BOBBY - Car Rental

BOBBY - Car Rental

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from BOBBY - Car Rental, Car rental, Taung Wine Road, Mawlamyine.

22/05/2023

Car Rental Service တစ်ခုက ပြောပြမယ့်
Road Trip တစ်ခုရဲ့ အားသာချက်နဲ့ အားနည်းချက်များအကြောင်း 🚙

Road Trip ဆိုတာ ရိုးရှင်းစွာပြောရရင် ကားနဲ့ခရီးသွားခြင်းဖြစ်ပါတယ်။ Express နဲ့လည်း ဖြစ်နိုင်သလိုကိုယ်ပိုင်ကား၊ အိမ်စီးကား လိုမျိုး နဲ့လည်းဖြစ်နိုင်ပါတယ်။

ဒီနေ့မှာ ကျွန်တော်က အိမ်စီးကား သီးသန့် နဲ့ခရီးသွားခြင်းရဲ့အားသာချက်၊ အားနည်းချက်တွေကို အနည်းငယ်စီပြောပြပေးသွားချင်ပါတယ်။

🔹ပထမ အားသာချက်အနေနဲ့
တခြားယာဉ်တွေအသုံးပြုတဲ့အခါ စိတ်အရှုပ်ရဆုံးဖြစ်တဲ့ Luggage တွေ၊ အိတ်တွေ အပ်ရ၊ ထုတ်ရတဲ့ အလုပ်တစ်ခုက သိသိသာသာကို လျော့သွားမှာဖြစ်ပါတယ်။ ကိုယ့်အိတ်ကို ဖိမိလို့၊ ပစ်ချလို့ အထဲက ပစ္စည်းတွေပျက်စီးသွားမလား ဆိုပြီး ပူပန်ရတဲ့သောကဒဏ် ကနေလည်း ကင်းဝေးနိုင်ပါတယ်။

🔹 နောက်အားသာချက်တစ်ခုကတော့
ကိုယ့်ကားနဲ့ကိုယ် ခရီးသွားတဲ့အခါ ကိုယ့်မိသားစုဝင်၊ ကိုယ့်သူငယ်ချင်းတွေနဲ့ပဲ တူတူသွားလာရတဲ့အတွက် ကိုယ်မသိတဲ့သူရဲ့ဘေးမှာထိုင်ပြီး ခံစားရမယ့် စိတ်မလုံခြုံမှု၊ သက်တောင့်သက်သာမရှိမှုတွေကနေလည်း ကာကွယ်နိုင်မှာဖြစ်ပါတယ်။

အားနည်းချက်များကတော့

🔻 ပထမဆုံးအနေနဲ့ ခရီးသွားတွေ အကြောက်ဆုံးဖြစ်တဲ့ လမ်းခရီးမှာ ကားရဲ့စက်ပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ အခက်အခဲဖြစ်ခြင်းပဲ ဖြစ်ပါတယ်။ အချိန်နှောင့်နှေးစေတယ်၊ စိတ်မသက်မသာဖြစ်စေတယ်၊ ဖြေရှင်းဖို့အတွက်လည်း ခက်ခဲနိုင်ပါတယ်။
📌 ဒါကြောင့် ခရီး မစတင်ခင်မှာ စက်ပိုင်းဆိုင်ရာကို စိတ်ချရအောင် စစ်ဆေးခဲ့ရမှာဖြစ်သလို၊ မမျှော်လင့်ထားတဲ့အခြေအနေအတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ လိုအပ်တဲ့ကိရိယာများယူဆောင်လာရမှာဖြစ်ပါတယ်။

🔻 ဒုတိယတစ်ခုကတော့ လမ်းကြောင်းမကျွမ်းကျင်တဲ့ခရီးသွားတွေမှာဖြစ်တတ်တဲ့အခက်အခဲတစ်ခုပါ။ လမ်းပျောက်ခြင်း နဲ့လမ်းမှားခြင်းပဲဖြစ်ပါတယ်။ GPS ဒါမှမဟုတ် လမ်းပြမြေပုံကို အသုံးပြုသင့်ပါတယ်။
📌 ဒီအခြေအနေအတွက် အတွေ့အကြုံရှိ၊လမ်းကြောင်းကျွမ်းကျင်သော ယာဉ်မောင်းရှိခြင်း က အကောင်းဆုံးအဖြေဖြစ်ပါတယ်။ ဒါ့အပြင် ယုံကြည်စိတ်ချရသောယာဉ်မောင်းရှိခြင်းကလည်း ခရီးစဉ်အတွင်းမှာကြုံတွေ့ရနိုင်တဲ့ အခက်အခဲအတော်များများကို ဖြေရှင်းပြီးသားဖြစ်စေပါတယ်။

🛎️ ဒီအချက်လေးတွေအပြင် ထပ်ရှိနိုင်တဲ့ အားသာချက်၊ အားနည်းချက်တွေကိုလည်း comment section မှာဝေမျှပေးကြဖို့ ဖိတ်ခေါ်ပါတယ်ဗျ။

🚙 မိတ်ဆွေတို့အနေနဲ့ ဒီအားသာချက်တွေကိုလည်း ရရှိနိုင်ပြီး၊ အားနည်းချက်တွေနဲ့ ပတ်သက်လို့လည်း ယုံကြည်စိတ်ချရတဲ့

🚙မော်လမြိုင်မြို့အခြေစိုက် ကျွန်တော်တို့ 'BOBBY - Car Rental' Service လေးရှိနေတာကိုလည်း အသိပေးလိုပါတယ်ဗျာ။

🚙 မော်လမြိုင်မှတဆင့် ရန်ကုန် ၊မန္တလေး၊ နေပြည်တော်၊ဘားအံ၊မြိတ်၊ထားဝယ်၊ကော့သောင်း စတဲ့မြို့များ သာမက မြန်မာနိုင်ငံအနှံ့ကားအငှားဝန်ဆောင်မှုပေးလျက်ရှိသော Car Rental Service တစ်ခုဖြစ်ပါတယ်။

🚙 BOBBY - Car Rental မှာ လမ်းခရီးတိုင်းအတွက် စိတ်ချရပြီး ဇိမ်ကျစေမယ့်၊ လုပ်ငန်းသုံးအတွက်လည်းအဆင်ပြေစေမယ့် ကားများဖြင့်သာ ကားအငှားဝန်ဆောင်မှု ပေးနေခြင်းဖြစ်ပါတယ်။

🚙 ထို့ပြင်
- အတွေ့အကြုံရှိသော
- လမ်းကြောင်းကျွမ်းကျင်သော
- ဖော်ရွေပြီး ယုံကြည်ရသော ယာဉ်မောင်းများကသာ ဝန်ဆောင်မှုပေးနေသောကြောင့် မိတ်ဆွေတို့အနေနဲ့ ယုံကြည်စိတ်ချစွာသွားလာနိုင်ပါတယ်။

ဒါကြောင့် ကားအငှားဝန်ဆောင်မှုနဲ့ ပတ်သက်ရင် 'BOBBY - Car Rental' ကိုသာ အမြန်ဆုံးဆက်သွယ်လိုက်ပါ။မိတ်ဆွေတို့စိတ်တိုင်းကျ ဝန်ဆောင်မှုပေးဖို့ အဆင်သင့်စောင့်ကြိုနေပါတယ်ခင်ဗျာ။

Contact us 👇
☎️ 09-425277255, 09-889977255
📲 page messenger

#ကားအငှားဝန်ဆောင်မှု

20/05/2023

မိုးရာသီ မရောက်ခင် ခရီးထွက်ဖို့ ပြင်ဆင်နေကြပြီလား ❓🙋🏻‍♂️

မကြာခင်မှာ မိုးရာသီကို ရောက်ရှိတော့မှာ ဖြစ်တဲ့ အတွက် ခရီးထွက်မယ်ဆိုရင် အခုချိန်က အသင့်တော်ဆုံးပါပဲနော် ။ 🌉

ခရီးထွက်တာက ဟုတ်ပါပြီ ခရီးလမ်းက လုံခြုံစိတ်ချရပမလား ၊ ခရီး စရိတ်စက များနေမလား ?🤔

ဒါတွေ တွေးပူနေတယ် ဆိုရင်တော့ ကျွန်တော်တို့ရဲ့ Bobby car rental ကိုသာအားကိုးလိုက်ပါ 🙋🏻‍♂️

🚙Bobby car rental မှာဆိုရင် ကျွမ်းကျင်တဲ့ ယာဥ်မောင်းများက စျေးနှုန်းသက်သာစွာဖြင့် မိတ်ဆွေတို့ စိတ်ကျေနပ်တဲ့ အထိ ဝန်ဆောင်မှုပေးမှာဖြစ်ပါတယ်💁🏻‍♂️

🚙ကျွန်တော်တို့ Bobby Car Rental ဟာဆိုရင် မော်လမြိုင်မြို့မှာတည်ရှိပြီးတော့ မော်လမြိုင်မှတစ်ဆင့် မြန်မာတစ်ပြည်လုံးအနှံ့ ဝန်ဆောင်မှုပေးလျက် ရှိပါတယ်။

မိတ်ဆွေတို့ သိတဲ့အတိုင်း မိုးရာသီမှာ ခရီးထွက်မယ်ဆိုရင် လေကြမ်းမိုးကြမ်းနဲ့ ခရီးပန်းတာမျိုးတွေ မဖြစ်အောင် မိုးမလာခင် ခရီးသွားထားမလား ? မိုးတွင်းမှာပဲ ခရီးသွားမလား စဉ်းစားရပြီပေါ့။

ဘယ်လိုအကြောင်းကြောင်းကြောင့်ပဲဖြစ်ဖြစ် ခရီးထွက်ဖို့ ကားလေးတွေ လိုအပ်လာပြီ ဆိုရင်တော့
09425277255 , 09889977255 တို့ကို

☎️ဖုန်းလေးသာဆက်လိုက်ပါ☎️ထူးခြားသစ်လွင်သော ခရီးစဥ်ဖြစ်စေရမယ် လို့အာမ ခံပါတယ်ခင်ဗျာ။

Want your business to be the top-listed Autos & Automotive Service in Mawlamyine?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Taung Wine Road
Mawlamyine
12011