Epsilon Language School

Epsilon Language School

Share

Language School

15/01/2024

မင်္ဂလာပါ။

Epsilon Language School ရဲ့ ပြင်သစ်သာသာစကား စနေ-တနင်္ဂနွေ ရုံးချိန်လွတ်တန်းခွဲသစ်ကို ၂၀.၁.၂၀၂၄ ရက်နေ့မှ စတင်ဖွင့်လှစ်ပါတော့မယ်။

ပြင်သစ်ဘာသာစကားကို အခြေခံကနေစတင်လေ့လာလိုသူများအတွက် အခြေခံမှစ စနစ်ကျနစွာ သင်ကြား လေ့ကျင့်ပေးမည့် အတန်းဖြစ်ပါတယ်။

ကမ္ဘာ့အလှဆုံးဘာသာစကား (The most beautiful language of the world) လို့ တင်စားဆိုကြတဲ့ ပြင်သစ်ဘာသာစကားကို သင်ယူရင်း ပြင်သစ်နိုင်ငံနဲ့ ပြင်သစ်စကားပြောအသိုက်အဝန်းရဲ့ ယဉ်ကျေးမှုအခြေခံများကိုပါ သိရှိခွင့်ရမယ့် အခွင့်အရေးလည်း ရှိနေသလို

တကယ်တတ်မြောက်ပြီး အသုံးချနိုင်သည်ထိ စိတ်ရှည်လက်ရှည်သင်ကြားပေးမယ့် အတွေ့အကြုံရှိဆရာနဲ့ သင်ယူရမှာဖြစ်လို့ မတတ်မှာလည်း မပူရပါဘူး။

ဒါကတော့ Epsilon မှာ သင်တန်းတက်ခြင်းကြောင့် သင်ရလာမယ့် အကျိုးကျေးဇူးတွေဖြစ်ပါတယ်။

သင်တန်းရဲ့ နာမည် Epsilon ဆိုတာကတော့ ဂရိအက္ခရာတခုဖြစ်ပြီး ပြတင်းပေါက်လို့လည်း အဓိပ္ပာယ်ရပါတယ်။

ဘာသာစကားတွေဆိုတာ ကမ္ဘာကြီးကို လှမ်းမျှော်ကြည့်ရှု ဝင်ရောက်နိုင်တဲ့ ပြတင်းတံခါးပေါက်တွေဖြစ်တာကြောင့် ဒီနာမည်ကို ရွေးချယ်ပေးထားခြင်းဖြစ်ပါတယ်။

အင်္ဂလိပ်ဘာသာစကားတခုတည်းနဲ့ မလုံလောက်တော့တဲ့ ပြောင်းလဲနေတဲ့ခေတ်ကြီးမှာ ဘာသာစကားများများတတ်ထားမယ်ဆိုရင် ပြတင်းပေါက်များများဖွင့်နိုင်ပြီး ကမ္ဘာကြီးကို ပိုပြီးမြင်ကျယ်ကျယ် ကြည့်နိုင်ပြီး ကိုယ့်အိပ်မက်တွေကို ပိုမျုထိရောက်စွာအကောင်ထည်ဖော်နိုင်မှာဖြစ်ပါတယ်။

ဒ့ါကြောင့် ESL ကနေ မကြာခင်ဖွင့်လှစ်တော့မယ့် ပြင်သစ်ဘာသာစကားတန်းခွဲသစ်ကိုတက်ရောက်ရင်း ခေတ်မီမီ ကမ္ဘာ့ကြည့်ကြည့်မြင်နိုင်ဖို့ ကြိုးစားကြပါ။

Basic French Class (Weekend section)
Level: A1.1
Starting Date: 20.1.2024
Days: Every Saturday and Sunday
Time: 2:00 - 3:30 pm
Duration: 4 months

Instructor
Noël Aung
BA (Hons), MA (English)
Dip in French (DELF) (Institut Français de Birmanie)
Dip in Oriental Studies (DOS)
Dip in Sutadhamma (University of Wisdom Land)

Contact
Page Messenger
Or
09-975311455

21/11/2022

လူ ။ ။ နင်ဘာလုပ်နေတာလဲ။
ငါးမန်း ။ ။ ငါ့နေ့လယ်စာဓာတ်ပုံကို အင်စတာဂရမ်ပေါ်တင်မလို့။ 😎

ရယ်မောခြင်းဖြင့် တခဏ အပန်းပြေကြပါစေ။



🇫🇷🇫🇷🇫🇷

19/11/2022

What’s new?

IGCSE စာမေးပွဲမှာ ပြင်သစ်ဘာသာစကားကို ယူချင်ပေမယ့်
ပြင်သစ်စာ၊ ပြင်သစ်စကားမတတ်လို့ အဆင်မပြေဖြစ်နေသူတွေအတွက် ပြင်ဆင်ပေးမယ့်
French Four Skills and French for IGCSE preparation class ကို 2024 exam session အတွက်
လာမယ့် ၂၀၂၃ နှစ်စပိုင်းမှာ ဖွင့်လှစ်ပေးသွားဖို့ ရှိနေပါတယ်ဆိုတာ သတင်းကောင်းပါးလိုက်ပါတယ်။ 🥳

ပုံမှန် Online French Class (A1 Level) အတန်းတွေလည်း ဖွင့်နေတာမို့ ပြင်သစ်စကား သင်ယူချင်တယ်ဆို အခုပဲ ဆက်သွယ်လိုက်ပါ။

ELS က ကြိုဆိုနေပါတယ်။ ε 🪟🇫🇷🇫🇷🇫🇷

06/11/2022

သင်တန်းဖွင့်ရက်ကလေး ပြန်ပြင်ပါရစေနော်😊

သင်ပေးချင်တဲ့ စေတနာဇောတွေများပြီး ၇.၁၁.၂၂ ရက်နေ့ ဖွင့်မယ်လုပ်လိုက်တာ တန်ဆောင်တိုင်ပိတ်ရက်ကို သတိမရဖြစ်သွားတယ်😁

ဒီတော့
November တန်းခွဲသစ်ကို 7.11.22 ရက်နေ့အစား

8.11.22 မှာ စဖွင့်ဖို့ရှိပါကြောင်းနဲ့ သင်တန်းစုံစမ်းချင်တာဖြစ်ဖြစ်၊ သင်တန်းအပ်ချငိတာဖြစ်ဖြစ် စုံစမ်းလို့၊ အပ်လို့ရပါသေးကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

09 97 53 11 455 ကို ဆက်သွယ်နိုင်ပါတယ်နော်။

ဘေးရန်ကင်းတဲ့ တန်ဆောင်တိုင်အခါသမယဖြစ်ကြပါစေ။




🇫🇷🇫🇷🇫🇷

Want your school to be the top-listed School/college in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


Mandalay