HTET English Language Academy

HTET English Language Academy

Share

Learn English. Have fun!

03/01/2026

Weekly Speaking Club ရဲ့ ပထမဆုံး ပြောကြမယ့် ခေါင်းစဉ်တွေကတော့ "Self-Introduction" နဲ့ "New Year's Resolutions" တို့ပဲ ဖြစ်ပါတယ်။ အင်္ဂလိပ်စကားပြော လေ့ကျင့်ချင်တဲ့သူတွေ မနက်ဖြန် 4.1.2026 (Sunday) ညနေ ၃ နာရီခွဲမှ ၄ နာရီခွဲအထိ HTET English Language Academy သင်တန်းနေရာ၊ အောင်သုခလမ်း၊ အနီးစခန်းကို လာခဲ့လို့ရပါပြီ။
Speaking Club နဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ အောက်က Post မှာဖတ်ပေးပါရှင့်။
https://www.facebook.com/share/p/1Gop3aYxBj/

29/12/2025

Discount ကာလ ကုန်ဆုံးဖို့ 2 ရက်ပဲလိုတော့တာမလို့ မြန်မြန်လေး စာရင်းသွင်းပေးကြပါရှင့်

လာမယ့် ဒီဇင်ဘာလ 1 ရက်နေ့က HTET English Language Academy ရဲ့ သုံးနှစ်ပြည့်နှစ်ပတ်လည်နေ့ဖြစ်တာမလို့ အမှတ်တရအနေနဲ့
2025 ခုနှစ် ဒီဇင်ဘာလ 1 ရက်နေ့မှ 31 ရက်နေ့အတွင်း (Level အားလုံး၊ အတန်းအားလုံးအတွက်) သင်တန်းအပ်သူ ကျောင်းသား/သူတိုင်း အတန်းတစ်ခုစာ စာအုပ်ဖိုး 2 သောင်းခွဲကျပ် ‌Discount ရရှိမှာဖြစ်ပါတယ်။ (ပုံမှန်စာအုပ်ဖိုး 3 သောင်းခွဲကျပ်ပါ)
တက်လို့ရတဲ့အတန်းတွေ၊ သင်တန်းလစာနဲ့ ရက်၊ အချိန်တို့ကိုသိချင်ရင်တော့ 09444222599/09776306015 တို့ကိုဆက်သွယ်လို့ရပါတယ်ရှင့်။

28/12/2025

အနီးစခန်းနဲ့အနီးတဝိုက်မှ အင်္ဂလိပ်စကားပြောလေ့ကျင့်ချင်သူများအတွက်
Weekly Speaking Club
အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ညနေ ၃ နာရီခွဲမှ ၄ နာရီခွဲအထိ ပြင်ဦးလွင်မြို့၊ အနီးစခန်းမှာရှိတဲ့ HTET English Language Academy သင်တန်းမှာ အင်္ဂလိပ်စကားပြောလေ့ကျင့်ကြမယ့် အစီအစဉ်လေးရှိပါတယ်။ 2026 ခုနှစ် ဇန်နဝါရီလ 4 ရက်နေ့မှာ စမှာ ဖြစ်ပါတယ်ရှင့်။
အင်္ဂလိပ်စကားပြောထွက်ဖို့ခက်ခဲနေသူတွေ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုလိုအပ်နေသူတွေ၊ စကားပြော‌ လေ့ကျင့်ဖို့အခွင့်အရေးရှာေနသူတွေအတွက်ရည်ရွယ်ပါတယ်။ လောလောဆယ် Beginner ကနေ Pre-intermediate Level ဝန်းကျင်လောက်ရှိရင် စပြီးပါဝင်လို့ရပါပြီ။ (တခြား level အမြင့်တွေက ပါဝင်ချင်သူတွေရှိရင်လည်း ဆက်သွယ်ပေးပါရှင့်)
Speaking Club Member ဖြစ်ဖို့ လိုအပ်ချက်တွေကတော့
📌ဆယ်ကျော်သက်အရွယ် (၁၂/၁၃နှစ်) မှစပြီး အသက်အရွယ်မရွေး ပါဝင်လို့ရပါတယ်။ အနည်းဆုံး General English Beginner Level ရှိရပါမယ်။
📌အနီးစခန်းမှာရှိတဲ့သင်တန်းနေရာကို လူကိုယ်တိုင်လာနိုင်ရပါမယ်။
📌တစ်နှစ်စာ Membership Fee တစ်သောင်းကျပ် သွင်းရပါမယ်။ (တစ်နှစ်လုံးမှ တစ်သောင်းကျပ်ပါ။ Commitment ရှိစေဖို့ ရည်ရွယ်ပါတယ်)
📌ယခု လက်ရှိ HTET English Language Academy မှာတက်နေတဲ့ ကျောင်းသား၊သူတွေ ကတော့ Membership Fee ပေးစရာမလိုပါ။
📌အရင်က သင်တန်းတက်ဖူးတဲ့ကျောင်းသား၊သူဟောင်းတွေကတော့ Membership Fee ငါးထောင်ကျပ်ပဲ သွင်းရပါမယ်။

အသေးစိတ်ထပ်သိချင်တာရှိရင်လည်း HTET English Language Academy messenger မှာ မေးမြန်း စုံစမ်းပေးပါရှင့်။

Want your school to be the top-listed School/college in Maymyo?
Click here to claim your Sponsored Listing.

Category

Website

Address


Aungthukha Street, Anisakhan
Maymyo