MCC Mandalay3 Computer Training Center

MCC Mandalay3 Computer Training Center

Share

ကွန်ပျူတာကို အခြေခံမှစ၍ ကျွမ်းကျင်သည်အထိ စနစ်တကျသင်ကြားပေးသော သင်တန်းဖြစ်ပါသည်။

22/05/2025

📣 MCC Mandalay 3 သင်တန်းကျောင်း – ပြန်ဖွင့်မည့်ရက် အသိပေးကြေညာခြင်း 💻☀

MCC Mandalay 3 သင်တန်းကျောင်းအား ကျောင်း၏အဆောက်အအုံခိုင်ခံ့မှုရှိစေရန် စစ်ဆေး ပြင်ဆင်ခြင်းနှင့် ကျောင်းသား/သူများ၏ ဘေးကင်းလုံခြုံရေးအတွက် ခေတ္တပိတ်ထားခဲ့ပါသည်။

✅ အခုဆိုလျှင် စစ်ဆေးမှုပြင်ဆင်များ ပြီးဆုံးပြီဖြစ်၍
👉 ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂ ရက် (တနင်္လာနေ့) မှစတင်ပြီး သင်တန်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ကျောင်းသား/သူများအားလုံးကို သင်တန်းပြန်လည်တက်ရောက်ရန် ပြင်ဆင်ထားပြီး ပုံမှန်အတိုင်းတက်ရောက်ကြပါရန် အသိပေး ကြေငြာအပ်ပါသည်။ ကျောင်းသား/သူတဦးချင်းကိုလည်း ဖုန်းဖြင့်ဆက်သွယ် အကြောင်းကြားပေးမည် ဖြစ်ပါသည်။ မိဘများနှင့် သင်တန်းသားများ၏ နားလည်မှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။🙏

MCC Mandalay 3 မှ
အခြေခံမှ၍ အဆင့်မြင့်အထိ သင်ကြားပေးသည့် ကွန်ပျူတာသင်တန်းများ ပြန်လည်ဖွင့်လှစ်ထားပါပြီ။

🖥 တက်ရောက်နိုင်သော သင်တန်းများ

✅ Microsoft Office Course
✅ ICT Foundation Course
✅ Advanced Excel Course
✅ Excel Accounting Course
✅ Excel for HR
✅ Graphics Design Course
✅ Desktop Publishing Course
✅ MYOB Software Course
✅ LCCI Level 1, 2 & 3 Course
✅ AutoCAD 2D & 3D Course
✅ SketchUp Course
✅ A+ Fundamental Course
✅ Networking Course
✅ Kids Junior Course
✅ Kids Senior Course

✔ သင်တန်းပြီးဆုံးလျှင် Certificate ထုတ်ပေးပါမည်။
✔ တန်းခွဲသစ်များ အပတ်စဉ်ဖွင့်လှစ်ထားပါသည်။
✔ တက်ရောက်ဖူးသော ကျောင်းသား/သူများမှ Feedback များနှင့် Reviews များကို ဝင်ရောက်ကြည်ရှု့နိုင်ပါသည်။

📍 လိပ်စာ – ၆၄ လမ်း၊ ၁၁၁ လမ်း နှင့် ၁၁၂ လမ်းကြား၊ ချမ်းမြသာစည်၊ မန္တလေးမြို့။
📞 ဆက်သွယ်ရန် – 092013936, 09798600108

✨ MCC Mandalay 3 သင်တန်းကျောင်း
#သင်တန်းပြန်ဖွင့်ခြင်း

21/04/2025

MCC Mandalay 3တွင် တက်ရောက်နေသော ကျောင်းသူကျောင်းသားများနှင့် မိဘများသို့ အသိပေးအပ်ပါသည်။

၂၈.၃.၂၀၂၅ နေ့တွင် လှုပ်ခတ်ခဲ့သော (7.7 M) မြေငလျင်၏ သက်ရောက်မှုကြောင့် ကျောင်းအဆောက်အဦးများ၏ ကြံ့ခိုင်မှုနှင့် ထိခိုက်မှု အခြေအနေအတွက် စနစ်တကျ စစ်ဆေးမှုများကို အချိန်ယူ၍ ဆောင်ရွက်နေကြောင်း အသိပေးပါသည်။

စစ်ဆေးမှုများအရ ကွန်ပျူတာသင်တန်းခန်းသည် အပေါ်ယံဆေးကွာမှု အနည်းငယ်မှလွဲ၍ အခြားထိခိုက်မှု လုံးဝ မရှိကြောင်းတွေ့ရှိရပါသည်။

ကျောင်းအဆောက်အဦး၏ မြေညီထပ်ရှိ အရှေ့ခြမ်း ထိခိုက်မှုများရှိ သော်လည်း ပြန်လည်ပြင်ဆင်ရန်အတွက် စိတ်ချရသော ကြံ့ခိုင်မှု လုံလောက်စွာ ရှိကြောင်းတွေ့ရပါသည်။ Main Structural Failure အလွန်ကြီးမားသော အခြား ထိခိုက်ပျက်စီးမှုများ မရှိပါ။ လိုအပ်သော ပြင်ဆင်မှုများကို April ၂၂မှ စတင်ဆောင်ရွက်သွားပါမည်။

အထက်ပါစစ်ဆေးမှုများနှင့် အတည်ပြုချက်များကို အဆောက်အဦး Structure ပိုင်းဆိုင်ရာ ကျွမ်းကျင်သူ Engineer များနှင့် စစ်ဆေးခဲ့ပြီး Renovation ဆောင်ရွက်နိုင်ရန် စစ်ဆေးတွက်ချက်ပြီးပြုပြင်ရန် လုပ်ဆောင်နေပါသည်။

ပြင်ဆင်မှုဆောင်ရွက်ရာတွင် ၂၈.၃.၂၀၂၅ မြေငလျင်အပြီး ဆက်လက်လှုပ်ခတ်နေခဲ့သော နောက်ဆက်တွဲ မြေငလျင်ငယ်များကိုပါ ထည့်သွင်းစဥ်းစား၍ ပြင်ဆင်ဆောင်ရွက်ရန် စီစဥ်ထားပါသည်။

MCC ကွန်ပျူတာသင်တန်းတွင် တက်ရောက်နေသောကျောင်းသူ ကျောင်းသားများ၊ ဆရာ၊ ဆရာမများ ၀န်ထမ်းများ ၏ဘေးကင်း လုံခြုံမှု အတွက် အလေးထားဆောင်ရွက်ပါမည်။

ပြန်လည် ဖွင့်လှစ်နိုင်သည့်အချိန်ရောက်ရင် လက်ရှိတက်ရောက်နေသော ကျောင်းသူ ကျောင်းသားများသည် ပြန်လည်တက်ရောက်နိုင်ရန် အကြောင်းကြားပေးမည်ဖြစ်ပါသည်။

အဆင်မပြေဖြစ်သွားရတဲ့အတွက် အားလုံးကို တောင်းပန်အပ်ပါသည်။ အားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။ 🙏

31/03/2025

အထူးဝမ်းနည်းကြေကွဲခြင်း

မကြာသေးမီက ဖြစ်ပွားခဲ့သော ငလျင်ဒဏ်သင့် မိဘပြည်သူများနှင့် မန္တလေးမြို့နေပြည်သူများအတွက် MCC Mandalay3 Center မှ အထူးဝမ်းနည်းကြေကွဲရပါသည်။

MCC Mandalay3 အနေဖြင့် ငလျင်လှုပ်ခတ်စဉ်အတွင်း ကျောင်းသားကျောင်းသူများနှင့် ဆရာမများအားလုံး အန္တရာယ်ကင်းပြီး အထိအခိုက်မရှိကြောင်း သတင်းကောင်းပါးအပ်ပါသည်။

သင်တန်းကျောင်း၏ ခိုင်ခံ့မှုနှင့် ကျောင်းသားကျောင်းသူများ၏ ဘေးကင်းလုံခြုံရေးအတွက် MCC Mandalay3 သင်တန်းကျောင်းကို ခေတ္တပိတ်ထားမည်ဖြစ်သည်။ လိုက်လံစစ်ဆေးပြီးနောက် သင်တန်းကျောင်းဖွင့်မည့်ရက်ကို တရားဝင်ထုတ်ပြန်အသိပေးမည်ဖြစ်ပါသည်။

မိဘများနှင့် ကျောင်းသားကျောင်းသူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေရန် MCC Mandalay3 သင်တန်းကျောင်းမိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

07/11/2023

ရုံးချိန်လွတ်တန်းခွဲသစ် ညနေပိုင်း ၅:၃၀-၇တန်းကို နိုဝင်ဘာလ ၁၃ရက်နေ့မှ စတင်၍ လက်ခံ သင်ကြာပေးနေပါပြီ။

လုပ်ငန်းခွင်ဝင်မည့်သူတိုင်း တက်ထားသင့်သည့်
အခြေခံကွန်ပျူတာသင်တန်း

လုပ်ငန်းခွင်မှာ ကွန်ပျူတာအသုံးပြုနိုင်ခြင်းဟာ အင်မတန် အရေးပါတဲ့ အရည်ချင်းတခုဖြစ်တယ်။
Processတိုင်းကို စနစ်တကျ မှန်ကန် မြန်ဆန်စွာ ပြီးမြောက်စေတယ်။ လုပ်ငန်းခွင်ဝင်မည့်သူတိုင်း တတ်ထားသင့်တဲ့ သင်တန်းတခုဖြစ်ပါတယ်..။

ကွန်ပျူတာလက်ကွက်မရိုက်တဲ့သူများအပါအဝင် ကွန်ပျူတာအခုမှစသင်မယ့်သူများအတွက်
အခြေခံမှစ၍ လုပ်ငန်းခွင်အတွင်း အသုံးပြုနိုင်သည်အထိ စနစ်တကျ သင်ယူလေ့လာနိုင်ရန်ရည်ရွယ်ပြီး
Microsoft Office Course ကို ဖွင့်လှစ်ထားပါတယ်။

ဘာတွေသင်ပေးမှာလဲ?

💻 Introduction to Window 10

💻 Microsoft Word 2019

💻 Microsoft Excel 2019

💻 Microsoft Powerpoint 2019

ဒီသင်တန်းပြီးသွားရင် ဘာတွေတတ်မြောက်သွားမလဲ?

🔹ကွန်ပျူတာစနစ် အလုပ်လုပ်ပုံ၊ ဖိုင်များ၊ folderများ တည်ဆောက်ခြင်း၊ ကူးခြင်း၊ ဖျက်ခြင်း၊ နေရာရွေ့ခြင်း စသဖြင့်....အခြေခံ လိုအပ်သော taskများ လုပ်ဆောင်နိုင်မည်။
🔹Reportများ ရုံးစာများတွင်လိုအပ်သော စာပိုဒ်များ အထားအသို မှန်ကန်စွာ ထားတတ်နိုင်မည်။
🔹Shapeများ၊ Smat Art၊ Word Artများ အသုံးပြု၍ Data ကို စနစ်တကျ တည်ဆောက်နိုင်မည်။
🔹မည်သည့် Flow Chart များ၊ Table ဇယားများ မဆို ကိုယ်တိုင်ဆွဲတတ်နိုင်မည်။
🔹လစဉ်၊နှစ်စဉ် ကုန်ပစ္စည်းစာရင်းများ၊ အရှုံးအမြတ်များ၊ Productရောင်းအားများကို Analysisလုပ် နှိုင်းယှဉ်ကာ Graph/Chartများကို ကိုယ်တိုင်ဖန်တီးနိုင်မည်။
🔹ကုန်ပစ္စည်းအဝင်အထွက်စာရင်း မှန်ကန်တိကျ လျှင်မြန်လွယ်ကူစွာ ထိန်းချုပ်နိုင်မည်။
🔹အရောင်းဘောင်ချာ၊ Serviceဘောင်ချာformat၊ Application Form Fomat အမျိုးမျိုး ရိုက်တတ်နိုင်မည်။
🔹အရောင်း percentage များ၊ လစာBonusများ တွက်ချက်တတ်နိုင်မည်။
🔹အစည်းအဝေးတွင် လိုအပ်သော slide များအတွက် ဒီဇိုင်း၊ Presentationများ ပြင်ဆင််နိုင်မည်။
🔹လုပ်ငန်းအတွက် လိုအပ်သော Data Entry, Data Analysis and Printingများ စနစ်တကျ ကျွမ်းကျင်စွာ အသုံးပြုနိုင်မည်။

သင်တန်းတက်ဖူးတဲ့ ကျောင်းသူ၊ကျောင်းသားများကတော့ သင်တန်းတက်ရတာ အရမ်းအဆင်ပြေလို့ Feedback ကောင်းတွေပေးထားကြပါတယ်။
ကျောင်းသူ၊ကျောင်းသားများရဲ့ Honest Reviews တွေကြည့်ချင်တယ်ဆိုရင် Page က Reviews မှကြည့်လို့ရသလို ဒီ Post လေးတွေမှာလည်းကြည့်လို့ရပါတယ်နော်။

1- https://www.facebook.com/581963421859659/posts/4930698773652747/?d=n

2- https://www.facebook.com/581963421859659/posts/4944384992284125/?d=n

3- https://www.facebook.com/100063645230601/posts/400190718779099/?d=n

4-https://www.facebook.com/100063645230601/posts/438563934941777/?d=n

5- https://www.facebook.com/100063645230601/posts/438571551607682/?d=n

6- https://www.facebook.com/100063645230601/posts/438566431608194/?d=n

7-https://www.facebook.com/100063645230601/posts/452751823522988/?d=n

8- https://www.facebook.com/100063645230601/posts/453056183492552/?d=n

9- https://www.facebook.com/100063645230601/posts/475144464617057/?d=n

10- https://www.facebook.com/100063645230601/posts/476435817821255/?d=n

11- https://www.facebook.com/100063645230601/posts/480216094109894/?d=n

12-https://www.facebook.com/100063645230601/posts/501154785349358/?d=n

သင်တန်းအပ်ရန်။ ။
🏢 64လမ်း၊ ၁၁၁လမ်း နှင့် ၁၁၂လမ်းကြား၊ ချမ်းမြသာစည်၊ မန္တလေးမြို့။

☎️ 092013936, 09798600108

#လုပ်ငန်းသုံးအခြေခံ

Want your business to be the top-listed Computer & Electronics Service in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


၆၄လမ်း၊ ၁၁၁လမ်းနှင့် ၁၁၂လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေး။
Mandalay
05041

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00