High Tech Computer Center

High Tech Computer Center

Share

to improve the computer knowledge to the people

Photos 27/05/2016

ကွန်ပျူတာ မြန်မာစာ လက်ကွက် မှတ်နည်း !

ဆ တ န မ အ ပ က င သ စ ဟ (အပေါ်တန်း)
ဆေးတံနဲ့မအေပေးကြီး ငါ့သားစံဟိန်း !

ဖ ထ ခ လ ဘ ညာ ယ ၏ (အောက်တန်း)
ဖင်ထိုင်ချော်လဲ ဘယ်ညာယိမ်း၏။

Credit>>>Original Uploader

28/12/2015

ကွန်ပျူတာ နှင့် စာပွဲမှာ အထိုင်များ သူများအတွက် လွယ်ကူသော လေးမိနစ် ကိုယ်လက် လှုပ်ရှားမှု လေကျင့်ခန်း
=======================================

အဆင့် (၁) - မိမိကွန်ပျူတာရှေ့မှာ ထိုင်နေရင်း ခါးကို တည့်တည့်မတ်မတ် ထားကာ လက်နှစ်ဘက်ကို တစ်ချောင်းနှင့် တစ်ချောင်းယှက်ကာ လက်ဖ၀ါးကို ပြောင်းပြန်လုပ်ကာ မျက်နှာမူရာ ရှေ့တည့်တည်ကို တွန်းထုတ်ပါ။ ထိုနည်း အတိုင်း အနည်းဆုံး ၁၀ စက္ကန့်မှ ၂၀ စက္ကန့်အထိ နှစ်ကြိမ် လုပ်ပါ။

အဆင့် (၂) - ကိုယ်ကို မက်တပ်ရပ်အနေအထားဖြင့် အဆင့်တစ်ပါနည်းအတိုင်း လက်ကို ယှက်ကာ အပေါ်အောက် အတင်အချ လုပ်ပါ။ ထိုနည်းအတိုင်း အနည်းဆုံး ၁၀ စက္ကန့်မှ ၁၅ စက္ကန့် ခန့် လုပ်ပေးပါ။

အဆင့် (၃) - ခြေထောက်ကို အဆင်ပြေသော အနေအထားသို့ ခွဲထားပါ။ ထိုနောက် လက်နောက်ပစ်ကာ တစ်ဘက်လက်ဖ၀ါးကို အခြားဘက်လက် တစ်ထောင်ဆစ်အထိ ထိအောင် လုပ်ကာ အဆင့် ( ၃ ) တွင် ပါသည့်နည်း အတိုင်း ဘေးတိုက်တစ်ဘောင်း အနေအထားဖြင့် ဆွဲပါ။ ဘယ် ၊ ညာ နှစ်ဘက် စလုံးကို အနည်းဆုံး ၈ စက္ကန့် မှ ၁၀ စက္ကန့်အထိ လုပ်ပါ။

အဆင့် (၄) - အဆင့် (၂) ပါနည်းအတိုင်း တစ်ကြိမ် ထပ်မံပြုလုပ်ပေးပါ။

အဆင့် (၅) - လက်နှစ်ဘက်ကို သင့်တင့်သော အနေအထားအတိုင်း ဘေးသို့ ချထားကာ မိမိ၏ ဘယ် ၊ ညာ ပခုံးနှစ်ဘက်ကို အပေါ်သို့ အတင်အကျလုပ်ပါ။ အဆိုပါ နည်းအတိုင်း ၃ စက္ကန့် မှ ၃ စက္ကန့် အထိ အရေအတွက် မသတ်မှတ်ပဲ မိမိအဆင်ပြေသည့်ပုံစံဖြင့် လုပ်ပါ။

အဆင့် (၆) - မတ်တပ်ရပ်အနေအထားမှ လက်နှစ်ဘက်ကို နောက်ဘက် တင်ပါးပေါ်သို့ တင်ကာ တစ်ဘက်လက်မှ အခြားတစ်ဘက်ကို ဆွဲထားကာ ဦးခေါင်းကို ပုံပါနည်းအတိုင်း ဆွဲတင်ပါ။ ဇာတ်ကြောများ ပျော့ပြောင်းစေရန် ဖြစ်ပါတယ်။ ယခုနည်းအတိုင်း ၁၀ စက္ကန့် မှ ၁၂ စက္ကန့် အထိ လုပ်ပေးပါ။

အဆင် (၇) - လက်ကို ရင်ညွှန့်ရှေ့သို့ လက်အုပ်ချီလျှက်ပုံစံအတိုင်းထားကာ အဆိုပါပုံစံအတိုင်း အောက်ဘက်သို့ ဖိချပါ။ တစ်နည်း တက်နိုင်သမျှ အောက်သို့ ရောက်အောင် လုပ်ပါ။ အဆိုပါ နည်းအတိုင်း ၁၀ စက္ကန့်လုပ်ပါ။

အဆင့် (၈) - အဆင့် (၇) ပါပုံစံအတိုင်း လက်ကို ထားကာ လက်ချောင်းလေးများကို ၉၀ ဒီဂရီအတိုင်း ရှေ့သို့ လှည့်ပါ။ လက်ဖမိုးအစုံကို နေရာမရွေ့ရပါ။ ထိုနည်းအတိုင်း ၁၀ စက္ကန့် လုပ်ပါ။

အဆင့် (၉) - ကုလားထိုင်ပေါ်မှာ မတ်မတ်ထိုင်ရင်းလက်တစ်ဘက်ကို အောက်သို့ ချလျှက် ၊ အခြားတစ်ဘက်ကို အပေါ်သို့ တင်လျှက် နည်းဖြင့် တစ်ဘက်စီကို အပြန်အလှန် ၈ စက္ကန့်မှ ၁၀ စက္ကန့်အကြာ လုပ်ပါ။

အဆင့် (၁၀) - ထိုင်ခုံပေါ် မတ်မတ်ထိုင်းရင်တစ်ဘက်ပေါင်ပေါ် တစ်ဘက်ခြေကို (တင်ရင်း တစ်ပေါင်ပေါ် တစ်ပေါင်ဆင့်) ဆန့်ကျင်ဘက် လက်တစ်ဘက်က ဆန့်ကျင်ဘက် ပေါင်ပေါ်က ဒူးခေါင်းကို ကိုင်ကာ ခါးအပါအ၀င် လက်တွေကို အနောက်ဘက်သို့ လှည့်ပါ။ ထိုနည်းအတိုင်း ဘယ်ညာသို့ တစ်လှည့်စီလုပ်ပါ။ အချိန် ၈ စက္ကန့် မှ ၁၀ စက္ကန့်အထိ လုပ်ပါ။

အဆင့် (၁၁) - ခါးနောက်ဘက်ကို လက်နှစ်ဘက်ကို ထောက်နှင့် ခါးကို လက်ဖြင့်တွန်းကာ ရှေ့သို့ တွန်းထုတ်ပါ။ (တစ်နည်း ရင်ကောပါ) ၊ ထိုနည်း အတိုင်း ၁၀ စက္ကန့်မှ ၁၅ စက္ကန့် ခန့် လုပ်ပါ။

အဆင့် (၁၂) - မတ်တပ်ရပ် အခြေအထားဖြင့် လက်ချောင်းလေးများ အကြော ပြေ စေရန်အတွက် လက်ဖျားလေးများကို ခက်ဆက်ဆက်လေး ခါပေးပါ။ ထိုနည်းအတိုင်း ၈ စက္ကန့်မှ ၁၀ စက္ကန့် လုပ်ပါ။
Credit --->> Yangon Media Group

Want your business to be the top-listed Computer & Electronics Service in Mandale?
Click here to claim your Sponsored Listing.

Telephone

Website

Address


Phone Taw Village, Taung Zin, Nyaung Oo Township, Mandalay Division
Mandale