အပတ်တွေမှာလည်း EU နိုင်ငံတွေ, US , Canada, Thailand,Singapore, Malaysia, Japan, Korea စတဲ့ နိုင်ငံတွေမှာ ကျောင်းတက်ရင်းအလုပ်လုပ်နေကြတဲ့ ကျောင်းသားတွေ နဲ့ လည်း free webinar တွေ လာဦးမလို့ စောင့်မျှော်ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ
Disclaimer: အခကြေးငွေယူပြီး လုပ်ပေးတဲ့ agent တွေ မဟုတ်တာရယ် ကိုယ့်အကြောင်းနဲ့ကြုံခဲ့ရတဲ့ အခက်အခဲ တွေ ဖြေရှင်းခဲ့ပုံတွေ ကို ပဲ sharing လုပ်ပေးမှာဖြစ်တဲ့အတွက် အမှားများပါခဲ့ရင် ကြိုတင်တောင်းပန်ထားပါမယ်ခင်ဗျာ
လက်ရှိတကယ်ကျောင်းတက်နေတဲ့သူတွေ ဖြစ်တဲ့အတွက် ကြုံရတဲ့ ကိစ္စတွေရဲ့ 100% အမှန်တရားများကိုပဲ ပြောပြပေးသွားမှာဖြစ်ပါတယ်
Your educational Friend- MEP 🇲🇲
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
73*72rd, 108 Street, , (Zalat War Street), Chan Mya Tharsi Tsp
Mandalay
05041