Great Future

Great Future

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Great Future, Nursing home, No. (71) Tha-16 Block-D, Bet: ThayarWadi MinGyi Street & PyuuSawHtee Street, 59th Street, Mandale.

06/02/2025

⚠⛔အားလုံးသတိပြုရန်။❗🚐🚨🚨

🚨အခုရက်ပိုင်း ကပ်ရောဂါအသွင် အဖြစ်များနေတဲ့ ဝမ်းပျက်ဝမ်းလျှော နှင့် ကာလဝမ်းရောဂါ🚨

ယနေ့ဆွေးနွေးမယ့် အကြောင်းအရာကတော့ ခုတလော အဖြစ်များသည့် ဝမ်းပျက်ဝမ်းလျှော၊ကာလဝမ်းရောဂါကို သာမာန်ဖြစ်စဥ်အဖြစ် သဘောထားရင်း ပေါ့ဆမိရာမှ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ပြီး ဖြစ်ပါတယ်။

🚨ဒီလိုကြောက်စရာကောင်းတဲ့ ဝမ်းပျက်ဝမ်းလျှော‌ရောဂါကို ကာကွယ်ဖို့ဆိုရင် ဒီရောဂါဟာ
(၁) ဘာကြောင့်ဖြစ်သလဲ
(၂) ဘယ်လိုကူးစက်တတ်သလဲ ဆိုတာ အရင်သိဖို့လိုအပ်ပါတယ်။

(၁)ဘာ‌ကြောင့်ဖြစ်ရတာလဲဆိုရင် မသန့်ရှင်းတဲ့ ဘက်တီးရီးယားပိုးမွှားတွေဟာ လူ့ခန္ဓာကိုယ်ရဲ့ အစာလမ်းကြောင်းထဲ ဝင်ရောက်လာလို့ ဖြစ်ပါတယ်။

(၂)ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့ ရောဂါပိုးတွေဟာ လူ့ခန္ဓာကိုယ်ထဲကို ဘယ်လိုကူးစက် ဝင်ရောက်လာသလဲဆိုရင်
(က) မသန့်ရှင်းတဲ့အစာ (သို့မဟုတ်) ရေကို စားသောက်မိရာမှလည်းကောင်း၊
(ခ) အစားအသောက်က သန့်ရှင်းနေသော်လည်း ရောဂါပိုးရှိသော (သို့မဟုတ်) မသန့်ရှင်းသောလက်ဖြင့် စားသောက်မိရာမှလည်းကောင်း၊
(ဂ) ရောဂါပိုးရှိသူ လူနာ၏ အသုံးအဆောင်များကို ထိတွေ့ရာမှလည်းကောင်း အများ‌ဆုံး ကူးစက်ခြင်း ဖြစ်ပါသည်။

✅ကာကွယ်ခြင်းသည် ကုသခြင်းထက်များစွာ အကျိုးရှိပါသည်။

♻️ထို့ကြောင့် အောက်ပါနည်းလမ်းများဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါကို ကြိုတင်ကာကွယ်နိုင်ပါသည်။
(၁) ယင်လုံအိမ်သာ အသုံးပြုခြင်း

(၂) အစာမစားမီနှင့် စားပြီးချိန်သော်လည်းကောင်း၊ အိမ်သာတက်ပြီးချိန်နှင့် အစားအသောက်များ မပြင်ဆင် မချက်ပြုတ်မီတွင်သော်လည်းကောင်း လက်ကို ဆပ်ပြာဖြင့် စင်ကြယ်အောင်ဆေးကြောခြင်း

(၃) သန့်ရှင်းလတ်ဆတ်သော ပူနွေးသော အစားအစာများကို ပြင်ဆင်စားသောက်ခြင်း

(၄) ရေကို စနစ်တကျ ကျိုချက်၍ (သို့မဟုတ်) ရေသန့်ဆေးပြား(ကလိုရင်း) ခတ်၍ သောက်သုံးခြင်း။ သန့်ရှင်းသော သောက်သုံးရေရရှိရန် ကလိုရင်းဆေးခတ်နည်းကို ဒီ Link မှာဝင်ပြီး ကြည့်လို့ရပါသည်။
https://www.facebook.com/share/p/1FEyWmz3G7/

(၅) ဝမ်းပျက်ဝမ်းလျှော‌ရောဂါ ခံစားနေရသူ၏ ပန်းကန်၊ ခွက်၊ ဇွန်းစသော အသုံးအဆောင်များအား ဆပ်ပြာဖြင့် စင်ကြယ်အောင်ဆေးကြောခြင်းနှင့် လူနာအားထိတွေ့ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စင်ကြယ်အောင်ဆေးကြောခြင်းတို့ ဖြစ်ပါသည်။

⛔️ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာများ စတင်ခံစားနေရပါက အောက်ပါအချက်များကို လိုက်နာရပါမည်။
(၁) မပေါ့ဆပါနှင့်။
(၂) နီးစပ်ရာ ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်းထံ အမြန်ဆုံး သွားရောက်ပြသ ကုသစောင့်‌ရှောက်မှုခံယူခြင်းနှင့် ညွှန်ကြားချက်များကို အလေးထား လိုက်နာဆောင်ရွက်ရပါမည်။
(၃) အရည်ဓာတ်(ဓာတ်ဆား၊ စွပ်ပြုတ်၊ ဆန်ပြုတ်) ကို များများ သောက်သုံးပေးရပါမည်။
(၄) အခြားသူထံသို့ ထပ်မံ မကူးစက်စေရန် အလေးစွန့်ရာတွင် ယင်လုံအိမ်သာကို စနစ်တကျအသုံးပြုခြင်းနှင့် အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စင်ကြယ်အောင်ဆေးကြောခြင်းတို့ဖြစ်ပါသည်။



ချင်းတယ်လီကျန်းမာဆေးခန်းကို အပတ်စဉ် တနင်္လာမှ သောကြာအတွင်း (အိန္ဒိယနိုင်ငံ စံတော်ချိန်) နံနက် (၁၀) နာရီမှ ညနေ (၄) နာရီအတွင်း လက်ခံဖြေကြား ဆွေးနွေးကုသပေးသွားမှာ ဖြစ်ပါတယ်။
ဆေးခန်းပြနည်း အသေးစိတ် - https://www.facebook.com/chintelehealth/posts/115047604960215

Want your practice to be the top-listed Clinic in Mandale?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. (71) Tha-16 Block-D, Bet: ThayarWadi MinGyi Street & PyuuSawHtee Street, 59th Street
Mandale
05051