KSL - Accountancy Academy

KSL - Accountancy Academy

Share

KSL - Accountancy Academy
Dip IFR နှင့် ACCA သင်တန်းကျောင်း

22/01/2026

Dear students,

ACCA & Dip IFR အတန်းများ (Jan 2026 Intake) ဒီနေ့ စပါမည်။

Warmly Welcome
KSL Accountancy Academy
🥰🥰🥰

17/01/2026

❇️ Goods Received Note ( GRN )
======================

GRN ဆိုတာ ကုန်ပစ္စည်းလက်ခံပြေစာပါ။

Store/ warehouse
*****************
ကုန်ပစ္စည်း လက်ခံမယ့် စတိုဝန်ထမ်းက ကုန်သယ် ( supplier ) လာပို့မယ့် ကုန်ပစ္စည်းရဲ့ အရေအတွက် နဲ့ အရေအသွေးကို purchase order နှင့် တိုက်ဆိုင် စစ်ဆေးပြီး ကုန်ပစ္စည်းလက်ခံပြေစာ ( GRN ) ရေးရပါတယ်။

GRN တွင် စတိုဝန်ထမ်းရဲ့ လက်မှတ်ပါရှိ ရပါမည်။

GRN ကို စတိုဝန်ထမ်းမှ
- ကုန်ပစ္စည်းလာပို့သူကို 1 စောင်
- Purchase department ကို 1 စောင်
- Finance/ Account department ကို 1 စောင်
- Store/ warehouse မှ 1 စောင်

ပေးပို့ ရပါမည်။ ဒါကတော့ လုပ်ငန်းရဲ့ nature , size ပေါ် မူတည်ပြီး ပေးရမယ့် အစောင်အရေအတွက် ကွာခြားန်ိုင်ပါသည်။

Finance/ Account department
******************************
Finance/ Account department မှ supplier ထံမှ ငွေတောင်းခံပြေစာ (Invoice) ရလာခဲ့လျှင် ပိုက်ဆံချက်ချင်းပေးလို့မရသေးပါ။

- Quotation ( if any )
- ကုန်ဝယ် ပစ္စည်းအမှာ (Purchase order)
- ကုန်ပစ္စည်းလက်ခံပြေစာ ( GRN )
- ငွေတောင်းခံပြေစာ (Invoice)

ပါသော အချက်အလက် တွေကို သေချာစွာစစ်ဆေးပြီး မှန်ကန်မှသာ payment ပေးလို့ ရပါမည်။

စစ်ဆေးရမည့် အချက်များမှာ -
- Invoice မှာပါတဲ့ အရေအတွက် (Qty) = GRN မှာပါတဲ့ အရေအတွက် (Qty)
- Invoice မှာပါတဲ့ စျေးနူန်း (price) = Quotation မှာပါတဲ့ စျေးနူန်း (price)
- Invoice မှာ price x Qty မြှောက်ကြည့်ပါ။
- Total amount မှန်မမှန် ပေါင်းကြည့်ပါ။

Payment ပေးပြီးရင် Quotation၊ Purchase order၊ GRN၊
Invoice နှင့် Debit voucher ( ငွေပေးပြေစာ ) တို့ကို တွဲပြီး files တွဲထားရပါမည်။

KSSL
Accountancy Academy



Photo credit

Want your school to be the top-listed School/college in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


64A Street, Between 37A And 38 Streets
Mandalay

Opening Hours

Thursday 17:00 - 20:00
Friday 17:00 - 20:00
Saturday 17:00 - 20:00
Sunday 09:00 - 17:00