Botany - Myanmar

Botany - Myanmar

Share

မြန်မာပြည်ရှိရုက္ခ‌ဗေဒမိသားစုအားလုံးနှင့် အပင်ကိုစိတ်ဝင်စားသူများ၊ ပန်းကိုချစ်တဲ့ ပန်းချစ်သူများ အတွက် ရည်ရွယ်ပါသည်။

24/05/2026

၂၄-၅-၂၀၂၆

ဒီနေ့ နေ့လည် ၁၂ နာရီ ၂၂ မိနစ်အချိန်မှာ မင်းကင်းနား ပြင်းအား ၃ နဲ့ ငလျင်လှုပ်သွားပါတယ်။

23/05/2026

၂၃-၅-၂၀၂၆

နေ့လည် ၁၂ နာရီ ၃ မိနစ်က စစ်ကိုင်းတိုင်း အုတ်ကန်အနီးတွင် ပြင်းအား ၃.၇ ဖြင့် ငလျင်လှုပ်သွားပါသည်။

Photos from Botany - Myanmar's post 22/05/2026

၂၂-၅-၂၀၂၆

နောက်တခါ လာပြန်ပြီဟေ့!

ယနေ့ညနေ ၄ နာရီ ၅၆ မိနစ်က ရန်ကုန် ကျောက်တန်းဘက် လက်ခုပ်ကုန်း နဲ Wetkaik ကျေးရွာကို ဗဟိုပြုလျှက် ပြင်းအား ၄.၂ ရှိ မြေငလျင် လှုပ်သွားပါတယ်။

၁၈-၅-၂၀၂၆ နေ့ကလည်း ဒီပတ်ဝန်းကျင်မှာ ၅.၂ လောက်နဲ့ လှုပ်ခဲ့ဘူးတာမို့ နောက်ထပ်မြေငလျင်တွေ ဆက်တိုက်လှုပ်လာမလား စောင့်ကြည့်ရပါမယ်။ လှုပ်လာရင်တော့ ဂရုစိုက် သတိထားနေပေးပါ။

20/05/2026

မျက်လုံးကျန်းမာရေးနှင့် အမြင်အားကောင်းစေရန် အောက်ပါ အသီးအရွက်များကို စားသုံးပေးနိုင်ပါတယ်။ အထူးသဖြင့် Vitamin A, C, E, Lutein, Zeaxanthin နှင့် Omega-3 တို့ ပါဝင်တဲ့ အစားအစာတွေက မျက်လုံးအတွက် အထောက်အကူပြုပါတယ်။

မျက်လုံးအားကောင်းစေသော အသီးအရွက်များ

အစိမ်းရောင်အရွက်များ
ပန်းဂေါ်ဖီစိမ်း
Lutein နဲ့ Zeaxanthin ပါဝင်လို့ မျက်လုံးကို အလင်းဒဏ်မှ ကာကွယ်ပေးနိုင်ပါတယ်။
ဟင်းနုနွယ်ရွက်
ကိုက်လန်ရွက်
မုန်ညင်းစိမ်း

အဝါ/လိမ္မော်ရောင် အသီးအရွက်များ
မုန်လာဥနီ
Beta-carotene (Vitamin A) များစွာပါဝင်ပြီး ညဘက်အမြင်ကောင်းစေပါတယ်။
ရွှေဖရုံသီး
ကန်စွန်းဥအဝါ
သရက်သီး

အသီးများ
လိမ္မော်သီး
သံပုရာသီး
စတော်ဘယ်ရီ
ဘလူးဘယ်ရီ
ထောပတ်သီး
Vitamin C နဲ့ antioxidant များပါဝင်လို့ မျက်လုံးအိုမင်းမှုကို လျှော့ချပေးနိုင်ပါတယ်။

အခွံမာသီးများ (ဗာဒံ၊ သစ်ကြားသီး)
ဗာဒံသီး (Almond) မှာ ပါဝင်တဲ့ မျက်လုံးအတွက် အရေးကြီးဓာတ်များ

Vitamin E
မျက်လုံးဆဲလ်တွေကို free radicals ဆိုတဲ့ ပျက်စီးစေတဲ့ဓာတ်များမှ ကာကွယ်ပေးပါတယ်။
အသက်ကြီးလာတဲ့အခါ ဖြစ်နိုင်တဲ့ မျက်လုံးအိုမင်းမှု (macular degeneration) ကို လျှော့ချနိုင်ဖို့ အထောက်အကူဖြစ်နိုင်ပါတယ်။

Healthy fats
မျက်လုံးခြောက်သွေ့မှု လျော့နည်းစေဖို့ ကူညီနိုင်ပါတယ်။

သစ်ကြားသီး (Walnut) မှာ ပါဝင်တဲ့ အရေးကြီးဓာတ်များ

Omega-3 fatty acids
မျက်လုံးအာရုံကြောနဲ့ retina ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။
မျက်လုံးခြောက်သွေ့ခြင်းကို လျော့နည်းစေနိုင်ပါတယ်။

Zinc
Vitamin A ကို မျက်လုံးဆီ ပို့ဆောင်ရာမှာ အရေးပါပါတယ်။
ညဘက်အမြင်ကောင်းစေရန် ကူညီနိုင်ပါတယ်။

Antioxidants
မျက်လုံးဆဲလ်ပျက်စီးမှုကို ကာကွယ်ပေးနိုင်ပါတယ်။

မျက်လုံးအတွက်ကောင်းသော အခြားအစားအစာများ
ငါးများ (ဆာဒင်း၊ ဆယ်လမွန်)
ကြက်ဥ

မျက်လုံးကျန်းမာရေးအတွက် အလေ့အကျင့်ကောင်းများ
ဖုန်း၊ ကွန်ပျူတာ ကြာကြာကြည့်လျှင် 20-20-20 rule လိုက်နာပါ
(20 မိနစ်တိုင်း ပေ 20 အကွာကို 20 စက္ကန့်ကြည့်ပါ)
အိပ်ရေးဝအောင်အိပ်ပါ။
နေရောင်ပြင်းချိန်တွင် နေရောင်ကာမျက်မှန်တပ်ပါ။
ဆေးလိပ်ရှောင်ပါ။
ရေများများသောက်ပါ။

Photos from Botany - Myanmar's post 19/05/2026

၁၉-၅-၂၀၂၆
-- နေ့လည် ၁ နာရီ ၃၄ မိနစ်က မန္တလေးတိုင်းစဉ့်ကိုင်အနီးက ထောင့်ကြီးကွေး ကျေးရွာမှာ ၃.၁ ပြင်းအားနဲ့ လှုပ်သွားပါတယ်။ စိုးရိမ်စရာမရှိပါဘူး။
-- မွန်းလွဲ ၂ နာရီ ၅၉ မိနစ်အချိန်က စစ်ကိုင်းတိုင်း ဟုမ္မလင်းဘက် ခွာရာ ကျေးရွာအနီးမှာ ပြင်းအား ၃.၁ နဲ့ လှုပ်ခဲ့ပါတယ်။

Want your business to be the top-listed Media Company in Mandalay?
Click here to claim your Sponsored Listing.

Category

Address


Mandalay

Opening Hours

09:00 - 17:00