White Lotus Distribution

White Lotus Distribution

Share

Cosmetic ,Beauty and Personal-Care Product Distributor around Myanmar

Photos from Bye Bish's post 02/02/2024

# Bye Bish

Photos from White Lotus Distribution's post 10/04/2019

အလွယ်ကူဆုံးနည်းလမ်းလေးတွေနဲ့ ငွေကြေးစီမံခန့်ခွဲမယ်

လစဉ်လတိုင်း အသုံးစရိတ်ပြတ်တဲ့ပြဿနာ၊ အကြွေးပြဿနာ၊ ငွေပိုငွေလျှံမရှိတဲ့ပြဿနာ၊ ဝင်ငွေအဖတ်မတင်တဲ့ပြဿနာ စတဲ့ ပပြဿနာ မျိုးစုံကို ကြုံတွေ့နေရပါသလား။ အကယ်၍ ရင်ဆိုင်နေရပြီဆိုရင်တော့ သင်ဟာ ငွေကြေးကို ကောင်းမွန်စွာ စီမံခန့်ခွဲတတ်ဖို့ လိုနေပါပြီ။ အခုဖော်ပြပေးသွားမယ့် အလွယ်ကူ၊ အရိုးရှင်းဆုံး နည်းလမ်းလေးတွေကို လိုက်နာလုပ်ဆောင်ပြီး ငွေကြေးစီမံခန့်ခွဲမှုလေးတွေကိုသာ စတင်လုပ်သွားမယ်ဆိုရင် တဖြည်းဖြည်းနဲ့ ငွေရေးကြေးရေး ပြဿနာများမှ ကင်းဝေးပြီး အဆင်ပြေ၊ ချောင်လည်ကာ ဝင်ငွေတိုးစေမှာပဲ ဖြစ်ပါတယ်။

၁။ အသုံးစရိတ် သတ်မှတ်ပါ။
လတိုင်း ကိုယ့်ရဲ့ ကိုယ်ပိုင်အသုံးစရိတ်ကို ပမာဏတစ်ခု သတ်မှတ်ပါ။ ဥပမာ တစ်လလုံးလုံး အသုံးပြုဖို့အတွက် ကိုယ့်ရဲ့အသုံးစရိတ်၊ လူမှုရေး၊ သာရေး၊ နာရေး ကိစ္စအားလုံးအတွက် တစ်သိန်း (သို့မဟုတ်) ၅သောင်း သတ်မှတ်ထားတယ် ဆိုပါစို့။ ကိုယ်သတ်မှတ်ထားတဲ့ ပမာဏထက် ကျော်လွန်ပြီး မသုံးမိအောင် အတတ်နိုင်ဆုံး ထိန်းပါ။ တစ်ရက် ပုံမှန် ၃၀၀၀ သုံးဖို့အတွက် ရည်ရွယ်ထားပြီး မထင်မှတ်ဘဲ ၆ထောင် သုံးမိသွားတဲ့နေ့ရှိတယ်ဆိုရင် နောက်နေ့မှာ လျှော့သုံးမှ ကိုယ်သတ်မှတ်ထားတဲ့ အသုံးစရိတ်ထက် မကျော်လွန်မှာ ဖြစ်ပါတယ်။ အနာခံမှ အသာစံ ဆိုတဲ့အတိုင်း သုံးဖြုန်းချင်တဲ့ ကိုယ့်ရဲ့စိတ်ကို ကောင်းစွာ ထိန်းချုပ်နိုင်ဖို့တော့ လိုပါလိမ့်မယ်။

၂။ ကုန်သွားတဲ့စရိတ်များကို စီစစ်ပါ။
အပေါ်မှာ ပြောထားသလို လစဉ်အသုံးစရိတ်ကို သတ်မှတ်ထားပေမယ့်လည်း ပုံမှန်ထက် ပိုပိုပြီး အကုန်အကျ၊ စရိတ်စက များနေတယ်ဆိုရင် ကိုယ်ဘာတွေသုံးခဲ့တယ်၊ ဘယ်လိုနေရာအတွက် ကုန်ကျခဲ့တယ်ဆိုတာကို ပြန်ပြီး စီစစ်ဖို့လိုပါတယ်။ ဒီလို စီစစ်လိုက်လို့ ကိုယ့်ရဲ့အသုံးစရိတ်မှာ ရေတိုသာယာမှုအတွက် ကုန်ကျမိခဲ့တဲ့ စရိတ်စကတွေက ပိုများနေတယ်ဆိုရင်တော့ လျှော့သင့်တာတွေကို လျှော့ချရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် တစ်လလုံးသုံးပြီးမှ ပြန်စီစစ်တာထက် တစ်နေ့တစ်နေ့သုံးသွားတဲ့ အသုံးစရိတ်မှန်သမျှကို စာရင်းပြုစုထားတာ အကောင်းဆုံးပါပဲ။ အခုဆိုရင် Money Manager ၊ Expense Manager လို နည်းပညာ အပ်ပလီကေးရှင်း များစွာက သင့်ရဲ့အသုံးစရိတ်တွေကို သိရှိနိုင်ဖို့အတွက် အထောက်အကူပေးနိုင်လို့ ဒီလို အပ်ပလီကေးရှင်းတွေကိုလည်း သုံးပေးသင့်ပါတယ်။

၃။ အကြွေးဆပ်ပါ။
ရှိနေတဲ့ အကြွေးတွေကို ကုန်အောင်ဆပ်ပါ။ တင်နေတဲ့ အကြွေးတွေကို ဆပ်ပြီးမှ ကိုယ်လုပ်ချင်တာတွေကို လုပ်နိုင်မှာဖြစ်သလို စိတ်ပိုင်းဆိုင်ရာမှာလည်း ပိုမိုလွတ်လပ်လာပါလိမ့်မယ်။ အကြွေးရှိနေခြင်းက စိတ်ဖိစီးမှုတွေများပြီး လုပ်ငန်းခွင်ကိုလည်း ထိခိုက်စေကာ ကြာလာလေ စိတ်ဓါတ်ကျလေ၊ ဝင်ငွေလျော့လေ ဖြစ်လာနိုင်ပါတယ်။

၎။ ကိုယ့်မှာရှိတဲ့ ပိုင်ဆိုင်မှုကို သိပါစေ။
ပေးရန်တာဝန်တွေအားလုံးဖယ်ပြီး ကိုယ့်မှာကျန်တဲ့ ပမာဏတစ်ခုက ကိုယ့်ရဲ့ အသားတင်ပိုင်ဆိုင်မှုပါ။ လစဉ် ဝင်ငွေ ၅ သိန်းရှိတဲ့သူတစ်ယောက်မှာ ပုံမှန်ပေးရမယ့်တာဝန်၊ အကြွေး ၂ သိန်းခွဲ ရှိတယ်ဆိုရင် ဒီလူရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ လစဉ် ၂သိန်းခွဲကျပ်သာ ရှိပါတယ်။ ဒီ ၂သိန်းခွဲကိုမှ တစ်လလုံး အခက်အခဲမရှိအောင် စနစ်တကျ စီမံခန့်ခွဲသုံးစွဲတတ်ဖို့က အရေးကြီးဆုံးပါ။ ဒီလိုမဟုတ်ဘဲ ကိုယ့်ရဲ့ပိုင်ဆိုင်မှုထက်ပိုပြီး သုံးစွဲနေမယ်ဆိုရင်တော့ အကြွေးပြဿနာများနဲ့သာ ရင်ဆိုင်နေရမှာပါ။

၅။ ဝင်ငွေပန်းတိုင်တစ်ခု ထားပါ။
နောက်ဆုံးအနေနဲ့ကတော့ ကိုယ့်ဝင်ငွေနဲ့ပတ်သတ်ပြီး ပန်းတိုင်တစ်ခုထားပါ။ ပန်းတိုင် ထားတဲ့နေရာမှာလည်း ၃လ၊ ၆လ၊ ၁နှစ်၊ ၂နှစ် စသဖြင့် အချိန်အပိုင်းအခြားအဖြစ် တိတိကျကျ ချမှတ်ထားပါ။ ဥပမာ ကိုယ့်ရဲ့ပိုင်ဆိုင်မှုဟာ ၁နှစ်အတွင်း သိန်း၅၀ ရှိကိုရှိနေရမယ်လို့ ရည်မှန်းတာ (သို့) အိမ်ပိုင်ဝယ်တာ၊ ကားပိုင်ဝယ်တာ၊ စသဖြင့်ပေါ့။ ဒီလို ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင် ပြည့်ဝဖို့အတွက် ငွေစုခြင်းအပြင် ဝင်ငွေတိုးပွားဖို့အတွက် ခိုင်မာတဲ့ ရင်းနှီးမြှုပ်နှံခြင်းတွေ ပြုလုပ်ခြင်းကလည်း အကောင်းဆုံးအချက်ပါပဲ။

ခိုင်မာတဲ့ ရင်းနှီးမြှုပ်နှံမှုကို ပြုလုပ်ဖို့အတွက် အရစ်ကျစနစ်နဲ့တိုက်ခန်းဝယ်ယူလို့ရနေတဲ့ City Loft နဲ့ ချိတ်ဆက်ပြီး အနာဂတ်အတွက် တန်ဖိုးတက်တဲ့ ရင်းနှီးမြှုပ်နှံမှုကို လုပ်နေတာဖြစ်သလို အချိန်တန်ရင် အိမ်လည်း ပိုင်ဆိုင်ပြီး ဖြစ်နေမှာနော်။

..crd..

09/04/2019

"ဘဝကစာအုပ်​ဆိုရင်​ ကိုယ်​ကစာဖတ်​သူပါ"

===========================

📒 လူတစ်​​ယောက်​ရဲ့ဘဝဆိုတာ ရသမျိုးစုံပါဝင်​တဲ့ စာအုပ်​တစ်​အုပ်​လိုပါပဲ။ ရယ်​ရတာလဲရှိတယ်​။ ငိုရတာလဲရှိတယ်​။ ​ပျော်​ရတာလဲရှိတယ်​။ ဝမ်းနည်းရတာလဲရှိတယ်​။ ခက်​ခဲတာလဲရှိတယ်​။ တစ်​ခန်းပြီးရင်​တစ်​ခန်း သူ့ဟာနဲ့သူ​တော့ ရသပြည့်​​အောင်​ခံစားကြရတာပါပဲ။

📒ငိုရတဲ့အခန်းဆို ငိုလိုက်​။ ရယ်​ရတဲ့အခန်းဆို ရယ်​လိုက်​။ ​ပျော်​ရတဲ့အခန်းဆို​ပျော်​လိုက်​နဲ့ စာအုပ်​ဖတ်​​နေရတဲ့အချိန်​မှာ ကိုယ်​ဖတ်​​နေတဲ့အခန်းရဲ့ ရသအလိုက်​ ကိုယ်​ကလိုက်​ခံစားပြီး ကိုယ့်​ရဲ့အပြုအမူ​တွေကို ကိုယ်​​ပုံ​ဖော်​​နေကြတာပါပဲ။

📒 ဘဝဆိုတာ ဒီလိုပါပဲ။ အမိဝမ်းက​နေလူ​လောကကိုထွက်​လာတဲ့​နေ့ကစပြီး နိဒါန်းစလိုက်​တဲ့ဘဝဆိုတာ ကိုယ်​ဖြတ်​သန်း​နေ​သော ​နေ့ရက်​​တွေဆိုတဲ့ ရသ​ပေါင်းများစွပါဝင်​တဲ့ အခန်းများစွာကို ဖြတ်​သန်းလာပြီးတဲ့အခါမှာ သင်္ခါရ ဆိုတဲ့အဆုံးသတ်​နိဂုံးနဲ့ ဘဝကပြီးဆုံးသွားကြရတာပါပဲ။

📒 စာအုပ်​တစ်​အုပ်​ရဲ့ နိဒါန်းဆိုတာ လျှို့ဝှက်​ချက်​​ပေါင်းများစွာ၊ ​ဗ​ဟေဌိ ​ပေါင်းများစွာ၊ နားမလည်​မှု​ပေါင်းများစွာနဲ့ အစပျိုးခဲ့ပြီး အခက်​အခဲ​တွေ၊ ပြသာနာ​တွေ၊ အဆင်​မ​ပြေမှု​တွေကို ​ဖြေရှင်းပုံနည်းလမ်း​တွေကွဲပြားသွားတာနဲ့ ​ပျော်​ရွှင်မှု​တွေ၊ ဝမ်းနည်းမှု​တွေ၊ မတူညီတာ​တွေနဲ့ နိဂုံးချုပ်​ အဆုံးသတ်​သွားကြတာပါပဲ။

📒စာအုပ်​​ကောင်း​တစ်​အုပ်​ဖြစ်​တယ်​ဆိုတာ ​ရေးသူ​ကြောင့်​လဲဆိုင်​သလို ဖတ်​တဲ့သူရဲ့ ခံစားချက်​​ကြောင့်​ လက်​ခံနိုင်​မှုနဲ့လဲဆိုင်​ပါတယ်​။ ဘဝဆိုတာလဲ ဒီလိုပါပဲ။ ကိုယ်​​မွေး​ဖွားလာတဲ့ ပတ်​ဝန်းကျင်​နဲ့လဲဆိုင်​သလို ကိုယ်​ရဲ့ရပ်​တည်​ချက်​၊ ခံစားမှုနဲ့၊အ​တွေးအ​ခေါ်​တွေ​ကြောင့်​လဲ ​ကောင်းမွန်​ပြည့်​စုံတဲ့ဘဝဆိုတာ ဖြစ်​သွားတတ်​ကြတာပါပဲ။

📒စာအုပ်​တအုပ်​ဖတ်​ပြီးတဲ့အခါမှာ ပြီးသွားတဲ့အခန်း​တွေက အမှား​တွေကို စဉ်းစားပြီး အားနည်းချက်​ကို​တွေး​နေတာထက်​ လက်​ရှိဖတ်​​နေတဲ့အခန်းက ဘာ​တွေရလာမလဲဆိုတာ အချိန်​ယူဖတ်​ရသလို၊ ဘဝဆိုတာလဲ ပြီးသွားတဲ့​နေ့ရက်​​တွေက အမှား​တွေရဲ့အ​ကြောင်း​တွေ မ​တွေး​နေ​တော့ပဲ လက်​ရှိဖြတ်​သန်း​နေရတဲ့ အချိန်​ကို ​အ​ကောင်းဆုံးအသုံးချပြီး ​အောင်​မြင်​​ဖို့ ကြိုးစား​နေဖို့ပဲလိုပါတယ်​။

📒 ဘဝဆိုတာ ရသမျိုးစုံပါဝင်​​သော စာအုပ်​တအုပ်​ဖြစ်​တဲ့အတွက်​ ဘဝနိဒါန်းအစ​ကောင်းခြင်း မ​ကောင်းခြင်းထက်​ ဘဝနိဂုံးအဆုံး​ ​ကောင်းခြင်း မ​ကောင်းခြင်းကသာ​ ​ကောင်းမွန်​ပြည့်​စုံ​သော ဘဝဖြစ်​ခြင်း မဖြစ်​ခြင်းဆိုတာကို ဆုံးဖြတ်​​ပေးတာပါ။ ကိုယ့်​ရဲ့ဘဝက စာအုပ်​တစ်​အုပ်​ဆိုရင်​ အဲ့ဒီစာအုပ်​ကိုဖတ်​​နေ​သောစာဖတ်​သူက ကိုယ်​ဘဲလို့သတ်​မှတ်​ပြီး​ကောင်းမွန်​ပြည့်​စုံ​သော ဘဝနိဂုံး​လေး​တွေဖြစ်​​အောင်​ ကြိုးစားနိုင်​ကြဖို့လိုပါတယ်​။

#​မောင်​ပြည့်​(အ​တွေးအမြင်​)
Book Store..cred..

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Website

Address


Corner Of 26th Street & 88th Street, Chanayetharzan Township
Mandalay

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00