Real IDevices Service And Training Center
"မိတ်ဆွေ၏စိတ်ချမ်းသာမှုသည် ကျွန်ုပ်တို့ဆိုင်၏အမြတ်ဖြစ်သည်"
ဖုန်းပျက်လို့ စိတ်ညစ်နေပြီလား ?
Original Sparepart နဲ့ ယုံကြည်စိတ်ချရတဲ့ Service လိုနေပြီလား ?
စိတ်မပူပါနဲ့တော့! Real iDevices Service က သင့်ရဲ့ အဖိုးတန် iPhone လေးကို အမြန်ဆုံးနဲ့ အကောင်းဆုံး ပြန်လည်ရှင်သန်အောင် ကူညီပေးဖို့ အသင့်ရှိနေပါပြီ။
Real iDevices Service မှာဆိုရင် iPhone မှန်လဲတာပဲဖြစ်ဖြစ်၊ ဘက်ထရီလဲတာပဲဖြစ်ဖြစ် ဝန်ဆောင်မှုက မြန်ဆန်ပြီး နေ့ချင်းပြီး ရရှိနိုင်ပါတယ်။ ကျွမ်းကျင်ပညာရှင်တွေက စနစ်တကျနဲ့ စိတ်ချယုံကြည်ရအောင် ပြုပြင်ပေးတာမို့ ဖုန်းလေးကို စိတ်ချလက်ချ အပ်နှံနိုင်ပါတယ်။
ဖုန်းပျက်လို့ စိတ်ညစ်ပြီး အလုပ်တွေ၊ ပညာရေးတွေ၊ လူမှုရေးတွေ နောက်ကျနေမယ့်အစား အခုပဲ Real iDevices Service ကို လှမ်းလာခဲ့လိုက်ပါ။ သင့်ဖုန်းလေး အမြန်ဆုံး ပြန်ကောင်းပြီး နေ့စဉ်ဘဝ အဆင်ပြေချောမွေ့စေဖို့ အခုပဲ ဆက်သွယ်လိုက်ပါ! 📞
𝐑𝐞𝐚𝐥 𝐢𝐃𝐞𝐯𝐢𝐜𝐞𝐬 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐂𝐞𝐧𝐭𝐞𝐫
𝟳𝟲𝘀𝘁 𝗦𝘁𝗿𝗲𝗲𝘁 𝗕𝗲𝘁𝘄𝗲𝗲𝗻 𝟯𝟭 𝗔𝗻𝗱 𝟯𝟮,𝗠𝗮𝗻𝗱𝗮𝗹𝗮𝘆.
𝟬𝟵𝟳𝟴𝟰𝟮𝟯𝟵𝟴𝟱𝟳
𝐎𝐩𝐞𝐧 𝟗:𝟎𝟎𝐚𝐦 𝐓𝐨 𝟔:𝟎𝟎𝐩𝐦
သင့်ဖုန်းမှာ ဘယ်လိုပြဿနာတွေ ကြုံနေရလဲ? ဒါမှမဟုတ် ဖုန်းပြင်တဲ့အခါ ဘာတွေကို အဓိကထားပြီး ရွေးချယ်လဲ? Comment မှာ ပြောပြခဲ့ပါဦး။ 👇
#ဖုန်းပြင် #နေ့ချင်းပြီး #မြန်မာ့နည်းပညာ
03/02/2026
iPhone Storage က ဘာလို့ပြည့်တာလဲ
ဘယ်လိုဖြေရှင်းမလဲ ?
IOS User တော်တော်များများ ကြုံရလေ့ရှိတဲ့ ပြသနာ တစ်ခုက ဘာလဲဆိုရင် Memory Storage ပြည့်တာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ဝယ်ကတည်းက 256G/512G တို့တွေကို ရွေးချယ် ဝယ်ယူတွက်ချက်ကြတာ များပါတယ်။
ဒီလောက် Storage များများဝယ်ယူပေမယ့်လဲ တချို့တွေမှာ ပြည့်နေတတ်ပါသေးတယ်။ သုံးလဲမသုံးမိဘူး ၊ ပုံတွေ Video တွေလဲ အများကြီးမရှိပါပဲနဲ့ Storage က ပြည့်လုနီးပါဖြစ်နေတတ်တာက မလိုတဲ့နေရာတွေမှာ ရှိနေတဲ့ ဖိုင်တွေ ကြောင့်ဖြစ်ပါတယ်။
အခုခောတ်နောက်ပိုင်းမှာ Telegram App ဟာ ဆိုရင် Media စီးဆင်းမှု အားကောင်လာတဲ့ Platform တခုဖြစ်လာပါတယ်။
သူ့ရဲ့ အားသာချက်က ကိုယ့်ရဲ့စိတ် အပန်းဖြေဖို့ ဇာတ်လမ်းတိုတွေကို မူလ အရည်အသွေး အတိုင်း အကြည်တွေနဲ့ ကြည့်လို့ရတာ ဖြစ်တဲ့အတွက် တော်တော် ကို အဆင်ပြေပါတယ်။ အင်တာနက်လိုင်းကောင်းရင်ကောင်းသလို ဖုန်းထဲကို Download ဆွဲပေးသွားမှာ ဖြစ်ပါတယ်။ အင်တာနက်မရှိတဲ့အခါမှာလဲ ပြန်ကြည့်လို့ရပါတယ်။
ဒီနေရာမှာ တခုရှိတာက ဇာတ်လမ်းတွဲတို့ ၊ ဇာတ်ကားတွေ၊ Movie တွေကို ကြည့်ပြီးသွားရင်တော့ ၂ခါပြန်ကြည့်တာ သိပ်မရှိသလောက်ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့က အဲ့ဒါကိုတော့ ဖုန်းထဲမှာ သိမ်းထားနေမိတတ်ပါတယ်။ အဲ့ဒီသိမ်းထားတာကိုလဲ ဘယ်နားမှာသိမ်းလို့သိမ်းထားမှန်းမသိဘူး။ ကိုယ့်အတွက်မလိုတဲ့ ဖိုင်တွေများလာပြီတော့ ဖုန်းမှာမလိုတဲ့ ဖိုင်တွေနဲ့ ပြည့်နေတတ်ပါတယ်။
ကိုယ့်ရဲ့ အိုင်ဖုန်းလေးအတွက် မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပြီး သွက်လက်သွားအောင် ဘယ်လိုလုပ်မလဲ
မသိတဲ့အချိန်မှာ ကိုယ့်အတွက် အခက်အခဲဖြစ်နေပေမယ့် သိသွားတဲ့အခါ လွယ်ပါတယ်။ အရမ်းမခက်ပါဘူး ။ အားလုံးလိုက်လုပ်ကြည့်ပါမယ်။
Telegram App ထဲကို သွားပါမယ်။
Setting - Data and Stroage - Storage Usage
Clear Entire Cache ကိုနှိပ်ပြီးတော့ ရှင်းလင်းလိုက်ပါ။
ဒါဆိုရင်တော့ Telegram ကြောင့် ဖုန်းမှာ Download ဆွဲနေပြီးတော့ Stroage တွေ ပြည့်နေတာလေးကို ကိုယ်တိုင်ဖြေရှင်းလိုက်တာလေး အဆင်ပြေသွားပါပြီ
အခုလို iDevices တွေနဲ့ ပက်သက်ပြီး အသုံးပြုသူများအတွက် ဗဟုသုတ နဲ့ နည်းပညာတွေကို မျှဝေနေမှာဖြစ်တဲ့အတွက် Page လေးကို Like မလုပ်ရသေးရင် Like & Follow လုပ်ထားပါ။
မသိသေးတဲ့ သူတွေသိအောင်လဲ Share လိုက်ပါ။
11/11/2025
အရောင်းစာရင်းကိုင် အမျိုးသမီး (၂) ဦး
အလုပ်တာဝန်များ
1) နေ့စဉ် အရောင်း နှင့် စာရင်းများအား လုပ်ဆောင်ခြင်း
2) ဈေးဝယ်သူများ မေးမြန်းသည်များအား ဖြေဆိုခြင်း
3) အရောင်းစာရင်း နှင့် လက်ကျန်စာရင်းများအား တင်ပြခြင်း
4) ဆက်ဆံရေးကောင်းမွန်ပြီး အများနှင့်ပူးပေါင်းကာ သတ်မှတ်ပေးထားသော အလုပ်များအား အချိန်မှီ ပြီးစီးအောင်လုပ်ဆောင်ခြင်း
လိုအပ်သောအရည်အချင်းများ
1) ရုပ်ရည် ပြေပြစ်၍ အသက် (၁၈ ~ ၂၅) နှစ်အတွင်း ဖြစ်ရမည် (ကျောင်းကိစ္စကင်းရှင်းသူဖြစ်ရမည်)
2) အရောင်းနှင့် ပတ်သက်ပြီး အတွေ့အကြုံရှိကာ Excel နှင့် လက်ကွက်ကျမ်းကျင်သူများအား ဦးစားပေးပါမည်
3) သင်ယူလိုစိတ်ရှိပြီး စိတ်ရှည်တတ်သူ ဖြစ်ရမည်
စိတ်ဝင်စားသူများအနေဖြင့် အလုပ်လျှောက်လွှာများအား 09942521421 (Viber) သို့ ဆက်သွယ်ပေးပို့ နိုင်ပါသည်။ (ရုံးလိပ်စာ - “Real iDevices Services”၊ (၇၆) လမ်း၊ (၃၁ နှင့် ၃၂) လမ်းကြား၊ မန္တလေးမြို့။)
Click here to claim your Sponsored Listing.
Telephone
Website
Address
76x31/32
Mandalay
05033