Hyper Student
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hyper Student, Contractor, Mawlamyine.
30/04/2024
Dysphoria ဆိုတာကတော့ စိတ်ဖိစီးမှု နဲ့ အခြားလက္ခဏာတွေအတူတွဲပြီး ဖြစ်ပေါ်လာတဲ့ စိတ်အလိုမကျမှုတစ်မျိုးဖြစ်ပါတယ်။စိတ်ရောဂါအမျိုးမျိုးနဲ့ဆက်စပ်နေပြီး ဖြစ်ပွားသူတွေထဲက အချို့မှာတော့ စိတ်ဖိစီးတာမျိုး၊စိုးရိမ်မှုလွန်ကဲတာမျိုး နဲ့ စိတ်ဓာတ်ကျတာမျိုးတွေပါ ဖြစ်ပွားတတ်ပါတယ်။
DYSPHORIA ရဲ့ လက္ခဏာတွေကတော့ -
ငိုကျွေးခြင်း
စိတ်ပျော်ရွှင်မှုပေးနိုင်တဲ့ activities တွေကို စိတ်ပါဝင်စားမှုမရှိတော့ခြင်း
အစာစားချင်စိတ်မရှိခြင်း
အိပ်ရေးပျက်ခြင်း
ဒါ့အပြင် စိတ်ပျော်ရွှင်မှုမရှိခြင်း၊စိုးရိမ်ပူပန်ခြင်းတွေပါ ပါဝင်ပါတယ်။
Dysphoriaရဲ့လက္ခဏာတွေထဲမှာ relax မလုပ်နိုင်တာမျိုး၊တစ်စုံတစ်ခုကို လုပ်ဆောင်နေရင်းနဲ့ စိတ်ကျေနပ်မှုမရှိတော့တာမျိုး(ဉပမာ-အိမ်စာလုပ်နေရင်းနဲ့ဆက်မလုပ်ချင်တော့တာ၊အိမ်အလုပ်တွေလုပ်နေရင်းနဲ့ ထပ်မလုပ်ချင်တော့တာ)၊တစ်ခုခုလုပ်ဖို့ အာရုံစိုက်နိုင်စွမ်းမရှိတာမျိုးတွေ ပါဝင်နိုင်ပါတယ်။
(DYSPHORIA ခံစားနေရတဲ့လူတွေဟာ negative thoughts တွေပိုမိုတွေးတောနိုင်ပါတယ်)
DYSPHORIA ကဘာတွေကြောင့်ဖြစ်ပွားနိုင်လဲ။
စိတ်ဖိစီးမှု - ချစ်ရသူတွေကိုဆုံးရှုံးမှု၊စိတ်ဖိစီးမှုပေးနိုင်တဲ့လုပ်ငန်းခွင်ဒါမှမဟုတ်မိသားစုဝင်တွေ။
ကျန်းမာရေးအခြေအနေ - အာဟာရချို့တဲ့မှုလိုမျိုး အချို့ရုပ်ပိုင်းဆိုင်ရာ ရောဂါဝေသနာများ။
ဆေးဝါး - အချို့ဆေးတွေရဲ့ အကျိုးအာနိသင်တွေကြောင့် DYSPHORIA ဖြစ်ပွားနိုင်ပါတယ်။
30/04/2024
ကမ္ဘာ့ ပထမဆုံးရေခဲမုန့်💛
ရေခဲမုန့်ကို ပထမဦးဆုံး အသုံးပြုခဲ့ဖူးသူမှာ အနောက်နိုင်ငံမှ
အီတလီလူမျိုးများဖြစ်၍ ထိုမှတစ်ဆင့် ပြင်သစ်နှင့် ဗြိတိသျှ သို့ ကူးပြောင်းပြန့်နှံ သွားခြင်းဖြစ်သည်။ သို့သော် မူလ ရေခဲမုန့်လုပ်နည်းမှာ တရုတ်ပြည်မှ လာခြင်းဖြစ်သည်။ တရုတ်လူမျိုးများသည် နှစ်ပေါင်း သုံးထောင်ကျော်လောက်က
လိမ္မော်သီး ၊ရှောက်သီး စသော အသီးများမှ အရည်နှင့်
နှင်းခဲရည်များပါဝင်သော ရေခဲမုန့် ကိုပြုလုပ်ခဲ့ကြသည်။ အီတလီနိုင်ငံမှ ၁၃ ရာစုနှစ်အထိ ရေခဲမုန့်ဆိုသည်ကို ဘာမှန်းမသိကြသေးပေ။ စူးစမ်းရှာဖွေရေးသမားကြီး မာကိုပိုလိုသည် အရှေ့အာရှမှ အီတလီသို့အပြန်တွင် တရုတ်ပြည်မှ နွားနို့နှင့် ရောစပ်ထားသောရေခဲမုန့်လုပ်သည့် တရုတ််၏ နည်းကို ယူခဲ့သည်။
ထိုနည်းကိုယူခဲ့သည်မှာ ၁၇ ရာစုခေတ်လောက်ကဖြစ်ရာ အဂ်လိပ် နန်းတွင်း၌ ရေခဲမုန့် ခေတ်စားနေချိန်ဖြစ်သဖြင့် ပထမမြောက် ချားလ်ဘုရင်ကပင် သူ၏ထမင်းချက်သမားအား ထိုရေခဲမုန့် လုပ်နည်းကိုဘေးသို့မပေါက်ကြားစေရန်နှင့် တစ်နှစ်ကို မြန်မာငွေ ၂၆၀ကျပ်ပေးထားသည်ကို ဆိုပေသည်။
မှတ်ချက်။ ။မြန်မာငွေ ၂၆၀ကျပ်ဆိုသည်မှာ ဒီနေ့ခေတ်မြန်မာငွေကြေးမဟုတ်ပါ အရင်ခေတ် အရင်အခါက ငွေကြေး သာဖြစ်သည်။
28/04/2024
👁
27/04/2024
How?
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Mawlamyine