Fimage Baby Diaper
We are selling high quality baby diapers with fair price.
14/05/2020
ဒါလေးတွေ ရောက်ထားတာ ရှိတယ်နော်
Multifunction Sterilizer ပါ
အခုလို covid ကာလမှာ
လုပ်ငန်းတွေပြန်စတော့မယ်ဆိုတော့
ကိုယ်နေ့စဥ်အသုံးပြုနေတဲ့ small stuffs လေးတွေဖြစ်တဲ့
Mask , ကားသော့, ဆိုင်ကယ်သော့,အိမ်သော့,နာရီ ,ဖုန်းနဲ့ တခြား ကိုယ်နဲ့မကွာအမြဲအသုံးပြုနေရတဲ့ ပစ္စည်းသေးသေးလေးတွေကို အရက်ပြန်ပါတဲ့ ဖျန်းဆေးတွေနဲ့ ဖျန်းနေရတာ ဘယ်လောက်ထိ စိတ်ချရမလဲပေါ့
အဲ့တော့ ဒီစက်လေးက
UV wavelength - 253.07nm လှိုင်းထိထုတ်ပေးနိုင်တဲ့အတွက် ကိုယ်နေ့စဥ်အသုံးပြုနေတဲ့ပစ္စည်းတွေကို
၁၀ မိနစ်အတွင်း 99.99% ပိုးသတ်ပေးမှာပါ
လက်ရှိ ဘန်ကောက်က Bumrungrad ဆေးရုံမှာလည်း အခန်းတွေကို အလားတူ UltraViolet(UV)wave
နဲ့ပဲ ပိုးသတ်နေပါတယ်
🟢 UV light (200nm-300nm) နဲ့ Corona Virus ကို
တွန်းလှန်ဖို့ စိတ်အချရဆုံးနည်းတခုဆိုတာ Scientist တော်တော်များများ အသိအမှတ်ပြုထားပြီးသားပါ
ကိုယ့်ပစ္စည်းတွေကနေ ရောဂါပါလာရင်တောင် ဒီစက်လေးနဲ့ ပိုးသတ်လိုက်ရင် တော်တော်လေး
ကာကွယ်ပြီးသားဖြစ်သွားမှာပါ
ကြာချိန် - ၁၀ မိနစ်သာ ဖြစ်လို့ မြန်ဆန်မယ်
🟢Wireless Charger ပါတဲ့အတွက်ကြိုးမဲ့ဖုန်းအားသွင်း လို့ရမယ် (wireless charging ဖုန်းများအတွက်သာ)
အားသွင်းနေရင်မီးနီလင်းမယ်
အားပြည့်ရင် မီးစိမ်းလင်းမယ်
အားသွင်းတဲ့အပိုင်းကတော့ အရမ်းတော့
အသုံးမဝင်နိုင်လောက်ဘူး ဖုန်းရွေးတယ်
အားဝင်တာတော့ နှေးတယ်
ကြိုးနဲ့က ပိုမြန်တယ်
🟢Aromatherapy - ကိုယ်ကြိုက်တဲ့အနံ့ပါတဲ့အမွှေးဆိီထည့်ပြီး အခန်းထဲမှာ မွှေးရနံ့ထုတ်ပေးလို့ရမယ်
Lavender , Jasmine ဘာညာထည့်သုံးလို့ရမယ်
အဲ့ဒီ Aroma oil တော့ ကွကိုယ်သပ်သပ်ဝယ်ရမှာပါ
သုံးချင်ရင်
ဒီစက်လေးကအရောင်သုံးရောင်လာပါတယ်
အများအကြိုက်ဖြစ်မယ့် Pink နဲ့ Green ရှိပါမယ်
C type USB ကြိုးပါပါမယ်
သုံးရတာလည်းရိုးရှင်းတယ် ပိုးသတ်ချင်ရင် ပလပ်ကြိုးတပ်ပြီး အဖုံးဖွင့် , ကိုယ်ထည့်ချင်တဲ့ဖုန်း(သို့)တခြားပစ္စည်းလေးထည့်ပြီး အဖုံးပိတ်တာနဲ့
LED မီးလေးလင်းမယ်
Alarm မြည်ပြီး အပေါ်က မီးကလည်း အနီရောင်လင်းနေမယ် စလုပ်နေပြီပေါ့
၁၀ မိနစ်ကြာရင် မီးစိမ်းလင်းမယ် Alarm မြည်ပေးမယ်
အဖုံးဖွင့်ပြီး ထုတ်ယုံပဲ
ပေါင်မုန့်ကင်တာထက်လွယ်မနေဘူးလား 😃😃
ဆိုင်သုံး၊အိမ်သုံး ဘယ်နေရာပဲသုံးသုံးအဆင်ပြေတယ်
အသုံးမတွင်ကျယ်သေးပေးမယ့် နောက်ပိုင်းတော့
ရောဂါကာကွယ်ဖို့ အစိတ်အပိုင်းတခုအနေနဲ့
အသုံးတည့်လာမှာသေချာပါတယ်
Short Video file လေးပါတင်ထားပေးပါတယ်နော်
လိုချင်ရင် ပစ္စည်းရှိပါတယ်
ပန်းရောင်နဲ့အစိမ်းရောင်နှစ်ရောင်ရှိမယ်နော်
❤️ စျေးနှုန်း - ၄၆၀၀၀ ကျပ်ပါ ❤️
Location - Mandalay
တခြားနယ်တွေကမှာရင်လည်းပို့ပါတယ်
📱 092017910
📱 09975311940
09/06/2019
သင်သိပါသလား ဒီအစားအစာတွေက ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေတယ်ဆိုတာ
ကျန်းမာရေး, စားသောက်ဖွယ်, ဗဟုသုတ
ကလေးကို အိုင်းစတိုင်းလောက် ဥာဏ်ရည်မြင့်အောင် မမွေးမြူနိုင်တာ သင့်အပြစ်မဟုတ်ဘူး၊ ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေတဲ့အရာတွေ ကျွေးမိနေတာမသိရင်တော့ သင့်အပြစ်ပဲ။ ဘာလို့ဆို ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုအပေါ် သက်ရောက်နိုင်တဲ့အချက်တွေထဲမှာ အစာအာဟာရက ထိပ်ဆုံးကပါဝင်လို့ပါပဲ။
ဘာတွေက ထိခိုက်စေတာလဲ?
အချိုများတဲ့သောက်စရာတွေ – အချိုများတဲ့သောက်စရာတွေက အဝလွန်ုခြင်းကိုဖြစ်စေတဲ့အပြင် အမျိုးအစား ၂ဆီးချိုရောဂါနဲ့နှလုံးရောဂါဖြစ်နိုင်ခြေပိုများစေနိုင်ပါတယ်။ ဒီထက်ပိုဆိုးတာက ဦးနှောက်ကိုလည်းဆိုးကျိုးသက်ရောက်နိုင်တယ်တဲ့။ အချိုများများစားရင် ဦးနှောက်ရောင်ခြင်း၊ မှတ်ဥာဏ်ချို့ယွင်းခြင်းနဲ့ သင်ယူလေ့လာနိုင်စွမ်းကျဆင်းခြင်းတွေဖြစ်စေနိုင်တယ်လို့ သုတေသနလေ့လာမှုတွေက တွေ့ရှိထားပါတယ်။
ရေခဲမုန့် – ကလေးတွေအတွက် အကြိုက်ဆုံးစားစရာထဲမှာ ရေခဲမုန့်လည်းပါဝင်ပါတယ်။ ဒါပေမယ့် ရေခဲမုန့်က ဝိတ်တက်တာနဲ့ချောင်းဆိုးတာလောက်ပဲ ဖြစ်စေမယ်လို့ မထင်လိုက်ပါနဲ့။ တစ်ခါတလေကဘာမှမဖြစ်ပေမယ့် အမြဲစားနေရင် စိတ်ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ ရေခဲမုန့်တစ်ခွက်မှာပါဝင်တဲ့ ပြည့်ဝဆီ ၁၀ ဂရမ်က သွေးကြောတွေကိုပိတ်ဆို့စေနိုင်ပြီး သကြား ၂၈ ဂရမ်က ဦးနှောက်လုပ်ဆောင်ချက်တွေကို ဟန်ချက်မညီဖြစ်စေနိုင်ပါတယ်။
ကြက်အူချောင်း၊ ဟော့ဒေါ့ – ပြုပြင်စီမံထားတဲ့အစားအစာတွေမှာ အငန်ဓာတ်၊အဆီတွေနဲ့ သကြားပါဝင်မှုများပါတယ်။ အသင့်စားလို့ရအောင်၊ တာရှည်ခံအောင်၊ အရသာပိုကောင်းအောင် စီမံထုတ်လုပ်ထားတာတွေမှန်သမျှ ဆိုးကျိုးသက်ရောက်မှုအတူတူပါပဲ။ သူတို့မှာ ကယ်လိုရီမြင့်ပေမယ့် အာဟာရဓာတ်ကျတော့ နည်းလွန်းပါတယ်။ ကိုယ်အလေးချိန်ကိုတက်စေပြီး ဦးနှော်က်ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။
ပီဇာ – ပီဇာ၊ ဟမ်ဘာဂါ တို့လို အမြန်စား အစားအစာတွေက ဦးနှောက်အတွက် ဆိုးကျိုးပေးတဲ့အဆီအမျိုးအစားပေါင်းစုံ စုပြီးပါဝင်နေတဲ့အရာတွေပါ။ အသင့်အမြန်စား စားစရာတွေစားတာများရင် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတြွေုဖစ်လာနိုင်ပြီး စိတ်ကိုထိန်းချုပ်ရခက်ခဲစေနိုင်ပါတယ်လို့ လေ့လာတွေ့ရှိချက်တွေကဆိုပါတယ်။
ခေါက်ဆွဲထုပ် – အသွင်ပြောင်းဆီတွေဟာ ဦးနှောက်ကျန်းမာရေးအတွက် ဘေးအန္တရာယ်များစေနိုင်တဲ့ မပြည့်ဝဆီအမျိုးအစားထဲ ပါဝင်ပါတယ်။ ခေါက်ဆွဲခြောက်ထုပ်တွေမှာ တွေ့ရတတ်တဲ့ အသွင်ပြောင်းဆီအတုတွေက ပိုဆိုးပါတယ်။ ဒါတင်မကသေးဘဲ နှလုံးကျန်းမာရေးကိုပါ ထိခိုက်စေနိုင်လို့ တတ်နိုင်သလောက် မကျွေးတာကောင်းပါတယ်။
အာလူးကြော် – ဆီကြော်အစားအစာတွေက အဝလွန်ခြင်း၊ နှလုံးရောဂါတို့အတွက် အန္တရာယ်ဖြစ်စေရုံမက အယ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေပိုများစေနိုင်ပါတယ်တဲ့။ ပြည့်ဝဆီတွေ၊ ကိုလက်စထရောတွေပါတဲ့ ဆီကြော်အစားအစာတွေက ဦးနှောက်သွေးကြောတွေကို ထိခိုက်စေနိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
လေးစားစွာဖြင့် ခရက်ဒစ် Hello ဆရာဝန်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Mandale