U ZAY
greatest for Earth & Universe
ကား
ဆိုင်ကယ်
မြေ
#အချိန်ကစကားပြောသွားပါလိမ့်မယ်
အနာဂတ်ကာလမှာ ဘဝက တိုးတက်ပီး မြင့်တော့မှာပါ
မန်ကျည်းတွေလဲနု
သရက်တွေလဲသီးပီဆိုတော့ကာ🤣
အရမ်းကြိုက်လို့ ထပ်ခါဖတ်မိတယ်..
ဓားတိုနေရင် ဓားရှည် မတောင့်တနဲ့ ရှေ့တစ်လှမ်းတိုးခုတ်ပါ။
အားနည်းချက်က အင်အားကို မချိ နဲ့စေဘူး.....
အားငယ်စိတ်ကသာ အားနည်းစေတာပါ။
ဆင်တွေထဲမှာအစွယ်နှစ်ချောင်းပါတဲ့ဆင်ကို
စွယ်စုံဆင်လို့ခေါ်တယ်။
အစွယ်မပါတဲ့ဆင်ကို ဟိုင်းဆင်လို့ခေါ်တယ်။
ဟိုင်းဆင်ကအစွယ်မပါတော့ဘာလုပ်ရလဲဆိုတော့.....
နှာမောင်းကိုသန်အောင်လုပ်ရတယ်။
သူ့မှာနှာမောင်းပဲ အားကိုစရာရှိတော့တာကိုး။
တောထဲမှာ.....စွယ်စုံဆင်နဲ့ဟိုင်းဆင်နဲ့တွေ့ရင်
စွယ်စုံဆင်က ဟိုင်းဆင်ကိုအစွယ်နဲ့ပြေးထိုးတယ်။
အဲ့ဒီမှာ ဟိုင်းဆင်က စွယ်စုံဆင်ရဲ့အစွယ်ကို
နှာမောင်းနဲ့လိမ်ချိုးပစ်လိုက်တယ်။
သစ်လုပ်သားတွေကပြောဖူးတယ်။
တောထဲမှာ အဲ့ဒီဟိုင်းဆင်တွေနဲ့တွေ့ရင်.....
ကျွန်တော်တို့ဆင်တွေကပြေးတာပေါ့။
ပြေးတာမလွတ်လို့ အရိုက်ခံရရင်
အရိုးတောင်ထင်တယ်တဲ့။
ဆင်ကိုအရိုးထင်အောင်ရိုက်နိုင်တယ်ဆိုမှတော့.....
သူ့ရဲ့နှာမောင်းအားကို ခန့်မှန်းသာကြည့်။
ပြောချင်တာက.....
မင်းတို့မှာ ဘာချိူ့ယွင်းချက်ပဲရှိရှိ အားမငယ်နဲ့။
တစ်ဖက်မှာအားနည်းရင်.....
တစ်ဖက်ဖက်မှာအားသာလာအောင်
ကြိုးစားကြ ။
အထက်ပါစကားသည်
ဆရာကြီးဦးအောင်သင်း၏သြဝါဒဖြစ်သည်။..................&...........................
အားနည်းချက်တွေရှိပေမယ့်
လောကကြီးရဲ့ ဘုရင်တစ်ဆူဖြစ်ခဲ့သူတွေအများကြီးပါ
အနည်းငယ် ထုတ်ပြချင်ပါတယ်...
မီးသီးကိုစတင်တီထွင်ခဲ့တဲ့
သောမတ်အက်ဒီဆင်ဟာ
ကျောင်းစာအရမ်းညံ့တယ်
ဆရာတွေကတောင် ညဏ်တုံးတဲ့သူလို့သတ်မှတ်ခံခဲ့ရတယ်။
နောက်ဆုံးမှာ......
စာလည်းမလိုက်နိုင်တာကတစ်ကြောင်း၊
ကျောင်းကဆရာတွေရဲ့ဖိအားတွေကတစ်ကြောင်းနဲ့
သူကျောင်းမလိုက်ချင်တာနဲ့ထွက်လိုက်တယ်...။
အသက်ဆယ်နှစ်ကျော်မှာ နားပါထိုင်းသွားတယ်။
ဒါပေမယ့်......
သူဝါသနာထုံတဲ့ တီထွင်မှုကို
တစ်စိုက်မတ်မတ်ကြိုးစားအားထုတ်ရင်း
သိပ္ပံလောကရဲ့ဆရာတစ်ဆူဖြစ်ခဲ့တယ်..။
အမေရိကန်နိုင်ငံသူ ဂျက်ဆီကာလော့ပ်ဟာ
လက်နှစ်ဖက်မပါဘူး
သူရဲ့အားထုတ်မှုကြောင့်
ခြေထောက်နှစ်ဖက်ကလက်နှစ်ဖက်လိုပဲ
အသုံးပြုလို့ရခဲ့တယ်...။
သိပ္ပံဘွဲ့ရတယ်။
အံ့အားသင့်စရာအကောင်းဆုံးက
လေယာဉ်မှုးဖြစ်သွားတာပဲ။
လက်မပါတဲ့လေယာဉ်မှူးတဲ့ဗျာ
သူဘယ်လောက်တောင် အားထုတ်ခဲ့သလဲ
ပြောချင်တာက
အားနည်းချက်ကိုယ်စီရှိပေမယ့်
ပြည့်စုံတဲ့ဘဝကိုတည်ဆောက်ခဲ့သူတွေ
လောကကြီးမှအများကြီးပါပဲ...။
လွယ်လွယ်နဲ့မရပါဘူး
သူများခြေတစ်လှမ်း လှမ်းရင်
သူတို့နှစ်လှမ်းလှမ်းရတယ်။
အားနည်းချက်၊ ချိူ့ယွင်းချက်ကြောင့်
စိတ်ပျက်အားငယ်နေမယ်ဆိုရင်
အင်အားချိနဲ့နေယုံပဲရှိမှာပါ။
အစွယ်မပါနဲ့ဟိုင်းဆင်ဟာ
အားကိုးစရာအစွယ်မရှိပေမယ့်
နှာမောင်းကိုသန်အောင်လုပ်ရသလို
သင့်ရဲ့ အားနည်းချက်ဆိုတာ
မေ့ထားပြီးကြိုးစားကြည့်ပါ။
သင့်အတွက် နေရာကောင်းတစ်ခုရှိပါတယ်...
အားနည်းချက်က အင်အားကိုမချိနဲ့စေဘူး
အားငယ်စိတ်ကသာ အားနည်းစေတာပါ။
ခင်ဗျားရဲ့ဘဝကို
ဘယ်သူကမှ အဆုံးအဖြတ်မပေးနိုင်ဘူး။
ပွဲတစ်ပွဲရဲ့အဖြေဟာ.....
ခင်ဗျားလက်ထဲမှာပဲရှိတယ်ဆိုတာယုံပါ..။
စကားတစ်ခွန်းလက်ဆောင်ပေးခဲ့ချင်တယ်
ဓားတိုနေလျှင် ဓားရှည်မတောင့်တနဲ့
ရှေ့တစ်လှမ်းတိုးခုတ်ပါ
#လေးစားစွာဖြင် .....
ေးပါတယ်
#ပြန်လည်မျှဝေပါတယ်
#ဘဝစာပေနှင့်ဗဟုသုတများ
ကိုယ့်အဖေလည်းပြောဖူးတယ်..
ထုံးတို့မီးသွေးတို့မျှစ်တို့များ
ဘယ်တော့မှစျေးမဆစ်ပါနဲ့သမီးရယ်.တဲ့.
မဝယ်နိုင်ရင်မဝယ်ပဲနေလိုက်ပါတဲ့..
ထုံးဖုတ်မီးသွေးဖုတ်အလုပ်ဆိုတာ
ပူပူလောင်လောင်နဲ့ လုပ်ကိုင်ရလို့..
သိပ်ပင်ပန်းဆင်းရြဲကတာ..
ကိုယ်ချင်းစာပါသမီးရယ်တဲ့..🙏
"မဆစ်နဲ့"
မောင်စိန်ဝင်း(ပုတီးကုန်း) နဲ့ပက်သက်လို့
ဖေဖေ့စိတ်ထဲမှာစွဲသွားတာလေးတခုက
"မဆစ်နဲ့" ဆိုတဲ့ စကားလေး သမီးရဲ့။
ဟုတ်တယ် သူပြောဖူးတယ်......
" မဆစ်နဲ့"လို့။
ခရီးတစ်ခုတော့ ခရီးတစ်ခုပဲ သမီးရဲ့။
မကွေးဘက်လား၊ မုံရွာဘက်လား၊
ဒါမှမဟုတ် မတ္တရာဘက်လား၊
ဖေဖေကောင်းကောင်း မမှတ်မိတော့ဘူး။
အဝေးပြေးကားကြီးနဲ့သွားကြရာက
တစ်နေရာ ကားခဏထိုးရပ်လိုက်တဲ့အခါ
ရေသန့်ဘူးရောင်းတဲ့ ကလေးမကလေးတစ်ယောက်
ကားအနားကို ကပ်လာပါလေရောလို့ ဆိုပါတော့။
ရေခဲစိမ်ထားလို့ထင်ပါရဲ့၊
သူ့လက်ထဲက ရေသန့်ဘူး သုံးလေးဘူးဟာ
ရေတွေသီးလို့။ ခြစ်ခြစ်တောက်အောင်ပူတဲ့
အညာနေရဲ့ အောက်မှာ "ရေသန့်ဘူး၊
ရေသန့်ဘူး"ဆိုတဲ့ အသံလေးဟာ
စာနေတာပဲ။
နဂိုမူလ ညိုတဲ့အသားကလေးဟာ
နေအရှိန်မှာ ခြောက်နွမ်းလို့ပေါ့။
ထုံးစံအတိုင်း ဆရာချစ်ဦးညိုက
ရေသန့်ဘူးဝယ်ဖို့ ပြင်ဆင်ပါတယ်။
ဟဲ့ သမီးလေး ရေသန့်ဘူး
ဘယ်လောက်လဲ ဘာညာပေါ့။
ကလေးမကလေးက သုံးရာ တဲ့။
သည်တုန်းက ရေသန့်ဘူးစျေးက
နှစ်ရာလောက်ပဲ ရှိတဲ့အချိန်၊
သုံးရာဆိုတော့ နည်းနည်းလေး
များသလိုလိုတော့ ရှိတာပေါ့။
အဲသည်မှာ ဆရာချစ်ဦးညိုက
ဆစ်တော့တာပါ။ သမီးလေး များတယ်ဟဲ့တဲ့ ၊ နှစ်ရာ့ငါးဆယ်ထားတဲ့။
သူကလည်း ဘာရယ်လို့မဟုတ်ပါဘူး၊
ဆစ်နေက္မို့လို့ပဲလား ကလေးမလေးကို ကျီစားချင်လို့ပဲလား၊ တစ်ခုခုကြောင့် ဆစ်လိုက်ပုံ ရပါတယ်။
အဲသည့်အချိန်မှာ မောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ အသံထွက်လာတာပါ။
" ငချစ် ... မဆစ်နဲ့ကွ" တဲ့။
သူတို့အချင်းချင်း
ချစ်စနိုးစကားဆိုတဲ့အခါ
မောင်စိန်ဝင်း(ပုတီးကုန်း)ကို ဂွစာတဲ့၊
ဆရာချစ်ဦးညိုကို ငချစ်တဲ့
အပြန်အလှန်ခေါ်နေကြမို့
ဖေဖေတို့ကတော့ နားယဉ်ပြီးသားပါ။
ထား...
အဲတာက အရေးမကြီးလှပါဘူး။
မဆစ်နဲ့ဆိုတာက အရေးကြီးတာပါ။
နင်လား ငါလားအနေအထားနဲ့
ဘဝကို ကျားကုတ်ကျားခဲ ရုန်းကန်နေတဲ့
ကလေးတွေကို ပိုက်ဆံကလေး
ငါးဆယ်တစ်ရာ များသွားရုံနဲ့
မဆစ်နဲ့လို့ လှမ်းတားလိုက်တာက
အရေးကြီးတာပါ။
သည်လို သဘောထားမျိုးကို
ဖေဖေ သိပ်ကြိုက်သွားတယ်။
ဆရာချစ်ဦးညိုကလည်း
သိပ်ကြိုက်သွားပုံ ရပါတယ်။
အေးပါကွာ အေးပါကွာလို့ ဆိုပြီး
ကလေးမလေးပြောတဲ့အတိုင်း
ရေသုံးလေးဘူး ပေးဝယ်လိုက်တော့တာပါ။
အရပ်ထဲမှာ
တစ်ပုလင်း၁၅၀၀ထက်မပိုတဲ့
ဘီယာပုလင်းကို လေဆိပ်ထဲက
ပြည်ပထွက်ခွာ အခန်းထဲမှာ
၅၀၀၀ပေးပြီး သောက်ခဲ့ရဖူးပါတယ်။
အရပ်ထဲမှာ ၆၀၀လောက်ပဲတန်တဲ့
ဘီယာဘူးကို လေယာဉ်ပေါ်မှာ
၁၅၀၀ပေးပြီး သောက်ခဲ့ရဖူးပါတယ်။
ရေနွေးကြမ်းတစ်ခွက် ၅၀၀လည်း
ဖေဖေတို့ သောက်ခဲ့ကြရတာပဲ
မဟုတ်လား။
သူ့နေရာ သူ့ဒေသအလိုက် အဟန့်နဲ့
အခန့်နဲ့ တောင်းဆိုတဲ့ နှုန်းတွေကိုတောင်
ဖေဖေတို့ ဆစ်ခွင့်မရဘဲ စားသုံးခဲ့ကြတာပဲ ဥစ္စာ။
ဘာဖြစ်လို့ မိုးထဲလေထဲက
ရုန်းရုန်းကန်ကန်ဘဝတွေကို
ဘာကြောင့်များ တိတိကျကျကြီး
ဆစ်နေတော့မှာလည်း။
ဖေဖေ့အသိတစ်ယောက်
ဂျာနယ်ဝယ်ပုံကလေးကလည်း
စိတ်ဝင်စားစရာကောင်းတယ်။
မီးပွိုင့်မိလို့ ဂျာနယ်သမားလေးတွေ
ရောက်လာတဲ့အခါ ဝယ်တော့တာပဲ။
၇၀၀တဲ့။ ရပ်ကွက်ထဲမှာ ၆၀၀ သမီးရဲ့။
သူက ကိုယ်လည်းဆင်းရဲနေတာမှ
မဟုတ်တာဗျာ တဲ့။ ကားလမ်းပေါ်မှာ ရပ်နေရရှာတာက ၁၀၀မက တန်ပါတယ်တဲ့။ ။ တမင်တကာ အားပေးတာပါတဲ့။
ရပ်တည်မှုလေးနည်းနည်း
အသက်ရှူချောင်ပါစေပေါ့။
တစ်ခါက ပြောင်းဖူးပြုတ်ရောင်းတဲ့
မိန်းမရွယ်ကလေးတစ်ဦး
ဖေဖေတို့အိမ်တံစက်မြိတ်မှာ
ပြောင်းဖူးပြုတ်တောင်းကိုချတော့
တိုတိုကလေးညှပ်ထားတဲ့
သူ့ဆံပင်လေးတွေကို
ကြည့်ပြီးမေးမိတယ်။
ဆံပင်တွေညှပ်ထားတာလားပေါ့။
သူက ပြောင်းဖူးပြုတ်တောင်းက ပူလို့တဲ့ ။
ဆံပင်တွေ ကျွတ်လွန်းလို့ ညှပ်ထားတာတဲ့။
အဝတ်စကို ဖယ်တဲ့အခါ
ပြောင်းဖူးပြုတ်တွေဆီကနေ
အငွေ့လေးတွေထွက်လာတော့
ဖေဖေ့ရင်ထဲမှာ နာလိုက်တာ။
ဘယ်တော့မှ မဆစ်ဘူး။
မဆစ်ချင်ဘူး။ မဆစ်ရက်ဘူး။
ဘဝတစ်ဝမ်းတစ်ခါးကို
ခြေကုန်လက်ပန်းကျမတတ်
ကူးခတ်နေရတဲ့သူတွေ ရှိပါတယ်။
သူတို့ကို ဘယ်တော့မှ
ဖေဖေ မဆစ်ချင်တော့ဘူး။
ပိုသွားပါစေ သမီးရယ်။ သာသွားပါစေ။
ကားအရောင်းအဝယ်ကျတော့ ဆစ်ချင်ဆစ်ပေါ့။
အိမ်အရောင်းအဝယ်ကျတော့ ဆစ်ချင်ဆစ်ပေါ့။
လက်ဝတ်လက်စား အရောင်းအဝယ်ကျတော့
ဆစ်ချင်ဆစ်ပေါ့။
ချွေး ကို ဆစ်ဖို့ရာ ခက်လွန်းပါတယ်။
ဆရာ မောင်သာချို
❤❤
#မေတ္ထာဖြင့်ပြန်လည်မျှဝေသည် #မေတ္တာဖြင့်ပြန်လည်မျှဝေလိုက်ပါသည်
09/10/2024
(RESPECT)
ကျွန်တော်က ကျွန်တော့်အမေကို လတိုင်း အမေ့ဒေါ်လာ ၅ သောင်းထောက်ပံ့ပေးပါတယ်
ကျွန်တော်တို့ငယ်ငယ်တုန်းက အရမ်းဆင်းရဲပါတယ်..ပိုက်ဆံလည်းမရှိပါဘူး
အဲ့တာကြောင့် ကျွန်တော့်အမေက အလုပ်မျိုးစုံ လုပ်ခဲ့ရပါတယ်
ကျွန်တော့အတွက် အဝတ်အစားတွေ ဘောလုံးကန်ဖို့ဖိနပ်တွေ ဝယ်ပေးဖို့လေ
အမေက အဲ့လိုစွန့်လွှတ်အနစ်နာခံလုပ်ပေးခဲ့လို့ ကျွန်တော့်အိပ်မက်တွေ အကောင်ထည်ဖော်နိုင်ခဲ့တာပါ
ဘောလုံးသမားတစ်ယောက် ဖြစ်လာခဲ့တာပါ
အခုအမေက ဒေါ်လာ ၆ သန်းတန်တဲ့အိမ်ကြီးထဲမှာ ကျွန်တော်တို့နဲ့အတူတူနေပါတယ်
တန်ဖိုးကြီးဇိမ်ခံကားတွေကို မောင်းရတယ် ဘဝကို ပျော်ပျော်ရွှင်ရွှင် နေထိုင်ရတယ်
ဘာလို့လဲဆိုတော့ အဲ့အရာတွေအားလုံးနဲ့ ကျွန်တော့်အမေက တကယ်ကိုထိုက်တန်လို့ပါ
အမေက ကျွန်တော်ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ဖြစ်လာရခြင်းရဲ့ တကယ့်အကြောင်းအရင်းပါပဲ
ဘာလို့လဲဆိုတော့ အမေမရှိဘဲဆိုရင် ဒါတွေတစ်ခုမှ မဖြစ်လာနိုင်ဘူးလေ
မိဘရဲ့ကျေးဇူးတရားကို
သိတတ်နားလည် ကျေးဇူးဆပ်နိုင်ကြပါစေ🙏🙏🙏
#မေတ္ထာဖြင့်ပြန်လည်မျှဝေသည် #မိဘကျေးဇူး #မိဘ #စာဖတ်သူတစ်ယောက်
ဘာလုပ်ငန်းဘာစီးပွားရေးလုပ်ရမယ်မပြောပြခင်မှာ လုပ်ငန်းအားလုံးတိုင်းရဲ့ အရေးကြီးဆုံးအချက်တွေထဲမှ အချက်တချက်ကိုပြောပြပါမယ် အဲ့ဒါကတော့
NO.1
Clientsတိုင်း Clients တိုင်းဘာလိုချင်သလဲ
ခင်ဗျားတို့ သိရင် ခင်ဗျားတို့ အဆင့်ကြီး၁ဆင့်အောင်မြင်သွားပါပီဗျာ(အဖြေကိုတော့ နောက်ရက်နောက်ရက်တွေမှာ ပြောပြသွားပါ့မယ်)
OK ကျွန်တော် ဦးဇေပါ ကျွန်တော်ရဲ့ page ကို like & follow လုပ်သွားရင်းနဲ့ ပျော်ရွှင်ကြပါစေ
Click here to claim your Sponsored Listing.
Category
Website
Address
Mandale
16/10/2024