Aromatherapy Myanmar

Aromatherapy Myanmar

Share

နံမယ်ကျော် branded ရေမွှေးများ လက်လီလက်ကာ

Photos 25/06/2015

မင်္ဂလာပါ..
Aromatherapy မှ အသုံးပြုသူမမများသာမက အနီးပတ်ဝန်းကျင်မှလူများအား ခေတ်မီပြီး နွေးထွေးဖော်ရွေစွာ စွဲမက်ဖွယ် ရနံတစ်ခုပေးစွမ်းနိုင်သော ပြင်သစ်နိုင်ငံ၏ နံမည်ကျော် မိချောင်းတံဆိပ် Lacoste (လာကိုစ့်) Fashion house မှ Eau De Lacoste Sensuelle နှင့် မိတ်ဆက်ပေးပါရစေ။ Base notes များအဖြစ် Amber (ခေတ်မီပြီး နွေးထွေးစေသောရနံ) + Nougat (ချိုမြသောရနံ) ၊ middle notes များအဖြစ် Turkish Rose , sweet pear ,Gladiolus (နှင်းဆီ၊ ပဲပန်း၊ သစ္စာပန်း) များကိုအသုံးပြုထားပြီး pink pepper နှင့် black current ကို top notes များအဖြစ် အသုံးပြုထားပါသည်။ နွေးထွေးပြီး စွဲဆောင်မှုရှိသော စိတ်ခံစားချက်ဖြင့် မိမိတို့နေ့ရက်များကို ဖြတ်သန်းချင်သော မမများအတွက် အိပ်ဆောင်ထားသင့်သော ပြင်သစ်နိုင်ငံထုတ်ရေမွှေး တစ်ခုဖြစ်ပါသည်။ ဈေးနှုန်းမှာ ၉၀ မီလီအတွက် တစ်သိန်း တိတိဖြစိပြီး နေပြည်တော် ရန်ကုန် မန္တလေး မြို့များမှ မှာယူပါက အိမ်အရောက်ပို့ဆောင်ပေး သွားမည် ဖြစ်ပါသည်။

BVLGARI (ဘူဂါရီ) 11/06/2015

ဒီတစ်ပတ်အတွက်တော့ Aromatherapy မှ ကျမတို့၏ ထူးထူးခြားခြား နေ့ ရက်များကို ရင်ခုန်စိတ်ကြည်နူးဖွယ်စတင်နိုင်ဖို့ Elegant & Classic ဆန်ဆန် ရနံများပေးစွမ်းနိုင်သော အီတလီနိုင်ငံထုတ် Bvlgari မှ Omnia စီးရီးထဲမှ အကောင်းဆုံးရနံ့ တစ်ခုဖြစ်သော Amethyste ဖြင့် မိတ်ဆက်ပေးပါရစေ။ တောင်ပိုင်းဥရောပတွင် ပေါက်ရောက်လေ့ရှိသည့် ခရမ်းရောင် Heliotrope ပန်းကိုအခြေခံပြီး Bulgarian Rose နှင့် Iris ပန်းများပေါင်းစပ်ပါဝင်သဖြင့် ထူးခြားစွဲမက်ဖွယ်ရနံ့ တခုဖြစ်သည်။ အမျိုးသမီးများ၏ လုပ်ငန်းခွင် ကျောင်းတက် အစည်းအဝေးများအတွက် သာမက ပွဲထိုင်အနေဖြင့်လည်း အသုံးပြုရန် သင့်လျော်ပြီး မိမိကိုယ်ကို ယုံကြည့်အပြည့်ပေးနိုင်သော ရနံ့ လည်းဖြစ်ပါသည်။

Want your business to be the top-listed Shop in Mandale?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mandale