Precise Computer Learning Center

Precise Computer Learning Center

Share

Computer applications courses are generally available through certificate in the following topics:
?

Photos from Precise Computer Learning Center's post 04/02/2021

Android ဖုန်းများမှာ VPN Apk အစား
Buildin Setting ထဲမှာပါတဲ့ Private DNS ကိုလည်း VPN ကဲ့သို့အသုံးပြုနိုင်ပါတယ်။
ဖော်ပြထားတဲ့ပုံများမှာကြည့်ရှုနိုင်ပါတယ်။

04/02/2021

Android ဖုန်းများအတွင် 10 BEST Free VPNs
1. NordVPN (https://play.google.com/store/apps/details?id=com.nordvpn.android)
2. Hotspot Shield (https://play.google.com/store/apps/details?id=hssb.android.free.app)
3. Windscribe (https://play.google.com/store/apps/details?id=com.windscribe.vpn)
4. Hide.me (https://play.google.com/store/apps/details?id=com.open.vpn.app)
5. PrivateVPN (https://play.google.com/store/apps/details?id=com.pvpn.privatevpn)
6. TunnelBear (https://play.google.com/store/apps/details?id=barron9.browser)
7. ProtonVPN (https://play.google.com/store/apps/details?id=ch.protonvpn.android)
8. OperaVPN (https://play.google.com/store/apps/details?id=com.opera.browser)
9. SkyVPN (https://play.google.com/store/apps/details?id=me.skyvpn.app)
10. Betternet (https://play.google.com/store/apps/details?id=com.freevpnintouch)

iOS ဖုန်းများအတွက် Best VPNs List
1. ExpressVPN
2. NordVPN
3. Surfshark
4. IPVanish
5. Private Internet Access

VPN အသုံးပြုခြင်း၏ အားနည်းချက်များကတော့ ကြော်ငြာ (Ads) များပါရှိခြင်း၊ Personal Information များအတွက်လုံခြုံစိတ်ချရမှုနည်းပါးခြင်း၊ နှင့် IP များမကြာခဏ ပြောင်းလဲတတ်ခြင်းကြောင့် Facebook Account များ Lock ကျတတ်ခြင်းတို့ကို ဖြစ်ပေါ်စေတတ်ပါတယ်။
Compatibility အနေဖြင့်ကတော့ RAM ကိုများစွာအသုံးပြုခြင်းကြောင့် ဖုန်းများနှေးကွေးခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည့်အပြင်Security အနေဖြင့်ကလည်း အထက်မှာပြောထားသလိုပဲ လုံခြုံစိတ်ချရမှုနည်းပါးပါတယ်။ တချို့သော VPN များသည် malware များပါရှိတတ်သောကြောင့် အထူးသတိထားဖို့လိုပါတယ်။ တခြားနိုင်ငံရဲ့ IP ကိုယူသုံးရတာဖြစ်သလို သူသုံးများတတ်တာကြောင့်လည်း လိုင်းကျခြင်း/လိုင်းမကောင်းခြင်းတွေကိုဖြစ်စေနိုင်ပါတယ်။

27/12/2020

🥳 Speed Up Linux Knowledge Program လေး လုပ်ပါမယ်။ New Year ကို ကြိုတဲ့ အစီအစဉ်အနေနဲ့ပါ။ 28-12-2020 က စပီး လေးရက်၊ ( ၇ ) နာရီစာပါ။ Linux အခြေခံ သိသင့်တာတွေပါမယ်။
🥳 သင်ကြားချင်တဲ့သူက Comment ရေးခဲ့ပါ။
🥳 Free မဟုတ်ပါ။

😱တစ်နာရီ တစ်ထောင်ကျပ်နဲ့ ( ၇ ) ထောင်ကျပ်ပါ။

🥳 Basic တွေကို အတတ်နိုင်ဆုံး စုံအောင် သင်မှာမို့ တကယ်လိုက်လုပ်နိုင်မယ့် သူဆို ပိုကောင်းပါတယ်။ Basic Computer knowledge ရှိရင် အဆင်ပြေပါတယ်။

ကျောင်းသူ၊ ကျောင်းသားတွေ၊ Linux ကို စိတ်ဝင်စားလို့ စချင်သူတွေ၊ hacking/pentest စလုပ်ဖို့ လေ့လာနေကြတဲ့လူတွေ၊ network ပိုင်း စလေ့လာမယ့်လူတွေ၊ Web Developer လုပ်မယ့်လူတွေ သင့်လျော်ပါတယ်။

သင်တန်းချိန်
👉 28-12-2020 => 7pm to 9pm ( 2 hr )
👉 29-12-2020 => 7pm to 9pm ( 2 hr )
👉 30-12-2020 => 7pm to 9pm ( 2 hr )
👉 31-12-2020 => 7pm to 8pm ( 1 hr )
👉👉👉 Happy New Year Gift - Server Course for Random 3 students 👈👈👈


Zoom meeting နဲ့ Live သင်မှာဖြစ်ပါတယ်။ တခါထဲ လိုက်လေ့ကျင့်ဖို့က computer ရှိသင့်ပါတယ်။ ဖုန်းနဲ့ပဲ လိုက်ကြည့်ချင်တယ်ဆိုရင်လည်း သဘောပါ။

ကျွန်တော်တို့ဆီက Linux Course ဝယ်ထားပြီးသားလူတွေ Free Join ပါ။

🤩 သင်တန်းသားတွေထဲက သုံးယောက်ကို Server Course ကို ဖရီး မဲဖောက်ပေးပါမယ်🤩

=> ငွေပေးချေရန်
kpay – 09797794350
wavepay – 09266182585
Cb – 0121 6001 0001 2343
AYA mobile banking – 0033201010109905

20/12/2020

Cutting Edge နဲ့ Bleeding Edge

အဲ့စကားလုံးလေးကို အတော်များများမှာ တွေ့ဖူးကြလိမ့်မယ်ထင်ပါတယ်။ နှစ်ခုဘာကွာလဲ။

cutting edge ကို leading edge လို့လည်း ခေါ်တယ် ပညာရပ်တစ်ခုဟာ အရမ်းမြင့်ပီး ရှေ့တန်းရောက်နေတဲ့ဟာမျိုးကို cutting edge ( leading edge ) technology လို့ သုံးကြတယ်။

Bleeding Edge ကျတော့ cutting edge လို ရှေ့တန်းရောက်တာကို ညွှန်းဆိုလိုတာပါပဲ။ ဒါပေမယ့် ဘာကွာလဲဆို testing လုပ်တုန်း အဆင့်မှာ ရှိသေးတဲ့ဟာမျိုးကို ဆိုလိုတာ။ bleeding edge အဖြစ်ရှိနေသေးတဲ့ ကောင်ကို သုံးမယ်ဆို သူ့ အဓိပ္ပာယ်လိုပဲ သွေးထွက်သံယို ( လုပ်ရင် ပြဿနာ၊ အခက်အခဲ ) တွေ ရှိနိုင်သေးတယ်လို့ ဆိုလိုတယ်ပေါ့။

ဆိုတော့ အကြမ်းဖျင်းမှတ်ရင် cutting edge က stable ကျပီးသား ရှေ့တန်းရောက် နည်းပညာ၊ bleeding edge က testing လုပ်ဆဲ ရှေ့တန်းရောက် နည်းပညာလို့ ယူဆလို့ရနိုင်တယ်။

Linux နဲ့ ပတ်သက်ပီး တွေ့မိတာလေးရှိတယ်။ openSUSE Linux မှာဆို version နှစ်မျိုးရှိတတ်တယ်၊ openSUSE Tumbleweed နဲ့ openSUSE Leap၊ သူတို့ နှစ်ခုမှာ Tumbleweed ကို rolling release လို့ သုံးတယ်၊ Bleeding Edge နဲ့ ဆင်တယ်လို့ ထင်တာပဲ။ အသစ်တွေများကြီးသုံးရမယ် နောက်ဆုံး update တွေကြည့်ရမယ်၊ အဲ့ထဲက တချို့ဟာတွေက သုံးတဲ့သူတိုင်း၊ device တိုင်းအတွက် အဆင်ပြေချင်မှတော့ ပြေမယ်၊ stable ြဖစ်တာကို သုံးတာမဟုတ်ဘူး အသစ်မှန်သမျှကို သုံးတာ။ openSUSE Leap ကတော့ stable version ပေါ့။ cutting edge နဲ့ နည်းနည်းဆင်တယ်။ တိုက်ရိုက်တော့ ဟုတ်ချင်မှ ဟုတ်မယ်ပေါ့။

Want your business to be the top-listed Computer & Electronics Service in Mandale?
Click here to claim your Sponsored Listing.

Telephone

Address


Mandale