MULSA

MULSA

Share

MULSA is a non-profit association founded by law students of the University of Mandalay. The associa

01/09/2021

🔰အားလုံးပဲမင်္ဂလာပါ🔰

MULSA မှ 2022 Phillip C. Jessup International Law Moot Court Competition (Myanmar National Round) အတွက် registration စတင်လက်ခံနေပါပြီ။

Philip C. Jessup International Law Moot Court Comeptition ဟာ Moot Court Competition တွေထဲမှာ သက်တမ်းအကြာရင့်ဆုံး၊ နာမည်အကြီးဆုံး၊အပြိုင်အဆိုင်ပြင်းထန်သော Moot Competition တစ်ခုဖြစ်ပြီး ကမ္ဘာ့နိုင်ငံ 90 ကျော်မှ ဥပဒေကျောင်းအသင်းပေါင်း 600 ကျော်လောက် နှစ်စဉ်ပါဝင်ယှဉ်ပြိုင်နေတဲ့ပြိုင်ပွဲကြီးတစ်ခုဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေဖြင့် ယခု Jessup ပြိုင်ပွဲကြီးကို ၂၀၁၉ ခုနှစ်မှစ၍ သုံးနှစ်ဆက်တိုက် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ဒီနှစ်မှာလည်း ALSA Myanmar ကနေ National Round ကို ဦးစီးကျင်းပ ပေးသွားမှာဖြစ်ပါတယ်။

ကျနော်တို့ မန္တလေးတက္ကသိုလ်အသင်းမှ ၂၀၂၀ ခုနှစ် နှင့် ၂၀၂၁ ခုနှစ် နှစ်နှစ်စလုံးတွင် International Round အထိ တက်ရောက်ယှဥ်ပြိုင်ခဲ့ကာ ဆုတွေအသီးသီးရရှိခဲ့ကြပါတယ်။ ဒါ့ကြောင့် ယခု Myanmar National Round 2022 မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စိတ်ဝင်စားတဲ့ မန္တလေးတက္ကသိုလ်မှ ဥပဒေကျောင်းသား ကျောင်းသူများ ( First year to Final) အကုန် ယခုလျှောက်ထားနိုင်ပြီဖြစ်ပါတယ်။

Registration ကို ဒီကနေ့စတင်ဖွင့်လှစ်လိုက်ပြီး 5 ရက်နေ့ ည ၇ နာရီတိတိတွင် စာရင်းပိတ်မှာဖြစ်ပါတယ်။

Interview ကိုတော့ September လ 6 ရက်နေ့မှာ ခေါ်ယူမေးမြန်းသွားမှာဖြစ်ပါတယ်။ ☑️

Reminder*** လျှောက်ထားလိုသူများသည် မိမိရဲ့ CV နဲ့ Motivation Letterကိုလည်း [email protected] ကို deadline မတိုင်ခင် ပေးပို့ရမှာဖြစ်မှာပါတယ်။

Registration Form link:https://docs.google.com/forms/d/1bwa7iu-CnmJ4cAl2b_S2Va_30Norc4vYQ2vQdHXStvM/edit?pli=1

‼️Registraion deadline : 5.9.2021(7:00 PM) Sunday‼️

30/01/2021

Hello everyone... ✨👐✨

Only one day left for MULSA Virtual Moot Court Memorial Submission ❗❗❗

ကျနော်တို့ MULSA မှ ပြုလုပ်ကျင်းပတဲ့ Virtual Moot Court 2021 မှာ ပြိုင်ပွဲ၀င်တွေအနေနဲ့ Memorial များ တင်သွင်းဖို့ "၁ ရက်" သာကျန်တော့ကြောင်း ပြန်လည်သတိပေးလိုက်ပါတယ်။ ................................⏰📣⏰.................................

Memorial Submission Deadline က ၃၁ ရက်နေ့၊ ည ၁၂ နာရီတိတိ ဖြစ်တဲ့အတွက် Deadline မတိုင်မီ မိမိတို့အသင်း ရေးသားထားတဲ့ Memorial များကို အမြန်ဆုံး တင်သွင်းပေးဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

15/01/2021

အားလုံးပဲမင်္ဂလာပါ 🤗

ကျနော်တို့ MULSAကနေပြီး ဇန်နဝါရီလ ၁၃ ရက်နေ့နှင့် ၁၄ရက်နေ့ နှစ်ရက်မှာ "Farmland Law" ခေါင်းစဉ်ဖြင့် Online Workshop လေးကို အောင်‌အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပါတယ်။ ✨👏👏✨

ဒီ Workshop လေးမှာ တရားလွှတ်တော်ရှေ့နေ ဆရာမဒေါ်ဝင်းနန္ဒာထွဋ်ခေါင် ကနေပြီး တက်ရောက်လာတဲ့ ကျောင်းသားကျောင်းသူတွေကို "လယ်ယာမြေဥပဒေအကြောင်းသိကောင်းစရာ" နှင့် "လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုများ ဖြေရှင်းခြင်းနှင့်အယူခံဝင်ခြင်း"အစရှိတဲ့အကြောင်းအရာတွေကို ရှင်းလင်းစွာ မျှဝေရှင်းပြပေးခဲ့ပါတယ်...📚👩‍🏫📚

လယ်ယာမြေဥပဒေ အကြောင်းကို သေသေချာချာ သင်ကြားပို့ချပေးခဲ့သော IBJ Myanmar မှ ဆရာမ
ဒေါ်ဝင်းနန္ဒာထွဋ်ခေါင် ကို MULSAမှ အထူးကျေးဇူးတင်ရှိပါတယ်။💟💟💟

Workshopကို စိတ်၀င်တစားနဲ့ အဆုံးထိတက်ရောက်ပေးခဲ့သော ကျောင်းသားကျောင်းသူများကိုလည်း ကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျ။ 🥳

ဒီ workshopကို တက်ရောက်ပြီးတဲ့နောက်မှာ လယ်ယာမြေဥပဒေအကြောင်းကို ယခင်ကထက်ပိုမိုသိရှိနားလည်သွားလိမ့်မယ်လို့ယုံကြည်ပါတယ်။🍀

Want your school to be the top-listed School/college in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mandalay